Wednesday, July 15, 2015

အင်တာနက်ဖြင့် မိမိလူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း



မြန်မာနိုင်ငံတွင်  လူဦးရေ ၅၅,၇၄၆,၂၅၃ ၀န်းကျင်ခန့်ရှိပြီး နည်းပညာတိုးတက်မှုရဲ့ အကောင်းမွန်ဆုံး လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာတွင် ရရှိသုံးစွဲနေကြသော အင်တာနက်နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်းချင်း လက်လှမ်းမှီလာနေပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည်လည်း အခြားနိုင်ငံများနည်းတူ အင်တာနက်နည်းပညာတိုးတက်လာမှု အပေါ်တွင် ခေတ်နှင့်အညီလိုက်ပါစီးမျှောနေကြောင်း တွေ့ရသည်။

အင်တာနက်ဟာ လူတွေဆီကို အမျိုးမျိုးသော နည်းလမ်း လမ်းကြောင်းများဖြင့် အမြင်သစ်များစွာကို ယူဆောင်ပေးနေပြီ ဖြစ်ပြီး ၄င်းလမ်းကြောင်းများထဲမှာမှ Social Media သည် အကြီးမားဆုံး တွန်းအားတစ်ခုအနေဖြင့် လူထုကို အင်တာနက်အသုံးပြုလာအောင် အဓိက ဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည်။ ဥပမာတစ်ခုအနေ ဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိရာမှာ ၄ သန်းကျော်သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook သုံးစွဲနေခြင်းကို ကြည့် ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူများဟာ နေ့စဉ်ဘဝမှာ အင်တာနက်သုံးစွဲမှုဟာ မရှိမဖြစ် အရာတစ်ဖြစ်နေပြီလားဆိုတာ ကို Kaymu.com.mm မှ လေ့လာသုံးသပ်ထားသည့် အချက်များကို ဖော်ပြလိုက်ပါသည်။


လူမှုကွန်ရက်နှင့် ဘလော့ဂ် အသုံးပြုခြင်းအကြောင်း
အင်တာနက်သည် ပြင်ပရှိ လူပုဂ္ဂိုလ်များကို လွယ်ကူစွာတစ်နေရာတည်းတွင် တွေ့ဆုံစေဖို့ ပြုလုပ်ပေးပြီး အထူးသဖြင့် လူမှုကွန်ရက်သည် အသိုင်းအဝိုင်းအမျိုးမျိုးအထွေထွေမှလာသောသူများကို တစ်နေရာတည်းသို့ စုစည်းစေပြီး အပြန်အလှန် ဆွေးနွေးခြင်းများကို အလွယ် တကူ ပြုလုပ်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။ လူမှုကွန်ရက်တွင် လူတွေ၏ အစောလျင်ကတည်းက ရှိနှင့်သော စိတ်အလို မကျမှုများကို ပွင့်လင်းစွာဖြင့် ၄င်းတို့ရဲ့ မကျေနပ်ချက်၊ အမြင်စသည်များကို လွတ်လွတ်လပ်လပ်ပြသနိုင်သည့်နေရာ၊ မိမိနှင့် အမြင်မတူ သူများကိုလည်း တွေ့ဆုံနိုင်သည့်နေရာ တစ်ခု ဖြစ်သည်။ ဘလော့ဂ်သည်လည်းပဲ ကြားခံတစ်ခုအနေဖြင့် မိမိ၏ ကိုယ်ပိုင်အမြင်ယူဆချက် များကို လူအများကြား ပြသနိုင်သည့်နေရာတစ်ခုဖြစ်ပြီး မတူကွဲပြားခြားနားသော ဖြစ်ရပ်များအပေါ်တွင် သုံးသပ်ချက်၊ ထင်မြင်ချက်များကို ပြသနိုင်သည့့် နေရာလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်း
ကမ္ဘာပေါ်ရှိ အွန်လိုင်းရှော့ပင်းများဆီသို့ ၀င်ရောက်ဝယ်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ အင်တာနက်ရရှိရန်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲနိုင်မှု ရာခိုင်နှုန်းဟာ ၂၀၁၃ ခုနစ်က ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခုဆို ၂၀ ရာခိုင်နှုန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။ အင်တာ နက်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် စျေးဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည့်အပြင် နိုင်ငံတွင်း e-commerce လုပ်ငန်းဖွံ့ဖြိုးလာမှုကိုလည်း Online Marketplaces တွေ မြောက်များစွာ ပေါ်ပေါက်လာခြင်း၊ ရင်းနှီးမြှပ်နှံလာကြခြင်းကို ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်သည်။

၄င်းထဲမှ Kaymu သည် တစ်ခုအပါအဝင်ဖြစ်ပြီး ၄င်းသည် စိတ်ဝင်စားဖွယ်ကောင်းသော ကမ်းလှမ်းချက်များဖြင့် လူထုကို ယုံကြည်မှုရှိစွာ သုံးစွဲလာစေရန် ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးထားသော marketplace တစ်ခုဖြစ်သည်။ ထို့ပြင် စွန့်ဦးတီထွင်သူများအတွက် တိုးတက်ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးသော နေရာတစ်ခုလည်းဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဖို့အတွက် လုံလောက်သော အချက်အလက်၊ အရင်းအနှီး မရှိသူများအတွက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်နိုင်စေရန် သင့်တော်သော နေရာတစ်ခု ဖြစ်သည်။

ယခုကဲ့သို့ အရာအားလုံးဖြစ်လာနိုင်ခြင်းဟာ အင်တာနက်ရှိခြင်းကြောင့်ဆိုတာ ငြင်းမရသော အချက်ပင်ဖြစ်ပြီး အနာဂတ်ကာလမှာ အင်တာနက်မြန်ဆန်တိုးတက်လာမှုဟာလည်း သုံးစွဲသူများကို ဆက်လက်စွဲဆောင်ထားမှာပဲဖြစ်ပါသည်။





No comments: