Monday, July 13, 2015

Mell App တွင် မေးခွန်များမေးမြန်းပြီး ကံစမ်းမဲအစီအစဉ်တွင် ပါ၀င်နိူင်


မိမိအမြင်များကိုပွင်းလင်းစွာ မေးမြန်း ဆွေးနွေးနိူသည့် Mell App မှာလစဉ်လတိုင်း ရင်ခုန်စိတ်ဝင်စားစရာ lucky draw အစီအစဉ်တွေ ကိုကျင်းပပြုလုပ်ပေးနေပြီးဖြစ်သည်။July လတွင်လည်း စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ် များကို social Media တွင် အသုံးပြုနေကျ Facebook နှင့် တွဲဖက်ပြီး ကံစမ်းမဲ အစီအစဉ်တွင်  ပါ၀င်နိူင်အောင်ရန် ပြုလုပ်ထားပါသည်။
Mell App ၏ July လအတွက် Hottest Question Campaign နှင် ့ပါတ်သက်၍ ယင်း App ၏ ပြောရေးဆိုခွင့် ရှိသူ ကိုအောင်စည်သူကျော်မှ “ ကျွန်တော်တို ့ရဲ့ Campaign ကရိုးရှင်းပါတယ်။လက်ရှိ Mell User များအနေနှင့် အဆင့်သုံးမှ စတင်အသုံးပြုနိူင်ပါသည်။


ပထမဆုံး အနေနဲ့ Mell App ကို ဖုန်းထဲမှာ install လုပ်လိုက်ပါ။ ဒုတိယ အဆင့်မှာ Mell App ကို run ပြီး Register လုပ်ရမှာပါ။တတိယအဆင့်မှာ Mell ရဲ့ ဘယ်ဘက် menu ထဲက Ask ကို ရွေးပြီး စိတ်ဝင်စားစရာ မေးခွန်းတစ်ခုကို မေးလိုက်ပါ။နောက်တဆင့်အနေနဲ ့ ဘယ်ဘက် menu ထဲကနေပဲ Profile ဆိုတာကို ရွေးလိုက်ပါ။ မိမိရဲ့ profile page ကို ဖုန်းနဲ့ screenshot ရိုက်လိုက်ပါ။  ဒီ screenshot photo နဲ့ အတူ စိတ်ဝင်စားစရာ post လေးတစ်ခုရေးပြီး မိမိရဲ့ facebook profile မှာ post တင်လိုက်ပါ။ Mell app ရဲ့ page ကို tag လုပ်လိုက်ဖို့တော့ လိုတာပေါ့။ဒီပို့စ်တွေထဲက like & share အများဆုံးရတဲ့ Mell account ပိုင်ရှင်ကို July လရဲ့ ပထမအပတ်ထဲမှာ လက်ဆောင်ဆုတွေ ပေးသွားမှာပါ။ ဆုတွေကတော့ ၅,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ တန်ဖိုးရှိတဲ့ CityMart gift card ဒါမှမဟုတ် ဖုန်းငွေဖြည့်ကဒ်တွေ ပါမှာပါ။ ဆုပေါင်း ၃၀ ကျော် ပေးမှာမို့လို့ စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းလေးတွေ မေးပြီး ဒီအစီအစဉ်မှာ ပါဝင်နိူင်ပါတယ် “ ဟုပြောသည်။

Mell App သည် မိမိအမြင်နှင့် မိမိသိရှိလိုသော Social Media မှသတင်းများ ကို ယင်း App ပေါ်တွင် ပွင့်လင်းစွာ ပြောဆိုဆွေးနွေးနိူင်ပြီး ၊ အသုံးပြုသူများ လွယ်ကူစွာ အသုံးပြုနိူင်ရန် အင်္ဂလိပ် ၊ မြန်မာ ဘာသာစကားနှစ်မျိုး အသုံးပြုနိူင်သည်။မြန်မာ ဘာသာတွင်လည်း ယူနီဂုတ် ၊ ဇော်ဂျီ နှစ်မျိုးလုံးဖြင့် အသုံးပြုနိူင်သည်။

No comments: