Tuesday, December 22, 2015



ပည်ပရင်းနှီးမြှပ်နှံမှုများဖွံ့ဖြိုးလာမှုကြောင့် ပဲခူးတိုင်းဘက်မှဝန်ထမ်းခေါ်ယူမှုများမြင့်တက်
           ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးတစ်ခုဖြစ်သော work.com.mm ၏ လစဉ်အလုပ်အကိုင်ရှာဖွေမှုစစ်တမ်းအရ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဘက်မှဝန်ထမ်းခေါ်ယူမှုများမြင့်တက်လာကြောင်း သိရသည်။ဝန်ထမ်းခေါ်ယူမှုစစ်တမ်းအရ စီးပွားရေးအချက်အချာကျသော မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမှ အဓိကခေါ်ယူလျှက်ရှိပြီးအခြားသောပြည်နယ်နှင့်တိုင်းများမှလည်း လိုအပ်ချက်ရှိသလောက် ခေါ်ယူမှုများရှိနေကြောင်းသိရသည်။ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးမှဝန်ထမ်းခေါ်ယူမှုများမြင့်တက်လာခြင်းမှာ ပြည်ပရင်နှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းနှင့် သက်ဆိုင်မှုရှိကြောင်း work.com.mm မှ Marketing Director ဖြစ်သူ Lynette Chong ကပြောသည်။

တပါတ်ရစ်ပစ္စည်းကိုရောင်းထွက်တိုင်း ဆုငွေ(၁) သိန်းရရှိနိုင်မည့်အခွင့်အရေး
မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သော www.ads.com.mm  ဝက်ဘ်ဆိုက်အသုံးပြုသူများ   ပိုမိုအကျွမ်းဝင်စေရန်နှင့် အသုံးပြုမူပိုမိုမြင့်တတ်လာစေရန်အတွက် ကြော်ငြာထည့်သွင်းပြီး ရောင်းထွက်သွားသူများအနက်မှာ အကောင်းဆုံးရောင်းချသူကို ဆုငွေချီးမြှင့်မည့်အစီအစဉ်ကို စတင်မိတ်ဆက်ပြီဖြစ်သည်။
“ဒီအစီအစဉ်မှာပါဝင်ဖို့ ကရိုးရှင်းပါတယ်။မိမိရောင်းလိုတဲ့ပစ္စည်းအစစ်အမှန်ရဲ့ ဓါတ်ပုံ ၊ အကြောင်းအရာ  အပြည့်အစုံနှင့် ဈေးနူန်းတွေကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာရောင်းချရုံးပါဘဲ။
အင်တာနက်မှ ဒေါင်းလုပ်ဆွဲထားသောပုံများမဖြစ်ရပါဘူး။ဝယ်သူနှင့်   အပြင်မှာ အရောင်းအဝယ်ပြုလုပ်နေတဲ့ ဓာတ်ပုံ ၁ ပုံ အနည်းဆုံးလိုအပ်ပါတယ်။မိမိရောင်းထားတဲ့ပစ္စည်းကို မိမိရဲ့ Facebook ပေါ်မှာ like and share ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ကံထူးရှင်အား www.ads.com.mm ရဲ့ကြော်ငြာအတွက် ဓာတ်ပုံရိုက်၊ အင်တာဗျူးမှာဖြစ်ပြီး အဆိုပါပုံများကို အလျဉ်းသင့်သလို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီလိုအချက်အလက်ပြည့်ပြည့်စုံစုံနှင့် ရောင်းချပြီး ရောင်းထွက်သွားတဲ့သူတွေထဲကမှနှစ်ပါတ်ကို တကြိမ်အမြဲရွေးချယ်သွားပေးသွားမှာဖြစ်ပါတယ် “ ဟု Head of marketing ဖြစ်သူ သိန်းသန်းထိုက်မှ ပြောသည်။
www.ads.com.mm သည်မြန်မာနိုင်ငံ၏ အခမဲ့နံပါတ်(၁) ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းများ ၀န်ဆောင်မူများကို   ယင်းဝက်ဘ်ဆိုက်တွင်   အခမဲ့ကြော့်ငြာတင်၍ရောင်းချနိုင်သည်။ဝန်ဆောင်ခများ ၊ပွဲစားများမလိုအပ်သည့် အတွက်     ရောင်းဝယ်မူမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အ၀ ခံစားရရှိနိုင်ပါသည်။ လက်ရှိယင်းဝက်ဘ်ဆိုက်အတွင်းကြော်ငြာပေါင်း( ၇၄၀၀၀ ) နီးပါးခန့်ရှိပြီး လူကြိုက်အများဆုံးကမှာ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများနှင့် ဖက်ရှင်အဝတ်အစားများမှာ လူကြိုက်အများဆုံးဖြစ်လေသည်။


မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးတည်ငြိမ်စေဖို့….
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးနှူန်းများမှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် မြင့်မားလွန်းသည့်အခြေအနေတွင်တည်ရှိနေပါသည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက်အား ပိုမိုဖွံ့ဖြိုးစေရန်နှင့် နိုင်ငံတကာမှ အိမ်၊ခြံ၊မြေ၀ယ်လိုအားများ နှင့် ရင်းနှီးမြုပ်နှံလိုသူများ၏ စိတ်ဝင်စားမှူများရရှိလိုပါကလဲ မြန်မာနိုင်ငံအိမ်ခြံမြေဈေးအား အပြောင်းအလဲဖြစ်သင့်နေပြီဖြစ်သည်။

Thursday, December 10, 2015

မူဝါဒအပြောင်းအလဲတွင်နစ်နာမှုမရှိစေရန် ၂၀၁၆ အတွက်ကားမူဝါဒကို အချိန်မှီထုတ်ပြန်ရန် ကားလောကသားများလိုလား


    ချမှတ်သည့် မူဝါဒပိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါ၀င်လျက်ရှိသည်။ နိုင်ငံနှင့် ပြည်သူ့အကျိုးအပေါ် အခြေမတည်သည့် စီးပွားရေးမူဝါဒများက စစ်မှန်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျိုး ဖြစ်ပေါ်လာမည် မဟုတ်ချေ။ ထို့အတူ မူဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိခြင်းကလည်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါ၀င်လျက်ရှိသည်။ ချမှတ်သည့် မူဝါဒက ကားစျေးကွက်ဖွံ့ဖြိုးမှုအပေါ် ရာနှုန်းပြည့်မှီတည်နေသည့် မြန်မာ့ကားစျေးကွက်သည် အုပ်ချုပ်သည့်အစိုးရအဆက်ဆက်တွင် ပြည်သူကိုအခြေမပြုသည့် ကားမူဝါဒများ၊ မူဝါဒပိုင်းမတည်ငြိမ်မှုများကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့သည်ကို တွေ့ရသည်။

Thursday, December 3, 2015

Like ပြုလုပ်စုစည်းထားပြီး စိတ်ကြိုက်ပစ္စည်းကိုရွေးချယ်နိူင်မည့် အစီအစဉ်အသစ် ads.com.mm မိတ်ဆက်


မြန်မာပြည်၏ နံပါတ်(၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှ ရောင်းသူ၊ဝယ်သူ များပိုမိုအဆင်ပြေမည့် ဝန်ဆောင်မူများကို အစဉ်မိတ်ဆက်ပေးရာ အသုံးပြုသူများ အတွက်ပိုမိုအဆင်ပြေလွယ်ကူမည့်Facebook Login Feature စနစ်ကိုထည့်သွင်းပြီး လက်ရှိတွင်လည်း ယင်းဝက်ဘ်ဆိုက်အတွင်း ဝယ်ယူသူများအတွက် ပိုမိုအဆင်ပြေမယ် ့Like Feature ကို ထည့်သွင်းလာကြောင်းကိုသတင်းထုတ်ပြန်သည်။

ပြည်ပရောက်မြန်မာနိုင်ငံသားများပြည်တွင်း၌ပြန်လည်အခြေခြလုပ်ကိုင်ရန်စိတ်ဝင်စားမှုများရှိလာဟု work.com.mm မှဆို


မြန်မာပြည်တွင်းဦးဆောင်အွန်လိုင်းအလုပ်ရှာဖွေရေးဝဘ်ဆိုဒ်တခုဖြစ်သော work.com.mm ၏ထုတ်ပြန်ချက်အရပြည်ပ၌သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်ပြည်ပရောက်မြန်မာနိုင်ငံသားများ သည်ပြည်တွင်း၌ပြန်လည်အခြေခြလုပ်ကိုင်ရန်စိတ်ဝင်တစားမေးမြန်းမှုများရှိနေသည်ဟုသိရသည်။အနယ်အနယ်အရပ်ရပ်မှအလုပ်ရှာဖွေသူများနှင့် website ကိုဝင်ရောက်လေ့လာအသုံးပြုသူများ ပိုမိုအဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက်  work.com.mm ၀ဘ်ဆိုဒ်ကိုအဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး   live chat feature (တိုက်ရိုက်ဝင်ရောက်စကားပြောဆိုမေမြန်းနိုင်သည့်) ကဏ္ဍသစ်ကိုပါထည့်သွင်းပေးခဲ့ရာ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့်မြန်မာနိုင်ငံတွင်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများကို၄င်း live chat မှတဆင့်အများဆုံးဝင်ရောက်မေးမြန်းကြကြောင်းသိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးစွန့်ဦးတီထွင်စီးပွားရးပညာရှင်များပေါ်ထွက်မှူနှူန်းမြင့်တက်လျှက်ရှိ Global Platform မှ ထုတ်ဖော်လိုက်သည့် အမျိုးသမီးများ၏အတွေးအခေါ်သစ်များဖြင့် စီးပွားရေးလည်ပတ်မှူများ



အစဉ်အလာများအရသော်လည်းကောင်း၊ ပုံမှန်ရေစီးကြောင်းကြောင့်သော်လည်းကောင်းစီးပွားရေးအသစ်တစ်ခုစတင်လုပ်ကိုင်သူများမှာအမျိုးသားများဖြစ်ကြပြီးအထူးသဖြင့် နည်းပညာနှင့်ပတ်သက်သည့်နယ်ပယ်များတွင် ပိုမိုများပြားကြောင်းတွေ့ရသည်။ သို့သော်လည်းဘဲ မြန်မာနိုင်ငံအပါ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူအတွေးအခေါ်သစ်များဖြင့်စီးပွားရေးလုပ်ငန်းများကိုမောင်းနှင်လျှက်ရှိသူများမှာအမျိုးသမီးစွန့်ဦးတီထွင်သူများဖြစ်ကြပြီးအမျိူးသမီးစီးပွားရေးပညာရှင်ပေါ်ထွက်မှူနှူန်းမှာလည်း မြင့်တက်လျှက်ရှိသည်။

Tuesday, December 1, 2015

Work.com.mm ၏ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကျင်းပမည်။



မြန်မာပြည်တွင်းဦးဆောင်အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး website တခုဖြစ်သော work.com.mm မှ၂၀၁၆ ခုနှစ်ဇန်နဝါရီလ ၁၆ရက်နေ့နှင့်၁၇ ရက်နေ့များတွင် MICT Park တွင် ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကို ပြုလုပ်မည်ဖြစ်သည်။

လာမည့် အထွေထွေရွေးကောက်ပွဲကြီးနှင့် မူဝါဒအပြောင်းအလဲကို စောင့်ကြည့်နေခြင်း၊ မြန်မာငွေတန်ဖိုးကျဆင်းခြင်း၊ဂျပန်လေလံစျေးမြင့်တက်ခြင်းတို့ကြောင့် လက်ရှိပြည်တွင်းကားစျေးကွက်အတွင်းအရောင်းအဝယ်အေးစက်လျက်ရှိသည်။သို့သော် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၅ သြဂုတ် ၃၁ ရက်နေ့ စာရင်းများအရလက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်စီးကားအရေအတွက် လေးသိန်းခွဲ ၀န်းကျင် (၄၃၈,၀၉၁ စီး) ရှိပြီးအစိုးရသစ်လက်ထက် ငါးနှစ်တာကာလအတွင်း ပြည်တွင်းကားစျေးကွက်များစွာဖွံ့ဖြိုးလာခဲ့သည်မှာမျက်မြင်ပင်ဖြစ်သည်။ ကားအရောင်းပြခန်းများ၊ တစ်နိုင်တစ်ပိုင်ကားရောင်းချသူများများစွာပေါ်ထွက်လာခဲ့ပြီး ၀ယ်လိုအားများပြားသဖြင့် ကားရောင်းအားများလည်းသိသိသာသာတိုးတက် ဖွံ့ဖြိုးခဲ့သည်။