Thursday, May 28, 2015

အွန်လိုင်းအရောင်းစျေးကွက်တွင်းမှ Delivery အခက်အခဲများနှင့် ရောင်းချသူများ၏ အခက်အခဲ




မြန်မာနိုင်ငံအတွင်း အွန်လိုင်းအရောင်းစျေးကွက်များ ပိုမိုပေါများလာပြီး လုပ်ငန်းပိုင်းဆိုင်ရာများ ပိုမိုတွင်ကျယ်လာကြောင်းကို (၂၀၁၅) တွင် ပိုမိုတွေ ့မြင်လာရလေသည်။ ထိုသို့ကျယ်ပြန့်လာမူနှင့်အတူ အပြိုင်ပို့ဆောင်မူစနစ်များတွင် အခက်အခဲပေါင်း မြောက်များစွာကိုလဲ ရောင်းသူ၊ ၀ယ်သူနှစ်ဦးနှစ်ဘက်တွေ ့ကြုံလာရလေသည်။ မြန်မာပြည်အတွင်း ယာဉ်လမ်းကြောများ ပိတ်ဆို့မူသည်လည်း အွန်လိုင်းစီးပွားရေး၏ delivery စနစ်ကိုနောက်ကျစေသည့် အချက်တွင် ပါ၀င်ကြောင်းတွေ ့ရသည်။

Intel Company ၏ McAfee Security Software များကို KMD မှ ဖြန့်ဖြူးရောင်းချပေး




PC အသုံးပြုသူများအတွက် အနည်းဆုံး မရှိမဖြစ် လိုအပ်တဲ့ အခြေခံ Antivirus Software အဖြစ် McAfee Antivirus ၊ လုံခြုံစိတ်ချ ရတဲ့ Internet နှင့် Network အသုံးပြုမှုကို အပြည့်အဝ ရရှိနိုင်ရန်အတွက် McAfee Internet Security နှင့် Mobile Smartphone နှင့် Tablet များ အတွက် McAfee Mobile Security ဟူ၍ Product (၃) မျိုး ကို မြန်မာနိုင်ငံ အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။

HTC ONE M9 မြန်မာနိုင်ငံတွင် ရောက်ရှိလာခြင်း မိတ်ဆက်



 မိုဘိုင်းတီထွင် ဆန်းသစ်မှုနည်းပညာနှင့် ဒီဇိုင်းလောကတွင် ဦးဆောင်နေသော htc Corporation က စတိုင်ကျ လှပသော HTC ONE M9 စမတ်ဖုန်းမိတ်ဆက်ပွဲကို မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန် Sule Shangri-La ဟိုတယ်တွင် ကျင်းပခဲ့ပါ သည်။
ကြည်လင် ပြတ်သားသော ဓာတ်ပုံများအတွက် Sapphire Glass ဖြင့်ဖုံးအုပ်ထားသော 20MP ကင်မရာ၊ သုံးစွဲသူများအတွက် ပြည့်စုံ ကောင်းမွန်သော Surrond Dolby™ Audio System ပါရှိသည့် စပီကာ မျက်နှာပြင်ရှေ့တွင် လှပစွာ တပ်ဆင်ထားပါသည်။
HTC ONE M9 မှ built-in ပါရှိသော သုံးစွဲများ စိတ်တိုင်းကျပြောင်းလဲခွင့်ရှိသည့် HTC THEME App ကိုလည်း ထက်မံဖြည့်သွင်းထားပါသည်။

Sunday, May 24, 2015

တပါတ်ရစ်ကားစျေးကွက်အတွင်းရောင်းလိုအားအမြင့်ဆုံးအဖြင့် Honda Fit ကားများဦးဆောင်နေ


 မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည် ့ Ads.com.mm ၏ ကားကြော်ငြာကဏ္ဍတွင်   Honda   အမျိုး အစားဖြစ်သည် ့ Fit များက ရောင်းလိုအားအမြင့်ဆုံးဖြစ်သည့် ကားအမျိုးအစားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းနောက်တွင် Toyota အမျိုးအစားဖြစ်သည့် Wish နှင့် Mark 2 အမျိုးအစား တို့မှ ရပ်တည်နေကြောင်း သိရသည်။

UPS မှ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများအားတိုးချဲ့



ယနေ့တွင် UPS® (NYSE:UPS) မှ မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ် သြဂုတ်လမှ စတင်ဝန်ဆောင်မှုပေးလာခဲ့သည့် လေကြောင်းနှင့် ရေကြောင်း ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများကို ပြည့်စုံစေမည့် အမြန်ချောပို့ဝန်ဆောင်မှု (Express Delivery) နှင့် Contract Logistics ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဝန်ဆောင်မှုထပ်မံတိုးချဲ့လိုက်ပြီကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံသည် အဆင့်အတန်းမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းသို့ တက်လှမ်းရန် ဆောင်ရွက်နေရာ ဝန်ဆောင်မှု သုံးစွဲသူများသည် စုံလင်လှသည့် ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ (Logistics Solutions) ကို ယခုအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

Ford ကုမ္ပဏီက မန္တလေးမြို့တွင် ပထမဆုံးသော Sales and Service Centre ဖွင့်လှစ်ခြင်းဖြင့် မြန်မာပြည်တွင် လုပ်ငန်းများဆက်လက်ချဲ့ထွင်




Ford Motor Company သည် ပြည်တွင်းအကျိုးတူစီးပွားဖက်လုပ်ငန်းဖြစ်သော Capital Automotive နှင့်ပူးတွဲ၍ ကြီးထွားလာနေသော မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းမှ တိုးပွားများပြားလာသည့် FORD ၏ customer များအား ပိုမို ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် မန္တလေးမြို့တွင် sales and service centre အသစ်ကို မကြာသေးမီက ဖွင့်လှစ်ပေးခဲ့ပါသည်။

၁၀ လမ်းနှင့် ရ၈ လမ်းထောင့်တွင်ရှိပြီး စတုရန်းပေ ၁၂,၀၀၀ ကျယ်ဝန်းသော အဆောက်အအုံတွင် FORD အမှတ်တံဆိပ် မော်တော်ယာဉ်များဖြစ်သည့် အမြန်မောင်း Fiesta မှသည် အကြမ်းခံ Ranger ကုန်တင်ကားငယ်အထိတိုင်အောင် မော်တော်ယာဉ် ၁၂ စီးကို ပြသထားနိုင်သည့် Showroom ပါ၀င်ပါသည်။ ထို့ပြင်ဝယ်ယူထားသူများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည့် မော်တော်ယာဉ်လေးစီး service centre လည်း ပါ၀င်ပါသည်။

Tuesday, May 12, 2015

ယူနီကုဒ်သုံးစွဲခြင်းသည် အခြားကဏ္ဍများအတွက်သာမက E-commerce လုပ်ငန်းများအတွက်ပါ အရေးပါလာ


   
ယခုအခါတွင် Online Marketplace များနှင့် လက်တွဲလုပ်ဆောင်လျက်ရှိကြသော အွန်လိုင်းရှော့ပင်းလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းပို့ဆောင်ရာတွင် Personal Shipping ကို ပိုမိုအသုံးပြု ပို့ဆောင်လာကြပြီး Online Marketplace များ အရောင်း မြှင့်တင်မှုပြုလုပ်ရာတွင် အရေးကြီးသောအချက်များကို အွန်လိုင်းရှော့ပင်း လုပ်ငန်းရှင်များထံမှ Kaymu.com.mm မှ လေ့လာမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်။
Online Marketplace များအနေဖြင့် ရောင်းချသူတို့၏ ကုန်ပစ္စည်းများကို လူမှုကွန်ရက်များပေါ်တွင် ကြော်ငြာပေးဖို့သည် အဓိက အကြောင်းအရင်းတစ်ရပ်အဖြစ် ပါ၀င်နေပြီး ကောင်းမွန်သော စီမံခန့်ခွဲမှု၊ E-Banking၊ တိကျ မြန်ဆန်သော ပို့ဆောင်မှု၊ ဆွဲဆောင်မှုရှိသော ဓာတ်ပုံနှင့် ပစ္စည်း စစ်မှန်မှု၊ စျေးကွက်ပေါက်စျေးနှင့် ကိုက်ညီမှု၊ ဖေ့ဘုတ်တွင် ဓာတ်ပုံပြိုင်ပွဲများ ပြုလုပ်ခြင်း၊ လက်ဆောင်များပေးခြင်းနှင့် ယူနီကုဒ်ဖြင့်ပါ တွဲဖက် ရေးသားခြင်း စသည်တို့ကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Facebook ပေါ်ရှိ ပြည်တွင်းသတင်း၊ စာပေနှင့် ဗဟုသုတ၊ နည်းပညာ၊ အားကစား၊ ရုပ်ရှင်၊ ဟိုတယ်နှင့် ခရီးသွား၊ စီးပွားရေး လုပ်ငန်း အစရှိသည့် ကဏ္ဍပေါင်းစုံမှ page များသည် ယခုအခါတွင် နည်းပညာလိုအပ်ချက်အရ zawgyi font အပြင် ယူနီကုဒ် ဖြင့်ပါ တွဲဖက်ရေးသား သုံးစွဲလာကြကြောင်း တွေ့ရသည်။

Sunday, May 10, 2015

အခမဲ့ကြော်ငြာ ၀က်ဘ်ဆိုက်များတွင် ဖက်ရှင်နှင် ့အလှအပဆိုင်ရာကဏ္ဍမှ ဦးဆောင်လျက်ရှိ

 

               
 အွန်လိုင်းစျေးကွက်တွင် မြောက်များစွာသော          အွန်လိုင်းစျေးဆိုင်များ ပေါ်ထွက်လာသည်နှင့်အမျှ      အွန်လိုင်းလုပ်ငန်းများ သည်    အပြင်စျေးကွက်ထက်ပင် ဆိုင်ပေါင်းမြောက်များစွာ  ပေါ်ပေါက်လာကြောင်း တွေ ့ရှိလာရလေသည်။ (၂၀၁၄) ခုနစ်တွင် အွန်လိုင်းစျေးဆိုင်ပေါင်း  (၂၀၀)  ကျော်သာ ရှိသော်လည်း လက်ရှိ အချိန်တွင်  ( ၈၀၀ ) ကျော်အထိ များပြားလာကြောင်း  တွေ ့ရှိရသည်။

မြန်မာနိုင်ငံတွင် BMW 2 Series Active Tourer ကားမော်ဒယ် အသစ်မိတ်ဆက်




BMW မော်တော်ကားများကို မြန်မာနိုင်ငံတွင် တရားဝင်တင်သွင်းရောင်းချခွင့် ရရှိထားသော Prestige Automobiles မှ BMW ၏ အမှတ်အသားဖြစ်သော စွဲမက်ဖွယ်ကောင်း သည့်ဒီဇိုင်းအသွင်အပြင်၊ သက်ဝင်လှုပ်ရှားမှုစွမ်းအားများနှင့်အတူ ကျယ်ဝန်းသည့် ကားအတွင်းပိုင်းကို ငြိမ့်ညောင်းသည့်ခံစားမှုနှင့် အံဝင်ခွင်ကျအသုံးဝင်မှုရှိအောင် လက်ရာမြောက်စွာ ပေါင်းစပ်ဖန်တီးထား သည့် အဆင့်မြင့်မော်ဒယ် BMW 2 Series Active Tourer ကို မြန်မာပြည်စျေးကွက်သို့ စတင် မိတ်ဆက်လိုက်ပါသည်။

 BMW 2 Series Coupe’ ထွက်ရှိပြီးနောက် ဒုတိယမြောက်အမျိုးအစားသစ်ဖြစ်သည့် 2 Series Active Tourer သည် အရွယ်အစားအားဖြင့် အလျား ၄,၃၄၂ မီလီမီတာ၊ အကျယ် ၁,၈၀၀ မီလီမီတာ၊ အမြင့် ၁,၅၅၅ မီလီမီတာရှိပြီး အပြင်ပိုင်းတွင် ကျစ်လျစ်သည့်အသွင်သဏ္ဍန်နှင့် အတွင်းပိုင်းတွင် ကျယ်ဝန်းသည့် သွင်ပြင်ကို အပြည့်အဝတွေ့မြင်နိုင်ပါသည်။
BMW TwinPower Turbo နည်းပညာ - နောက်ဆုံးပေါ်မျိုးဆက်အင်ဂျင်များ

BMW 2 Series Active Tourer တွင် မျိုးဆက်သစ်တစ်ခုဖြစ်သည့် ပေါ့ပါးပြီး ဆီစားနှုန်းသက်သာသော အင်ဂျင်ကို အသုံးပြုထားပြီး BMW TwinPower Turbo နည်းပညာကို အသုံးပြုတပ်ဆင်ထားပါသည်။

 BMW 218i Active Tourer တွင် တပ်ဆင်ထားသည့် အဆိုပါအင်ဂျင်သည် ပျမ်းမျှဆီစားနှုန်း ၁၀၀ ကီလိုမီတာလျှင် ၅.၂ လီတာနှင့် ကာဗွန်ဒိုင်အောက်ဆုုိက်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ ၁ ကီလိုမီတာလျှင် ၁၂၂ ဂရမ်ရှိပြီး မြင့်မားသည့်စွမ်းဆောင်မှုများရှိပါသည်။

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ယာစီမံကိန်းအဆောက်အဦးပုံစံများနှင့် ဝယ်ယူခွင့်လျှောက်လွှာပုံစံအား House.com.mm အိမ်ခြံမြေဝက်ဘ်ဆိုက်တွင်ရယူနိုင်



အစိုးရ၏ဝင်ငွေနည်းပြည်သူများအတွက်ရည်ရွယ်၍ ဖော်ဆောင်လျက်ရှိသော တန်ဖိုးနည်းအိမ်ယာစီမံကိန်းများအနက်မှ အစောဆုံးဖော်ဆောင်ခဲ့သောစီမံကိန်းတစ်ခုဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိရွှေလင်ပန်းတန်ဖိုးနည်းအိမ်ယာစီမံကိန်း၏ အဆောက်အဦးပုံစံများ၊ အခန်းအနေအထားများ၊ စျေးနှုန်းများအား မြန်မာ့အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော House.com.mm ဝက်ဘ်ဆိုက် ပေါ်တွင်ကြည့်ရှုလေ့လာနိုင်ပြီဖြစ်သလိုဝယ်ယူခွင့်လျှောက်လွှာပုံစံကိုလည်းရယူနိုင်ပြီဖြစ်သည်။