Monday, July 6, 2015

အီတလီနိုင်ငံ၌ ဖွင့်လှစ်မည့် စကျင်ကျောင်နှင့် လိပ်သည်းကျောက်နည်းပညာသင်တန်း သို့ မြန်မာလုပ်ငန်းရှင်များတက်ရောက်နိုင်



စကျင်ကျောက် (Marble) နှင့် လိပ်သည်းကျောက် (Granite) ဆိုင်ရာ နည်းပညာသင်တန်းတစ်ခုကို အီတလီနိုင်ငံ၊ Verona မြို့တွင် ယခုနှစ် စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပဖွင့်လှစ်မည်ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် လျှောက်ထားတက်ရောက်နိုင်ကြောင်းသိရသည်။

သင်တန်းကာလအတွင်း တည်းခို စားသောက်ခြင်း၊ ခရီးသွားလာခြင်းနှင့် မြန်မာ-ဘန်ကောက်- Verona လေယာဉ် ခရီးစဉ်ကိုပါ အခမဲ့စီစဉ်ပေးမည်ဖြစ်ပြီး Verona မြို့၌ ကျင်းပမည့် နိုင်ငံတကာ ကျောက်မျက်နှင့် သတ္တုတွင်းထွက်ပစ္စည်း ဒီဇိုင်းနှင့် နည်းပညာပြပွဲကြီး Marmomacc 2015 သို့ အခမဲ့ဝင်ခွင့်လည်း ရရှိမည်ဖြစ်ပါသည်။


လျှောက်ထားရန်အတွက် အခြေခံလိုအပ်ချက်မှာ လျှောက်ထားသူသည် အင်္ဂလိပ်စာနားလည်တတ်ကျွမ်းရန်နှင့် ကိုယ်ပို်င်ကုမ္ပဏီ Website ရှိရမည်ဖြစ်ပါသည်။ ဂျူလိုင်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့နောက်ဆုံးထားပြီး

https://docs.google.com/forms/d/1v4L_ttlJ3PH0-xcYqa79kRoDpXEGzGGMM0mwFO3GH4k/viewform တွင် လျှောက်လွှာဖြည့်စွက်တင်သွင်းနိုင်ပါသည်။

 အီတလီကုန်သွယ်မှုအေဂျင်စီ ဘန်ကောက်ရုံး၊ အီးမေးလ် - Bangkok@ice.it သို့လည်း အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပြီး သင်တန်းကို အီတလီကုန်သွယ်မှုအေဂျင်စီ၊ အီတလီသံရုံး၊ Verona Fairs နှင့် the Italian Marmomacchine Association တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပါသည်။

No comments: