Monday, February 29, 2016

နွေဦးပေါက်ရာသီတွင် ရေခဲသေတ္တာနှင့်အဲကွန်း ပစ္စည်းများ တပါတ်ရစ်စျေးကွက်အတွင်း ရောင်းအားမြင့်တတ်လာ



မြန်မာပြည်၏ နွေဦးကာလတွင်        တပါတ်ရစ်အွန်လိုင်းစျေးကွက်အတွင်း လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းအားမြင့်တတ်လာကြောင်း အခမဲ့ကြောြ်ငာဝက်ဘ်ဆိုက်ဖြစ်သည့် www.ads.com.mm မှသတင်းထုတ်ပြန်သည်။

myME ဒီဂျစ်တယ်ပညာရေး အစီအစဉ် ၂၀၁၆ နှစ်ကုန် တွင် ကျောင်းသား ၃၅၀၀ အထိ ရောက်ရှိနိုင်မည်


myME ဒီဂျစ်တယ်ပညာရေး အစီအစဉ် ၂၀၁၆ နှစ်ကုန်တွင် ကျောင်းသား ၃၅၀၀ အထိ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။Telenor မှ ၀၉၇၇ ဖြင့် စသော အထူးနံပါတ်များကို လေလံတင်ရောင်းချသွားမည် ဖြစ်ရာ ယင်းမှ ရရှိ သောအကျိုးအမြတ် များကို myME မှတစ်ဆင့် ဒီဂျစ်တယ်ပညာရေး အစီအစဉ်ကို လှူဒါန်း
သွားမည်ဖြစ်ကြောင်း သိရ သည်။

Mobile Team ဖျက်သိမ်းပြီး နောက်ပိုင်း ITC ကတ်နှင့ ်ကုန် သွယ်မှုလျော့ကျလာပြီး တရားမဝင်ကုန်သွ ယ်မှု တိုးလာမည်ဟု ခန်မှန်း


Mobile Team ဖျက်သိမ်းပြီး နောက်ပိုင်း ITC ကတ်နှင့်ကုန်
သွယ်မှုလျော့ကျလာပြီး တရားမဝင်ကုန်သွယ်မှု တိုးလာမည်ဟု
ခန်မှန်းနေကြကြောင်းသိရသည်။

Work.com.mm ဝဘ်ဆိုဒ်မှ တက္ကသိုလ်ဝင်စာမေ းပွဲဖြေဆိုပြီးသူများနှင့့်် ဘွဲ့ကြိူကျော င်းသားများအတွက်ပညာပေးသင်တန်းများ ပို့ချေ ပးသွားမည်


လာမည့်၂၀၁၆ခုနှစ်
မတ်လ၉ရက်နေတွင်တက္ကသိုလ်ဝင်စာမေးပွဲများစတင်စစ်ဆေးသွားတော့မည်ဖြစ်ပြီး ယင်းစာမေးပွဲကြီးတွင်ဝင်
ရောက်ဖြေဆိုရန်တနိုင်ငံလုံးတွင်စာရင်းသွင်းလျှောက်ထားသူပေါင်း ၆၇၀၀၀၀
ခန့်ရှိေကြောင်းသိရသည်။အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကြီးးတွင်ပါဝင်ဖြေဆိုခဲ့ကြသည့်ကျောင်းသား လူငယ်များအတွက်လိုအပ်မည့််ပညာပေးအစီအစဉ်များကို work.com.mm အလုပ်အကိုင်ရှာဖွေရေး website မှပညာရေးအတိုင်အပင်ခံဝန်ဆောင်မှုသင်တန်းများနှင့်ပူးပေါင်းကာ အခမဲ့ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Thursday, February 18, 2016

အွန်လိုင်းကြော်ငြာများ၏ (၈၀) ရာခိုင်နူန်းခန့်ကို မိုဘိုင်းဖုန်းကိုအသုံးပြု၍ ရောင်းချလာကြောင်း www.ads.com.mm ထုတ်ပြန်


မြန်မာပြည်၏အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှ ယင်းဝက်ဘ်ဆိုက် အသုံးပြုသူများ အတွင်းမှ (၈၀) ရာခိုင်နူန်းမှာ မိုဘိုင်းဖုန်းဖြင့်သာ ဝင်ရောက် ကြည့်ရူလာကြလေသည်။(၂၀၁၅) ခုနှစ် ဇွန်နာဝါရီလမှာ မိုဘိုင်းဖြင့်အသုံးပြုသူ (၅၀) ရာခိုင်နူန်းသာရှိပြီး အောက်တိုဘာလမှ စတင်၍ ( ၈၀) ရာခိုင်နူန်းအထိ အရှိန်အဟုန်ကောင်းစွာဖြင့် အသုံးပြုသူများ များပြားလာကြောင်းကို သတင်းထုတ်ပြန်ထားပါသည်။

အလိုအလျောက်အင်တာနက် Setting ချိန်ခြင်းကိုစတ င်အသုံးပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းမှ ကြေညာ


အလိုအလျောက်အင်တာနက် Setting ချိန်ခြင်းကိုစတင်အသုံးပြုနိုင်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာလိုက်သည်။ လက်ရှိ MPT ဆင်းမ်ကတ်အသုံးပြုသူများအနေဖြင့် ဖုန်းပိတ်ခြင်း၊ ပြန်ဖွင့်ခြင်း ဖြင့်အင်တာနက် Setting အလိုအလျှောက် ရယူနိုင်ကြောင်း၊ လက်ကိုင်ဖုန်းအသစ်လဲသော MPT ဆင်းကတ်လက်ရှိ အသုံးပြုနေသူများအတွက်မူ စာတိုတစ်စောင်ပေးပို့သွားမည်ဖြစ်ပြီး ယင်းကိုရရှိပါက အသုံးပြုနိုင်ပြီးဖြစ်ကြောင်း၊ အဆိုပါ စာတိုတွင် ပါ၀င်သည့် စာသားအတိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ မိမိ၏ မိုဘိုင်းဖုန်းတွင် APN Setting ချိတ်ဆက်ခြင်းအလိုအလျှောက်ရရှိရန်ဆောင်ရွက်လိုက်ခြင်းဖြစ် သည်။ အဆိုပါဆောင်ရွက်ချက်ကို ဖေဖေါ်ဝါရီလ ၁၆ ရက်မှစတင်ကာ ပြုလုပ်နိုင်မည်ဖြစ်သည်။ယင်းအပြင်
မြန်မာနိုင်ငံတစ်ဝန်းတွင် MPT အရောင်းဆိုင်ပေါင်းရှစ်သောင်းကျော်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ မတ်လကုန်မတိုင်မီအထိ MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရောင်းပြခန်းများတွင် ကတ်ပျောက်/ ကတ်ပျက်စီးမှုများ ပြန်လည်လျှောက်ထားနိုင်သည့် ဝန်ဆောင်မှုအပါအဝင် အခြားသော လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေစနစ် မဖွံ့ဖြိုးခြင်းက အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးမှုအတွက်အကျပ်အတည်းဖြစ်



ဘဏ်များမှချမှတ်ပေးနိုင်သော စီမံကိန်းချေးငွေ များမရှိခြင်းဟာ အိမ်ယာပိုင်ဆိုင်မှု ပမာဏနည်းပါးခြင်းအတွက် အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပါတယ်။

Facebook အသုံးပြုမူကြောင့် ညအိပ်ရေးပျက်သူပိုမိုများပြားလာ


အိပ်ရေးမဝရခြင်းအကြောင်းအရင်းဟာ Facebook လိုမျိုး လူမှုကွန်ရက်တွေ အပါအဝင် အွန်လိုင်းအသုံးပြုများတာနဲ့ ဆက်စပ်မှုရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် Irvine မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Tuesday, February 9, 2016

အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများပိုမို ဖန်တီးပေးရန်လိုအပ်ကြောင်း work.com.mm မှဆို



မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်အနေဖြင့်၂၀၁၆ခုနှစ်ဇန်နဝါရီလမှဖေဖော်ဝါရီလပထမပတ်အတွင်းပြည်တွင်းပြည်ပလုပ်ငန်း၃၈ခုအားလုပ်ကိုင််ခွင့်ပြုခဲ့ရာတွင်ရာနှုန်းပြည့်နိုင်ငံခြာသားရင်းနှီးမြှုုပ်နှံမူလုပ်ငန်း၁၇ခု၊မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမူဆယ်ခုနှင့်ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆယ်ခုဖြစ်ေကြောင်းထုတ်ပြန်ထားသည်။ယင်းကဲ့သို့ခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှု၃၈ခုမှလည်းပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်းသောင်း ခြောက်ထောင်ကျော်ဖန်တီးပေးနိုင်ခဲ့ကြေင်းလည်းထုတ်ပြန်ချက်အရသိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများမှ ဖန်တီးပေးနိုင်ခဲ့သောအလုပ်အကိုင်များတွင်ပြည်ပရင်းနှီးမှုလုပ်ငန်းများပါ၀င်လာမှုကြောင့်အလုပ်သင် (internship)အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပွင့်လန်းလာမည်ဟုwork.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ခန့်မှန်းထားသည်။

စျေးနှုန်းချိုသာခြင်းနှင့် ရွေးစရာများပြားခြင်းကြောင့် မြန်မာနိုင်ငံတွင် တပတ်ရစ်ကားများ အရောင်းသွက်ခြင်းဖြစ် တပတ်ရစ်ကားများအား ကြိုက်နှစ်သက်ရသည့်အကြောင်းအရင်းကို Carmudi ၏ စျေးကွက်များတွင် လေ့လာခဲ


မြန်မာနိုင်ငံတွင် ကားအသစ်များထက် တစ်ပတ်ရစ်ကားများမှာ ပိုမိုလူကြိုက်များ အရောင်းသွက်လျက်ရှိ သည်။ Motors.com.mm ၏ လေ့လာမှုအရ ပြည်တွင်းတွင် ရောင်းချနေသောကားများ၏ ၉၂ ရာခိုင်နှုန်းမှာ တပတ်ရစ်ကားများဖြစ်ပြီး မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) ၏ အဆိုအရလည်း ပြည်တွင်းသို့ မော်တော်ယာဉ်တင်သွင်းမှု၏ (၉၉) ရာခိုင်နှုန်းမှာ တပတ်ရစ်ကား များဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
Motors.com.mm ၏ မိခင်ကုမ္ပဏီဖြစ်သည့် နိုင်ငံတကာအွန်လိုင်းကားအရောင်းအဝယ်စျေးကွက် Carmudi ၏ ဖွံ့ဖြိုးဆဲကားစျေးကွက်များအပေါ် လေ့လာမှုအရ ၆၅ ရာခိုင်နှုန်းသော ကားရှာဖွေသူများသည် လာမည့် တစ်နှစ်အတွင်း ကားအသစ်ဖြစ်စေ၊ တစ်ပတ်ရစ်ကားဖြစ်စေ ၀ယ်ယူရန် အစီအစဉ်ရှိပြီး အာရှနိုင်ငံများ တွင်မူ ကားဝယ်ယူလိုအား ရ၂ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရသည်။
တစ်ပတ်ရစ်ကားများ ၀ယ်လိုအားမြင့်နေခြင်း၏ နောက်ကွယ်မှ အကြောင်းအရာကို လေ့လာမှုများပြုလုပ် ရန်အတွက် နိုင်ငံတကာအွန်လိုင်းကားစျေးကွက် Carmudi ၏ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စျေးကွက်များမှ ရွေးချယ် ထားသော ကားရှာဖွေသူ/၀ယ်သူများအား စစ်တမ်းကောက်ယူမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်တမ်းတွင် တစ်ပတ်ရစ်ကားကို ရွေးချယ်မှုများရခြင်း၏ အကြောင်းအရင်းများ၊ ရောင်းချသည့် စျေးအမျိုးအစားများ၊ သဘာဝပတ်ဝန်းကျင်အပေါ် ထည့်သွင်းစဉ်းစားမှုများ စသဖြင့် ပါ၀င်သည်။
အဆိုပါလေ့လာမှုအရ မြန်မာနိုင်ငံရှိ ကားဝယ်မည့်သူ ၃၈ ရာခိုင်နှုန်းက တစ်ပတ်ရစ်ကားဝယ်ယူရခြင်း၏ အရေးအကြီးဆုံးအကျိုးကျေးဇူးမှာ စျေးနှုန်းချိုသာခြင်းကြောင့် ဖြစ်ကြောင်း ဖြေဆိုကြသည်။ ရွေးချယ်ဝယ်ယူစရာ များပြားခြင်းကြောင့် တစ်ပတ်ရစ်ကားများကို ၀ယ်ယူလိုခြင်းဖြစ်သည်ဟု ဖြေဆိုသူ ၂၃ ရာခိုင်နှုန်းက မှတ်ချက်ပေး ကြပြီး ၁၇ ရာခိုင်နှုန်းမှာမူ အခွန်နှင့် မော်တော်ယာဉ်မှတ်ပုံတင်ခ သက်သာခြင်းကြောင့် ဟုဖြေဆိုကြသည်။
၀ယ်ယူနိုင်သည့်အနေအထားရှိမှုနှင့် ရွေးချယ်စရာများပြားမှုတို့ကို ပိုမိုအာရုံစိုက်လာခြင်းက အရှေ့တောင် အာရှနိုင်ငံများရှိ ကားတင်သွင်းမှုအပေါ် ကြီးကြီးမားမားသက်ရောက်မှု ရှိနေသည်။ အဆိုပါ စျေးကွက်တောင်းဆို ချက်အသစ်ကြောင့် ကားရှာဖွေဝယ်သူများအနေဖြင့် ကားမော်ဒယ်အများအပြားကို ရွေးချယ်နိုင်ကြကြောင်း ဖော်ပြ နေသည်။
မြန်မာ့တစ်ပတ်ရစ်ကားစျေးကွက်နှင့်စပ်လျဉ်း၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် တစ်ပတ်ရစ်ကားစျေးကွက်က အရမ်းကိုလိုက်ဖက် မှုရှိပါတယ်။ ဒါပေမယ့် အခြားနိုင်ငံနဲ့ ပြည်တွင်းက အဟောင်းဆုံးကားတွေကိုပဲ သုံးစွဲနေရတာမျိုး မဖြစ်အောင် တော့ သတိပြုသင့်တယ် ထင်ပါတယ်။ ယခု ၂၀၁၆ ခုနှစ်ကားမူဝါဒအသစ်က ကားတွေကို ၂၀၀၆ ခုနှစ်မော်ဒယ် နောက်ဆုံးထားပြီး သွင်းရမှာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေ သက်တောင့်သက်သာရှိပြီး ကြံခိုင်မှုပိုင်းမှာလည်း ပိုမိုစိတ်ချရတဲ့ မော်ဒယ်မြင့်ကားတွေ စီးကြရတော့မှာ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ Model Year တိုးမြင့် သတ်မှတ်လိုက်တဲ့အတွက် ဆိပ်ကမ်းရောက် CIF တန်ဖိုးကိုတော့ ကားဝယ်စီးမယ့်သူတွေ အဆင်ပြေအောင် အထိုက်အလျှောက် လျော့ချပေးဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ အိမ်စီးကားနဲ့ အများပြည်သူသုံးမော်တော်ယာဉ် အသုံးပြုမှုမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ အထူးသဖြင့် ဝေးလံပြီး သွားလာရခက်ခဲတဲ့ဒေသတွေမှာ မော်တော် ယာဉ်အသုံးပြုနိုင်မှုက အရမ်းကို နည်းပါးနေပါသေးတယ်။ ဒါ့ကြောင့် မော်တော်ယာဉ်တွေ ထပ်မံတင်သွင်းဖို့လိုအပ် သလို တည်ငြိမ်တဲ့ ကားစျေးကွက်တစ်ခု ဖြစ်လာဖို့လည်း အရေးကြီးပါတယ်။ ” မှတ်ချက်ပြု ပြောကြားသည်။

Monday, February 8, 2016

Ads.com.mm မှ Instruction Video များဖြင့်ဝက်ဘ်ဆိုက်အသုံးပြုလွယ်ကူစေရန်စီစဉ်နေ


မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm  မှ ယင်းဝက်ဘ်ဆိုက်အသုံးပြုသူများနှင့် ယင်းဝက်ဘ်ဆိုက်အတွင်းပါဝင်သည့် Feature များကို အလွယ်တကူသိရှိအသုံးပြုတတ်စေရန်အတွက် Instruction video များကို စတင်အသုံးပြုနိူင်တော့်မည်ကို သတင်းထုတ်ပြန်ထားသည်။
ကျွန်တော်တို ့ဝက်ဘ်ဆိုက်ရဲ့ အသုံးပြုသူတွေပိုမိုနားလည်စေနိူင်မယ့် Feature တွေကိုကျွန်တော်တို ့တဖြည်းဖြည်းခြင်း ထည့်သွင်းလာပါတယ်။ဒီလိုထည့်သွင်းထားတဲ ့feature တွေကိုနားမလည်သေးတဲ့လူတွေအတွက် Instruction Video ကိုထည့်သွင်းလာရခြင်းဖြစ်ပါတယ်။ ဘယ်လို Register လုပ်ရမလဲ ၊ ကြော်ငြာတင်နည်းတွေ ၊ facebook ကနေတဆင့် Login လုပ်ရမယ့်ပုံစံတွေ email ကနေ Loginဝင်ရမယ့် ပုံစံတွေနဲ ့ ၊ ကိုယ့်ရဲ ့ကြော်ငြာတွေကို လက်ရှိလူကြိုက်များနေတဲ ့social App တွေမှာ ဘယ်လိုShare မလဲ ၊ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကိုဘယ်လိုရှာရမလဲ ၊ ရောင်းသူနဲ ့ဘယ်လိုဆကမလဲဆိုတဲ့နည်းလမ်းတွေ ၊ ပစ္စည်းဝယ်ချင်ရင် ဘယ်လိုပစ္စည်းတွေ စုပြီးထားရမလဲဆိုတဲ ့Like feature တွေကိုဘယ်လိုအသုံးပြုနိူင်မလဲဆိုတဲ့ အပြင် ကိုယ့်ကြော်ငြာတွေကို ဘယ်လိုစီစဉ်ရမလဲဆိုတဲ ့ Video လေးတွေကို သေးစိတ်ပြုလုပ်သွားဖို ့စီစဉ်နေပါတယ်။ အသုံးမပြုတတ်သေးတဲ ့လူတွေအတွက်လဲ  ဒီဝက်ဘ်ဆိုက်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို အလွယ်တကူ နားလည်သဘောပေါက်အောင်ပြုလုပ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို ့Instruction  Video ကို  မြန်မာဘာသာနှင့်ပြုလုပ်သွားမှာဖြစ်ပြီး ၊ ကျွန်တော်တို ့ရဲ့ ဝက်ဘ်ဆိုက်နှင့်Facbook page နှင့် beetalk တို ့မှာလွယ်လင့်တကူလေ့လာနိူင်ဖို ့အတွက် ပြုလုပ်ပေးသွားမှာပါ။နောက်ပိုင်းဆိုရင် အသုံးပြုသူတွေသာမက ဝင်ရောက်ကြည့်ရူဝယ်ယူလိုသူတွေအတွက် ပိုမိုအဆင်ပြေမယ့် feature တွေကိုထည့်သွင်းသွားမှာပါ ဟု www.ads.com.mm  ၏ Country Director ဖြစ်သူ Mr . Nico Poma မှပြောသည် ။
www.ads.com.mm  သည် မြန်မာပြည်တွင် (၂၀၁၂) မှာ စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်အတွင်းရှိ တပါတ်ရစ်စျေးကွက်အတွင်း  လူကြိုက်များသည်အွန်လိုင်းစျေးကွက်တစ်ခုဖြစ်သည်။လက်ရှိတွင် ယင်းဝက်ဘ်ဆိုက်အတွင်း တစ်နေ ့ပျှမ်းမျှ (၇၀၀၀) ခန့်မှ ဝင်ရောက်အသုံးပြုကြည့်ရူပြီး တလအတွင်း ကြော်ငြာအသစ်ပေါင်း ( ရ၀၀၀) ကျော်ခန် ့ကို အသုံးပြုသူဘက်မှရောင်းချလာကြောင်းကိုတွေ ့ရှိရလေသည်။ ယင်းဝက်ဘ်ဆိုက်တွင် အဓိကကဏ္ဍ(၉) ခုခန် ့ရှိပြီးကဏ္ဍခွဲပေါင်း (၃၉) ခုရှိပြီး မိမိအလိုရှိသည့်ပစ္စည်းကို Search ဖြင့်အလွယ်တကူရှာဖွေနိူင်လေသည်။လက်ရှိမြန်မာပြည်တွင်းဝင်ရောက်ကြည့်ရူသူ ( ရ၄) ရာခိုင်နူန်းခန် ့ရှိပြီး ၊ ပြည်ပကြည့်ရူသူ(၂၆) ရာခိုင်နူနး်ခန် ့ရှိကြောင်းကိုတွေ ့ရှိရလေသည်။ မြန်မာပြည်၏အွန်လိုင်းစျေးကွက်အတွင်း အသုံးပြုမူ မြင့်တတ်လာသည်နှင့်အတူ တပါတ်ရစ်စျေးကွက်၏ကဏ္ဍသည်လည်း အထူးအရေးပါအရာရေ ာက်လာကြောင်းကို တွေ ့ရှိလာရသည်။(၂၀၁၆) အနှောင်းပိုင်းတွင် မြန်မာပြည်၏တပါတ်ရစ်စျေးကွက်သည် အွန်လိုင်းစျေးကွက်အတွင်း လူတန်းစားပေါင်းစုံ၏ စိတ်ဝင်စားစရာ အကောင်းဆုံးစျေးကွက် ဖြစ်လာနိူင်လေသည်။