Thursday, July 16, 2015

Toshiba Mini 360 Duo Flash Drive ( OTG )



ချစ်စရာကောင်းတဲ့ Design လေးနဲ့ အတူ အသုံးပြုသူ အဆင်ပြေစေမယ့် အရည်အသွေးများနဲ့ Japan Brand Toshiba ရဲ့ Mini 360 Duo Flash Drive (OTG) ဖြစ်ပါတယ် ။ အရွယ်အစားသေးငယ် ပေမယ့် သိပ်သည်း ကျစ်လစ်တဲ့ ကိုယ်ထည်နှင့် ပြုလုပ်ထားပါတယ် ။ USB 3.0 အမြန်နှုန်း အမျိုးအစား ဖြစ်တာကြောင့် Data များ ကူးယူ ပေးပို့မှုမြန်ဆန်ပြီး USB 3.0 Port တွင်သာမက အခြား USB 2.0 , USB Port များတွင် လည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ Windows, Linux နှင့် Mac OS အသုံးပြုသော မည်သည့် PC နှင့် Notebook များတွင် မဆို ချိတ်ချက်အသုံးပြုနိုင်ပါတယ် ။ Mini 360 Duo ရဲ့ တဖက်မှာ သာမာန် USB တွေမှာ အသုံးပြုမယ့် USB ခေါင်းဖြစ်ပြီး ကျန်တစ်ဖက်မှာကတော့ Smartphone , Tablet များတွင် အသုံးပြုနိုင်တဲ့ mini USB ခေါင်း ပါဝင်ပါတယ် ။

On The Go ( OTG ) နည်းပညာကို ထောက်ပံ့ ပေးတဲ့ မည်သည့် Smartphone ၊ Tablet နှင့် Mobile ပစ္စည်းအမျိုးအစား နှင့်မဆို တိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် PC ထဲမှ အချက်အလက် များကို Phone ၊ Tablet များအတွင်းသို့ အလွယ်တကူ ကူးယူနိုင်မှာ ဖြစ်သလို Mino 360 Duo ကို ချိတ်ဆက်ပြီး Video ၊ Photo များကို တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ Windows PC အသုံးပြုသူများ အတွက် Mino 360 Duo အတွင်း အသင့် ပါဝင်သော Password Protection Software နှင့် Data များကို စိတ်ချမှု ရှိစေရန် Lock ပြုလုပ်ထားနိုင်ပါတယ် ။ အပြာ ၊ လိမ္မော် ၊ အပန်း နှင့် အနက် အရောင် အသွေး (၄) မျိုးရှိပြီး Lifetime Warranty ပါဝင်တဲ့ Toshiba Mini 360 Duo Flash Drive(OTG)  8GB ကို စျေးနှုန်း ၈,၅၀၀ ကျပ် ဖြင့်လည်းကောင်း ၊ 16GB ကို စျေးနှုန်း ၁၀,၀၀၀ ကျပ်ဖြင့် လည်းကောင်း KMD Sales Centre များတွင် ဝယ်ယူ ရရှိနိုုင်ကြောင်း သိရပါတယ်။

No comments: