Thursday, July 16, 2015

Myanmar National Airlines (MNA) မှ ရန်ကုန်-စင်ကာပူခရီးစဉ်သစ်အတွက် လက်မှတ်စတင်ရောင်းချ



ယနေ့တွင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် Myanmar National Airlines (MNA) သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ရက်တွင် စတင်ပျံသန်းမည့် ရန်ကုန်-စင်ကာပူ ခရီးစဉ်သစ် အတွက် လေယာဉ်လက်မှတ်များကို ယခုစတင်ရောင်းချနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ လေယာဉ် လက်မှတ် များကို www.flymna.com မှ on-line စနစ်ဖြင့် လည်းကောင်း၊ ခရီးသွားလက်မှတ်အရောင်း ကိုယ်စားလှယ်များ ထံတွင် လည်းကောင်း ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

မကြာသေးမီက မိတ်ဆက်ခဲ့သည့်  လေယာဉ်သစ် Boeing 737-800 Next Generation ဖြင့်  ပျံသန်းမည့် ခရီးစဉ်သစ် စတင်ခြင်း အထိမ်းအမှတ်အနေဖြင့်  လက်မှတ်များကို အထူးစျေးနှုန်းများဖြစ်သော စင်ကာပူ-ရန်ကုန်-စင်ကာပူ ခရီးစဉ် အတွက် စင်ကာပူဒေါ်လာ ၂၈၉ ဖြင့်လည်းကောင်း၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၂၃၉ ဖြင့်လည်းကောင်းတို့ဖြင့် အရောင်းမြှင့်တင်ခြင်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

ရန်ကုန်-စင်ကာပူ ခရီးစဉ်သစ်နှင့်အတူ MNA သည် မြန်မာနိုင်ငံတွင်း ၂၆ မြို့သို့ရောက်ရှိနိုင်သည့် ခရီးစဉ်အများဆုံး ချိတ်ဆက်ပျံသန်း နေသော လေကြောင်းလိုင်းဖြစ်သောကြာင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ၏ ခရီးသွားလာခြင်း ကိုပိုမိုအဆင်ပြေလွယ်ကူစေပါသည်။ ထို့အပြင် MNA ၏ ရိုးရှင်းလွယ်ကူသော ကြိုတင်လက်မှတ် ရောင်းချမှု စနစ်ရှိခြင်း ကြောင့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် စင်ကာပူ မှ ရန်ကုန်မြို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ မှ ပြည်တွင်းရှိ အခြားမြို့ များသို့သွားရောက်လည်ပတ်ရန်အတွက် လက်မှတ်များကိုပါ တပါတည်း ချိတ်ဆက် ကြိုတင် ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

MNA ၏ လေယာဉ်သစ်ဖြစ်သည့် Boeing 737-800 Next Generation ဖြင့် မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံ တို့ကို ချိတ်ဆက်ပျံသန်းသွားမည် ဖြစ်ပါသည်။ Boeing 737-800 လေယာဉ်သည် Boeing လေယာဉ် အမျိူးအစားများအနက် အရောင်းရဆုံး အမျိူးအစား တစ်ခုဖြစ်သည့်အပြင် အဆင့်မြင့်ဆုံးနည်းပညာဖြင့် တည်ဆောက်ထားသော လျှှောက်လမ်း တစ်ခုတည်း ပါဝင်သည့် လေယာဉ်အမျိုးအစားများထဲတွင် ယုံကြည်စိတ်အချရဆုံးသော လေယာဉ် ဖြစ်ပါသည်။

 ခရီးသည်များသည် MNA ၏ တမူထူးခြားသည့် ဝန်ဆောင်မှုများနှင့်အတူ မြန်မာတို့၏ သင်္ကေတဖြစ်သော နွေးထွေးပျူငှာ ဧည့်ဝတ်ကျေပွန်သည့် အတွေ့အကြုံများကို ခရီးစဉ်တစ်လျှောက်လုံးတွင် သက်တောင့်သက်သာစီးနှင်းနိုင်သည့် Economy Class၊ သာမန်ထက် ပိုကျယ်ဝန်းသည့် နေရာရှိသော Premium Economy Class နှင့် ခေတ်မှီပြီးသက်တောင့်သက်သာ စီးနှင်းနိုင်သည့် Business Class စသည်တို့တွင် ရရှိနိုင်မည်ဖြစ်ပါသည်။ လေယာဉ်တွင်းအဆင့်မြင့်ဖျော်ဖြေရေး ဝန်ဆောင်မှု နှင့် စိတ်ကြိုက်ရွေးချယ်နိုင်သည့် ပြည်တွင်း နှင့် နိုင်ငံတကာ အရည်အသွေးမြင့် အစားအသောက် ဝန်ဆောင်မှုများကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။

 လေယာဉ် လက်မှတ်များဝယ်ယူခြင်း၊ ကြိုတင်လက်မှတ်များမှာယူခြင်း များနှင့်ဆိုင်သော အသေးစိတ်အချက်အလက်များ ကိုwww.flymna.com ၊ အီးမေးလ် လိပ်စာ reservations@flymna.com၊ ဖုန်းနံပါတ် +၉၅ ၁ ၃၇၈ ၆၀၃ နှင့် +၉၅ ၁ ၃၇၇ ၈၄၀ များသို့ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ထို့အပြင် MNA လက်မှတ်အရောင်းဌာနရှိရာ အမှတ် ၁၀၄၊ ကမ်းနားလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တွင်လည်း ဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါသည်။ MNA ၏ တရားဝင် Facebook ဖြစ်သည့်www.facebook.com/myanmarnationalairlines တွင်လည်း လေ့လာနိုင်ပါသည်။ လေယာဉ်လက်မှတ်များကို တရားဝင်ခွင့်ပြုချက်ရှိသည့် ခရီးသွားလက်မှတ်အရောင်း ကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ပါသည်။



No comments: