Wednesday, July 8, 2015

Ads.com.mm မှ ကြော်ငြာများကို Facebook စာမျက်နှာနဲ့ ချိတ်ဆက်၍ တိုက်ရိုက်ကြော်ငြာနိူင်




မြန်မာပြည်၏အခမဲ့ကြော်ငြာအွန်လိုင်းကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.Ads.com.mm  မှ ယင်း ၀က်ဘ်ဆိုက်အတွင်းလာရောက်ကြော်ငြာသည့် ကြော်ငြာများကို ပိုမိုကျယ်ပြန့်နိူင်မည့် အစီအစဉ်ထပ်မံ ထည့်သွင်းမိတ်ဆက်သည်။ ယင်းမှာ မိမိကြော်ငြာသည့် ကြော်ငြာများကို Facebook စာမျက်နှာတွင် တိုက်ရိုက် ကြော်ငြာနိူင်လေသည်။

“အခုဆိုရင် ကြော်ငြာတွေကို Facebook ကနေတိုက်ရိုက် Sharing လုပ်နိုင်ပါပြီ။ Facebook မှာပုံမှန် Post တစ်ခုကို Share လုပ်သလိုပါပဲ။ ကိုယ် Sharing လုပ်ချင်တဲ့ ကြော်ငြာကိုဝင်၊ ကြော်ငြာမျှဝေမည်ဆိုတဲ့ ခလုတ်ကိုနှိပ်၊ ပြီးရင် Facebook Logo ကိုနှိပ်ရပါမယ်။ အဲ့ဒီအခါကျရင် Facebook Account ရဲ့ User Name နဲ့ Password ရိုက်ထည့်ပြီး Login လုပ်ရပါမယ်။ ပြီးသွားရင်တော့ ပုံမှန် Post တစ်ခုတင်သလို Status ရေးပြီး ကိုယ့်ရဲ့ Timeline မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ Timeline မှာပဲဖြစ်ဖြစ်၊ Group တစ်ခုခုမှာ ပဲဖြစ်ဖြစ် Share နိုင်ပါတယ်။” ဟု Head Of Public Relations ဖြစ်သူ Mr. Elijah Htang မှ ပြောသည်။
“နောက်ပိုင်းကျွန်တော်တို ၀က်ဘ်ဆိုက်ကနေ လူတွေအတွက်ပိုပြီးအကျိုးရှိပြီး ကျယ်ပြန် ့တဲ့ ကြော်ငြာတွေ ဖြစ်လာအောင် Social  poll တွေ ဖြစ်တဲ ့Viber , whatapp  တို ့ကနေတဆင့်ကြော်ငြာနိူင်အောင်လဲ ကျွန်တော်တို ့ စီစဉ်နေပါတယ်။ပိုမိုကျယ်ပြန် ့တဲ ့ နယ်ပါယ်ကနေ လူတိုင်းအကျိုးအမြတ်ကိုအပြည့် အဝခံစား ရရှိနိူင်အောင် ကျွန်တော်တို ့အမြဲ လုပ်ဆောင်နိူင်ပါတယ်။ကျွန်တော်တို ့ဝက်ဘ်ဆိုက်ကို အကြံပြု ချင်တယ်ဆို ရင် Facebook စာမျက်နှာက နေသော်လည်းကောင်း viber ကနေသော်လည်းကောင်း မေးမြန်း ဆွေးနွေး နိူင်ပါတယ် “  ဟု Country Manager ဖြစ်သူ Mr. Nico Poma မှပြောသည်။
မြန်မာပြည်၏  အွန်လိုင်းအသုံးပြုမူတွင် Facebook အသုံးပြုမူမြင့်တတ်လာမူကြောင့် အွန်လိုင်းစီးပွားရေး လုပ်ဆောင်မူများတွင် ယင်းနဲ ့ချိတ်ဆက်ကာ အသုံးပြုနိူင်သည့် ၀န်ဆောင်မူများကိုပိုမိုထည့် သွင်း လာကြ ကြောင်းကိုတွေ ့ရှိလာရသည်။(၂၀၁၅) နောက်ပိုင်းတွင် မြန်မာပြည်တွင်း facebook အသုံးပြုသူပေါင်း (၄) သန်း (၂) သိန်း ခန် ့မြင့်တတ်လာကြောင်းစစ်တမ်းများတွင်ဖော်ပြထားသည်။နောက်ပိုင်းတွင်လည်း  အွန်လိုင်း လုပ်ငန်းများတွင် Social community  သည် အလွန်အရေးပါသော အခန်းတွင် ပါ၀င်လာနိူင်ကြောင်း အွန်လိုင်း ကျွမ်းကျင်သုံးသပ်သူများမှ မှတ်ချက်ပြုထားကြလေသည်။



No comments: