Wednesday, July 29, 2015

3 Option Universal Camera Lens Set




ကင်မရာ option အမျိုးမျိုး အသုံးပြုနိုင်တဲ့  3 Option universal lens set ဟာ လူကြီးမင်းရဲ့ဖုန်းက ကင်မရာကို Pro camera တစ်လုံးမှာ ပါဝင်တဲ့ ရွေးချယ်မှုတွေကို ချက်ချင်းပြောင်းလဲ အသုံးချနိုင်ပါတယ်။
ရှုခင်းတွေအတွက် အကျယ်ချဲ့ပေးတဲ့ Wide angle lens, အသေးစိတ်တွေကို အကြီးချဲ့ပေးတဲ့ Macro view lens နဲ့ မိုးကုတ်စက်ဝိုင်းခုံးပမာ 180° ရိုက်နိုင်တဲ့ fish eye lens တို့ပါဝင်ပါတယ်။

Wednesday, July 22, 2015

Ads.com.mm မှာအရောင်းအဝယ်ဖြစ်သည့်အကြောင်းအရင်းကို မျှဝေရင်း အပါတ်စဉ်ဆုများထုတ်ယူနိူင်



မြန်မာပြည်၏ အွန်လိုင်းအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်  ads.com.mm မှ တပါတ်ရစ်ပစ္စည်းများကို ကောင်းမွန်စွာအသုံးချပြီး  အပြင်ဝင်ငွေများကိုရှာဖွေနိူင်မည့်အပြင် ယင်းတို ့ဝက်ဘ်ဆိုက်မှ အရောင်းအဝယ် ဖြစ်သည့် သူများအတွက် လစဉ် ကံစမ်းမဲ အစီအစဉ်များ ကိုပြုလုပ်ဖြစ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အင်တာနက် စျေးကွက်ချဲ့ထွင်အသုံးချခြင်း၏ အကျိုးကျေးဇူးနှင့် ထိရောက်မှု



ဒီဂျစ်တယ်ခေတ်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် တစ်နည်းအားဖြင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်ဖောက်ထွင်းခြင်းခေတ်ကို ရောက်နေပြီ ဖြစ်ပါသည်။ အွန်လိုင်းမှတစ်ဆင့်စျေးကွက်ဖောက်ထွင်းခြင်းသည် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးဖြစ်သော ကြောင့် အရှိန်အဟုတ်မြှင့်ကြီးထွားလျက်ရှိသည်။ စာရွက်စာတမ်းအချက်အလက်များနှင့် အခြားသောအချက်အလက် လွှဲပြောင်း မှုများကို အင်တာနက်နှင့်ချိတ်ဆက်ပြီး အွန်လိုင်းပေါ်သို့ စနစ်များကူးပြောင်းလိုက်ခြင်းကြောင့် အွန်လိုင်းမှတစ်ဆင့် ကြေညာခြင်း၊ အရောင်းအဝယ်လုပ်ခြင်းများကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည်။
အပြင်မှာ စျေးကွက်ထိုးဖောက်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်ထိုးဖောက်ခြင်းဟာ တစ်မျိုးစီ ကောင်းမွန်တဲ့အကျိုး သက်ရောက်မှုနှင့် ထိရောက်မှုကို ပေးစွမ်းနိုင်လို့ ထူူးထူးခြားခြား ကွဲပြားခြားနားမှုတော့ မရှိပါဘူး။ အွန်လိုင်းမှတစ်ဆင့် စျေးကွက် ထိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အကျိုးကျေးဇူးနှင့် ထိရောက်မှုတွေကို Kaymu.com.mm မှ ဖော်ပြပေး လိုက်ပါသည်။

Thursday, July 16, 2015

Toshiba Mini 360 Duo Flash Drive ( OTG )



ချစ်စရာကောင်းတဲ့ Design လေးနဲ့ အတူ အသုံးပြုသူ အဆင်ပြေစေမယ့် အရည်အသွေးများနဲ့ Japan Brand Toshiba ရဲ့ Mini 360 Duo Flash Drive (OTG) ဖြစ်ပါတယ် ။ အရွယ်အစားသေးငယ် ပေမယ့် သိပ်သည်း ကျစ်လစ်တဲ့ ကိုယ်ထည်နှင့် ပြုလုပ်ထားပါတယ် ။ USB 3.0 အမြန်နှုန်း အမျိုးအစား ဖြစ်တာကြောင့် Data များ ကူးယူ ပေးပို့မှုမြန်ဆန်ပြီး USB 3.0 Port တွင်သာမက အခြား USB 2.0 , USB Port များတွင် လည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ Windows, Linux နှင့် Mac OS အသုံးပြုသော မည်သည့် PC နှင့် Notebook များတွင် မဆို ချိတ်ချက်အသုံးပြုနိုင်ပါတယ် ။ Mini 360 Duo ရဲ့ တဖက်မှာ သာမာန် USB တွေမှာ အသုံးပြုမယ့် USB ခေါင်းဖြစ်ပြီး ကျန်တစ်ဖက်မှာကတော့ Smartphone , Tablet များတွင် အသုံးပြုနိုင်တဲ့ mini USB ခေါင်း ပါဝင်ပါတယ် ။

Similarweb.com မှ မြန်မာနိုင်ငံရှိအသုံးပြုသူဦးရေအများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၁၀၀ စာရင်းတွင် ပြည်တွင်း E-commerce နှင့် Classified ၀တ်ဘ်ဆိုက်များ ပါ၀င်လာ



ကမ္ဘာတဝှမ်းရှိ ၀က်ဘ်ဆိုက်များ၏ အသုံးပြုသူနှုန်းအရေအတွက် တွက်ချက်ပေးသည့် Similarweb.com မှ မြန်မာနိူင်ငံတွင် အသုံးပြုသူဦးရေအများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၁၀၀စာရင်းတွင် ပြည်တွင်း E-commerce နှင့် Classified ၀တ်ဘ်ဆိုက်များ ပါ၀င်လာကြောင်း တွေ့ရသည်။
အဆိုပါစာရင်းတွင် ပြည်တွင်းမှ .com.mm ၀က်ဘ်ဆိုက်များဖြစ်သည့် Work.com.mmShop.com.mmKaymu.com.mmAds.com.mm တို့ ပါ၀င်လာပြီး ထိပ်ဆုံးဝက်ဘ်ဆိုက် ၅၀ စာရင်းတွင်တော့ ပြည်တွင်းဝက်ဘ်ဆိုက်များဖြစ်သည့် Thithtoolwin.com၊ Funny.com.mm၊ 7Dailydaily.com၊ Phothutaw.com တို့ပါ၀င်ကြောင်း သိရသည်။

အသုံးပြုလိုသူများအတွက် Lenovo Ideapad 100



လေးလံ သော Notebook တွေအစား ပေါ့ပါးသော Notebook များကို စျေးနှုန်း သက်သက်သာသာ ဖြင့်
Lenovo အမှတ်တံဆိပ်ရဲ့ နောက်ထပ် Ideapad Notebook အမျိုးအစား အသစ်ဖြစ်တဲ့ Lenovo Ideapad 100 Notebook ကတော့ ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အပြင် စျေးနှုန်း အထူးချိုသာတဲ့ Notebook ပဲဖြစ်ပါတယ် ။ Notebook ရဲ့ ကိုယ်ထည်ဟာ ပေါ့ပါးခိုင်မာ ပြီး ၊ ကြီးမားလေးလံမှု မရှတဲ့ အတွက်ကြောင့် အသုံးပြုသူ အတွက် သက်တောင့်သက်သာ ဖြင့် သွားလေရာကို သယ်သွားစေနိုင်မယ့် အလေးချိန် (၅) ပေါင် သာ ရှိတဲ့ Notebook ပါ ။ Notebook ရဲ့ စွမ်းဆောင်ရည် ပိုင်းအတွက် Intel Celeron N2840 Processor နှင့် Internal RAM Memory 2GB အသုံးပြုထားပြီး Intel Integrated HD Graphic ပါဝင်ပါတယ် ။ အချက်အလက်များသိမ်းဆည်းထားနိုင်ဖို့ Storage Space အတွက် 500 GB Hard Disk Drive ကို ထည့်သွင်းပေးထားပါတယ် ။

Myanmar National Airlines (MNA) မှ ရန်ကုန်-စင်ကာပူခရီးစဉ်သစ်အတွက် လက်မှတ်စတင်ရောင်းချ



ယနေ့တွင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် Myanmar National Airlines (MNA) သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ရက်တွင် စတင်ပျံသန်းမည့် ရန်ကုန်-စင်ကာပူ ခရီးစဉ်သစ် အတွက် လေယာဉ်လက်မှတ်များကို ယခုစတင်ရောင်းချနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ လေယာဉ် လက်မှတ် များကို www.flymna.com မှ on-line စနစ်ဖြင့် လည်းကောင်း၊ ခရီးသွားလက်မှတ်အရောင်း ကိုယ်စားလှယ်များ ထံတွင် လည်းကောင်း ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

Wednesday, July 15, 2015

အင်တာနက်ဖြင့် မိမိလူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲခြင်း



မြန်မာနိုင်ငံတွင်  လူဦးရေ ၅၅,၇၄၆,၂၅၃ ၀န်းကျင်ခန့်ရှိပြီး နည်းပညာတိုးတက်မှုရဲ့ အကောင်းမွန်ဆုံး လမ်းကြောင်းတစ်ခုပေါ်တွင် ရောက်ရှိနေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာတွင် ရရှိသုံးစွဲနေကြသော အင်တာနက်နှင့် နှိုင်းယှဉ်ပါက တဖြည်းဖြည်းချင်း လက်လှမ်းမှီလာနေပြီလည်းဖြစ်သည်။ မြန်မာပြည်သူများသည်လည်း အခြားနိုင်ငံများနည်းတူ အင်တာနက်နည်းပညာတိုးတက်လာမှု အပေါ်တွင် ခေတ်နှင့်အညီလိုက်ပါစီးမျှောနေကြောင်း တွေ့ရသည်။

အင်တာနက်ဟာ လူတွေဆီကို အမျိုးမျိုးသော နည်းလမ်း လမ်းကြောင်းများဖြင့် အမြင်သစ်များစွာကို ယူဆောင်ပေးနေပြီ ဖြစ်ပြီး ၄င်းလမ်းကြောင်းများထဲမှာမှ Social Media သည် အကြီးမားဆုံး တွန်းအားတစ်ခုအနေဖြင့် လူထုကို အင်တာနက်အသုံးပြုလာအောင် အဓိက ဆွဲဆောင်နေသော အရာတစ်ခုဖြစ်သည်။ ဥပမာတစ်ခုအနေ ဖြင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိရာမှာ ၄ သန်းကျော်သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook သုံးစွဲနေခြင်းကို ကြည့် ခြင်းဖြင့် သိနိုင်သည်။ ထို့ကြောင့် မြန်မာပြည်သူများဟာ နေ့စဉ်ဘဝမှာ အင်တာနက်သုံးစွဲမှုဟာ မရှိမဖြစ် အရာတစ်ဖြစ်နေပြီလားဆိုတာ ကို Kaymu.com.mm မှ လေ့လာသုံးသပ်ထားသည့် အချက်များကို ဖော်ပြလိုက်ပါသည်။

Monday, July 13, 2015

Mell App တွင် မေးခွန်များမေးမြန်းပြီး ကံစမ်းမဲအစီအစဉ်တွင် ပါ၀င်နိူင်


မိမိအမြင်များကိုပွင်းလင်းစွာ မေးမြန်း ဆွေးနွေးနိူသည့် Mell App မှာလစဉ်လတိုင်း ရင်ခုန်စိတ်ဝင်စားစရာ lucky draw အစီအစဉ်တွေ ကိုကျင်းပပြုလုပ်ပေးနေပြီးဖြစ်သည်။July လတွင်လည်း စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ် များကို social Media တွင် အသုံးပြုနေကျ Facebook နှင့် တွဲဖက်ပြီး ကံစမ်းမဲ အစီအစဉ်တွင်  ပါ၀င်နိူင်အောင်ရန် ပြုလုပ်ထားပါသည်။
Mell App ၏ July လအတွက် Hottest Question Campaign နှင် ့ပါတ်သက်၍ ယင်း App ၏ ပြောရေးဆိုခွင့် ရှိသူ ကိုအောင်စည်သူကျော်မှ “ ကျွန်တော်တို ့ရဲ့ Campaign ကရိုးရှင်းပါတယ်။လက်ရှိ Mell User များအနေနှင့် အဆင့်သုံးမှ စတင်အသုံးပြုနိူင်ပါသည်။

Wednesday, July 8, 2015

Ads.com.mm မှ ကြော်ငြာများကို Facebook စာမျက်နှာနဲ့ ချိတ်ဆက်၍ တိုက်ရိုက်ကြော်ငြာနိူင်




မြန်မာပြည်၏အခမဲ့ကြော်ငြာအွန်လိုင်းကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.Ads.com.mm  မှ ယင်း ၀က်ဘ်ဆိုက်အတွင်းလာရောက်ကြော်ငြာသည့် ကြော်ငြာများကို ပိုမိုကျယ်ပြန့်နိူင်မည့် အစီအစဉ်ထပ်မံ ထည့်သွင်းမိတ်ဆက်သည်။ ယင်းမှာ မိမိကြော်ငြာသည့် ကြော်ငြာများကို Facebook စာမျက်နှာတွင် တိုက်ရိုက် ကြော်ငြာနိူင်လေသည်။

မြန်မာနိုင်ငံရှိ KFC ဆိုင်ဖွင့်ပွဲအခမ်းအနားကို Yoma Strategic မှကျင်းပ


KFC ၏ franchise partner ဖြစ်သည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် ပထမဆုံး KFC စားသောက်ဆိုင်၏ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ရ ရက်နေ့တွင်ကျင်းပခဲ့ကြောင်း သိရသည်။
 “အရသာထူးခြားကောင်းမွန်တဲ့  အစားအစာတွေကိို နှစ်သက်ကြသူတွေက မြန်မာနိုင်ငံတွင် ပထမဆုံး KFC စားသောက်ဆိုင်ကို လာရောက်စားသုံးကြမယ်လို့ ကျွန်တော်တိို့ မျှော်လင့်ပါတယ်“ ဟု KFC Myanmar ၏ Managing Director နှင့် Yoma Strategic ၏ Chief Financial Officer ဖြစ်သူ  JR Ching က ပြောကြားပါသည်။ သန့်ရှင်းလတ်ဆတ်ဆုံးပါဝင်ပစ္စည်းများနှင့် ကျန်းမာရေးနှင့်ညီီညွတ်အောင် ကျွန်တော်တို့  အစားအသောက်တွေ အားလုံး ကိို  ပြင်ဆင်ထားပါတယ်။ KFC အစားအစာတွေကို Colonel Sanders KFC ဆိုင်တည်ထောင် စဉ်က  သူပြုလုပ်ခဲ့တဲ့အညွှန်းအတိုင်း   စီစဉ်ထားတာဖြစ်ပါသည်။ KFC ရဲ့ထူးခြားကောင်းမွန်တဲ့ အရသာ ကို  လူတိုင်းမြည်းစမ်း နိုင်ဖို့ လူတိိုင်းတတ်နိိုင်သောစျေးနဲ့  အစားအသောက်တွေကိို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

Monday, July 6, 2015

Branding နှင် ့စျေးကွက်မြှင့်တင်ရေးမှာ အဓိအားထားလာရသော Facebook



မြန်မာနို်င်ငံတွင် Facebook အသုံးပြုသူဦးရေ ၄ သန်း ၂ သိန်းကျော်ရှိရာမှာ Facebook Fan အရေအတွက်အများဆုံးမှာ 7day News Journal Page ဖြစ်ပြီး Fan အရေအတွက် ၃ သန်း ကျော်ဖြင့် ပထမနေရာတွင်ရှိနေသည်။ ၄င်းနောက်တွင်  Eleven Media Group နှင့် The Irrawady (Burmese Version) တို့မှ Fan အရေအတွက် ၂ သန်းကျော်ဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ််တည်နေကြောင်း Socialbakers စစ်တမ်း အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော Telenor၊ Ooredoo၊ MPT တို့၏ Facebook fan အရေအတွက် အဆင့်သတ်မှတ်ချက်တွင်တော့ Telenor သည် အဆင့် ရ တွင် ရပ်တည်နေပြီး Ooredoo သည် အဆင့် ၁၄ နှင့် MPT သည် အဆင့် ၁၉ တွင်လည်းကောင်း အသီးသီး ရပ်တည်နေကြသည်။ Entertainment အပိုင်းတွင်တော့ Shan-MyanmarGame.com၊ Putet Comics၊ Miss Myanmar World တို့က Fan အရေအတွက် အများဆုံးဖြင့် ဦးဆောင်လျက်ရှိသည်။

ဖုန်း ၃ လုံး တပြိုင်နက်အားသွင်းနိုင်သော 2nd Generation 3USB Power Bank 50000 mAh



ချိုသာသောစျေးနှုန်းဖြင့် Android/iPhone ဖုန်း ၃ လုံး တပြိုင်နက်သွင်းနိုင်၍ အရည်အသွေးကောင်းမွန်သော 2nd Generation 3USB Power Bank 50000 mAh တစ်လုံး ဖြစ်သည်။ အရည်အသွေးပြည့်ဝသော Li-ion battery cell များကို အသုံးပြုထား၍ စွမ်းအင်ကို သင်၏ စမတ်ဖုန်း၊ တက်ဘလက်၊ keypad (သို့မဟုတ်) ဒစ်ဂျစ်တယ် ကင်မရာများတွင် အချိန်မရွေး လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။
အကျယ် 60 mm x အထူ 20mm x အရှည် 140mm သာရှိပြီး 198 g မျှအထိ ပေါ့ပါးသည့် အတွက် သယ်ယူသွားရန် လွယ်ကူပြီး battery စွမ်းအင်သည် 50000 mAh ဟု ဖော်ပြထားပြီး စွမ်းအားမြင့် Lithium-Ion ဘက်ထရီ ကို အသုံးပြုထားသည့်အတွက်လည်း လုံခြုံစိတ်ချစွာ သုံးစွဲနိုင် ပါသည်။ 2.1A USB port ၃ ခု ပါ၀င်သည့်အတွက် သင်၏ iPhone (သို့) စမတ်ဖုန်း ၃ လုံး ကို လိုအပ်ပါက တစ်ပြိုင်နက် အားသွင်းယူနိုင်ပြီး အားသွင်းယူသည့် ပမာဏ အား LED မီးလုံး ဖြင့်မှတ်သားပြသသည့် စနစ်လည်း ပါ၀င်သည်။ Sony ထံမှ ကိုယ်ထည်နှင့် battery cell နည်းပညာများကို ရယူ ပြုလုပ်ထားခြင်း ဖြစ်ပြီး အရေးပေါ် LED မီးလုံး ၄ လုံး အထိ တပါတည်း ပါဝင်ကြောင်း သိရသည်။

၀ယ်ယူလိုပါက www.kaymu.com.mm တွင် ရှာဖွေ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံ၌ ဖွင့်လှစ်မည့် စကျင်ကျောင်နှင့် လိပ်သည်းကျောက်နည်းပညာသင်တန်း သို့ မြန်မာလုပ်ငန်းရှင်များတက်ရောက်နိုင်



စကျင်ကျောက် (Marble) နှင့် လိပ်သည်းကျောက် (Granite) ဆိုင်ရာ နည်းပညာသင်တန်းတစ်ခုကို အီတလီနိုင်ငံ၊ Verona မြို့တွင် ယခုနှစ် စက်တင်ဘာလ ၂၇ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ကျင်းပဖွင့်လှစ်မည်ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေဖြင့် လျှောက်ထားတက်ရောက်နိုင်ကြောင်းသိရသည်။

သင်တန်းကာလအတွင်း တည်းခို စားသောက်ခြင်း၊ ခရီးသွားလာခြင်းနှင့် မြန်မာ-ဘန်ကောက်- Verona လေယာဉ် ခရီးစဉ်ကိုပါ အခမဲ့စီစဉ်ပေးမည်ဖြစ်ပြီး Verona မြို့၌ ကျင်းပမည့် နိုင်ငံတကာ ကျောက်မျက်နှင့် သတ္တုတွင်းထွက်ပစ္စည်း ဒီဇိုင်းနှင့် နည်းပညာပြပွဲကြီး Marmomacc 2015 သို့ အခမဲ့ဝင်ခွင့်လည်း ရရှိမည်ဖြစ်ပါသည်။

ခန့်ငြားထည်ဝါတဲ့ ဒီဇိုင်းနဲ့အတူ Lenovo S850 Smartphone



Lenovo အမှတ်တံဆိပ်ကို အားပေးကြတဲ့ ပရိတ်သတ်များ အတွက် စျေးနှုန်းသက်သာပြီး အရည်အသွေး မြင့်မားတဲ့ Lenovo Smartphone အသစ် S850 ကို မိတ်ဆက်ပေးချင်ပါတယ် ။ ဖုန်းအရွယ်အစား သေးငယ် ပေါ့ပါး ပြီး သေသပ်လှပတဲ့ ထောင့်ချိုး ဒီဇိုင်း နှင့် ၅ လက်မ အကျယ် မျက်နှာပြင် အကျယ်ရှိပါတယ် ။ ၎င်း ၅ လက်မ အကျယ် မျက်နှာပြင်မှာ ကြည်လင်ပြတ်သား ရုပ်ထွက်များကို ကြည့်ရှုအသုံးပြုဖို့ အတွက် HD Resolution ( 1280 x 720 pixel ) အရည်အသွေးရှိပြီး မိသားစု ၊ သူငယ်ချင်းများ နဲ့ တူတူ မျှဝေ ကြည့်ရှုရာ မှာ အဆင်ပြေစေမယ့် Wide View နည်းပါညာ ကိုပါ အသုံးပြုထားပါတယ် ။

hTC Desire 526G+



hTC Desire 526G+ ကတော့ 3G နှင့် 2G Network (၂) မျိုးလုံးကို ချိန်ဆက်အသုံးပြုနိုင်ပြီး GSM/WCDMA Simcard (၂) ခု တပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်သော hTC Desire ရဲ့ မျိုးဆက်သစ် Dual Sim Smartphone ပဲဖြစ်ပါတယ် ။ အရွယ်အစားကြီးမားသော ဖုန်းအမျိုးအစား မဟုတ်ပေမယ့် Screen Size ၄.၇ လက်မ  ကြည်လင်တောက်ပတဲ့ ရုပ်ပုံများကို အပြည့်အဝ ကြည့်ရှု အသုံးပြုနိုင် ဖို့အတွက် ရွေးချယ်နိုင်ပါတယ် ။