Thursday, July 16, 2015

Similarweb.com မှ မြန်မာနိုင်ငံရှိအသုံးပြုသူဦးရေအများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၁၀၀ စာရင်းတွင် ပြည်တွင်း E-commerce နှင့် Classified ၀တ်ဘ်ဆိုက်များ ပါ၀င်လာ



ကမ္ဘာတဝှမ်းရှိ ၀က်ဘ်ဆိုက်များ၏ အသုံးပြုသူနှုန်းအရေအတွက် တွက်ချက်ပေးသည့် Similarweb.com မှ မြန်မာနိူင်ငံတွင် အသုံးပြုသူဦးရေအများဆုံးထိပ်တန်းဝက်ဘ်ဆိုက် ၁၀၀စာရင်းတွင် ပြည်တွင်း E-commerce နှင့် Classified ၀တ်ဘ်ဆိုက်များ ပါ၀င်လာကြောင်း တွေ့ရသည်။
အဆိုပါစာရင်းတွင် ပြည်တွင်းမှ .com.mm ၀က်ဘ်ဆိုက်များဖြစ်သည့် Work.com.mmShop.com.mmKaymu.com.mmAds.com.mm တို့ ပါ၀င်လာပြီး ထိပ်ဆုံးဝက်ဘ်ဆိုက် ၅၀ စာရင်းတွင်တော့ ပြည်တွင်းဝက်ဘ်ဆိုက်များဖြစ်သည့် Thithtoolwin.com၊ Funny.com.mm၊ 7Dailydaily.com၊ Phothutaw.com တို့ပါ၀င်ကြောင်း သိရသည်။

ထိပ်တန်းဝက်ဘ်ဆိုက်များအတွင်း ပါ၀င်ခဲ့သော ပြည်တွင်းဝက်ဘ်ဆိုက်များမှာ သတင်းဝက်ဘ်ဆိုက်၊အလုပ်အကိုင်ရှာဖွေခြင်းနှင့် E-commerce ၀က်ဘ်ဆိုက်တို့ ဖြစ််သောကြောင့် မြန်မာနိူင်ငံတွင် အင်တာနက်သုံးစွဲသူများမှာအွန်လိုင်းအသုံးပြု၍ သတင်းများ ကိုအချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း၊စိတ်အပန်းဖြေစေခြင်းနှင့် အလုပ်အကိုင်ရှာဖွေခြင်း၊ အွန်လိုင်းတွင် စျေးဝယ်ယူခြင်းတို့ အတွက် အဓိကသုံးစွဲနေကြပါသည်။
“အွန်လိုင်းဝက်ဘ်ဆိုက် ၀န်ဆောင်မှုတွေအတွက် ဖေ့စ်ဘုတ်ဟာအရေးကြီးတဲ့ နေရာတစ်ခုဖြစ်လာသလို ပြည်တွင်းသုံးစွဲသူဦးရေ လွန်စွာများပြားလှတဲ့အတွက် ၀က်ဘ်ဆိုက်အသုံးပြုသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံလာနိုင်တဲ့နေရာတစ်ခုလည်းဖြစ်လာ ပါတယ်။ ဒါပြင့် ပြည်တွင်းဝက်ဘ်ဆိုက်တွေရဲ့ နံပါတ် ၂ နေရာမှာရှိနေတယ်ဆိုတော့ ဆိုရှယ်မီဒီယာကိုကောင်းကောင်း အသုံးချ တတ်မယ်ဆိုရင် ပြည်တွင်းက အခြားဝက်ဘ်ဆိုက်တွေလည်း ထိပ်တန်းဝက်ဘ်ဆိုက် ၁၀၀ထဲကိုအချိန်တိုအတွင်း ပြန်ဝင်လာ နိုင်မယ်လို့ ထင်ပါတယ်” ဟု Kaymu.com.mm မှ Public Relations Manager သက်နောင်ဝင်းက ဆိုသည်။
“မြန်မာပြည်အွန်လိုင်းစျေးကွက်မှာ လက်ရှိ Banner လို့ ခေါ်တဲ ့နေရာတွေမှာ အထူးကြော်ငြာလုပ်လာတာကို တွေ ့မြင်လာရ တယ်။ အွန်လိုင်းအသုံးပြုမူ မြင့်တတ်လာတဲ့ အွန်လိုင်းပေါ်မှာ ကြော်ငြာတာတွေ ပိုမိုထိရောက်တယ်လို ့မြင်တော့အွန်လိုင်း  Marketing  တွေ ဘက်ကိုပိုမိုပြီးအားစိုက်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အွန်လိုင်းကနေ အလုပ်အကိုင်ရှာဖွေ လာကြ တယ် ၊ လုပ်ငန်းတွေကိုပိုမိုကျယ်ပြန့်လာအောင် အွန်လိုင်းကနေတဆင့် ကြော်ငြာလုပ်တာကိုလုပ်ငန်းရှင်တွေကလည်း ပိုသဘောကျလာကြပါတယ်။ ကိုယ့်ပစ္စည်းကို Branding ဖြစ်အောင် လုပ်တဲ့လူတွေဆို Facebook လိုနေရာမျိုးမှာ page တွေပြုလုပ်ပြီး social Media ကနေပိုပြီးကျယ်ပြန်အောင် အွန်လိုင်းကိုမြန်မာပြည်မှာအသုံးပြုလာကြတာကိုတွေ ့မြင်နိူင်ပါတယ်။ မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းလုပ်ကိုင်တဲ့ လူတွေအတွက် ဒါက အရမ်းကို အသုံးဝင်  ငွေကြေးနည်းနည်းနဲ ့လုပ်ငန်းကို လူတိုင်း သိအောင်ပြုလုပ်နိူင်တဲ့နည်းဆိုတော့ အရမး်ဘဲစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီ့ထက် မြန်မာပြည်ကလူတွေ အွန်လိုင်း အသုံးပြုမူ မြင့်တတ်လာတာနဲ့အမျှ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေကလည်း ပိုမိုအောင်မြင်နိူင်ချေ မြင့်တတ်လာပါတယ်” ဟု Ads.com.mm မှ Head Of Public Relations ဖြစ်သူ Mr .Elijah Htang မှ အွန်လိုင်းစီးပွားရေးလုပ်ငန်းများနှင့် ပါတ်သက်၍ သုံးသပ်ထားသည်။
လက်ရှိမြန်မာပြည်၏ အွန်လိုင်းအသုံးပြုစူပေါင်း (၁၉) သန်းခန် ့ရှိပြီး အွန်လိုင်းစီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်သူပေါင်း (၄၀၀) ကျော်ခန် ့ရှိကြောင်းသိရသည်။ အဓိကအားဖြင့် Facebook Page များပြုလုပ်ကာ တပိုင်တနိူင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်သူ  (၇၄) ရာခိုင်နူန်းခန့်ရှိကြောင်းသိရှိရလေသည်။ ပြောင်းလဲလာသော စျေးဝယ်မူပုံစံနှင့် လူနေမူပုံစံများကြောင့် အွန်လိုင်း စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းကြော်ငြာများသည် ပိုမိုအောင်မြင်လာနိူင်ကြောင်း စီးပွားလုပ်ငန်းစစ်တမ်း ကောက်ယူသူ များမှ မှတ်ချက်ချထားသည်။



No comments: