Monday, July 6, 2015

hTC Desire 526G+



hTC Desire 526G+ ကတော့ 3G နှင့် 2G Network (၂) မျိုးလုံးကို ချိန်ဆက်အသုံးပြုနိုင်ပြီး GSM/WCDMA Simcard (၂) ခု တပြိုင်တည်း ထည့်သွင်း အသုံးပြုနိုင်သော hTC Desire ရဲ့ မျိုးဆက်သစ် Dual Sim Smartphone ပဲဖြစ်ပါတယ် ။ အရွယ်အစားကြီးမားသော ဖုန်းအမျိုးအစား မဟုတ်ပေမယ့် Screen Size ၄.၇ လက်မ  ကြည်လင်တောက်ပတဲ့ ရုပ်ပုံများကို အပြည့်အဝ ကြည့်ရှု အသုံးပြုနိုင် ဖို့အတွက် ရွေးချယ်နိုင်ပါတယ် ။
  1.3 GHz မြန်နှုန်းမြင့် Quad Core CPU နှင့် ဖုန်းမှတ်ညဏ် 1 GB RAM ပါဝင်ပါတယ် ။ Application, Game များ ၊ Photo, Video များ နှင့် အခြားအချက်အလက်များကို သွင်းယူသိမ်းဆည်းထားရန်အတွက် Internal Storage 8 GB နှင့် အတူ သိုလှောင်မှုပမာဏ ကိုထပ်မံ 32GB အထိ ထပ်မံ တိုးချဲ့နိုင့်မယ့် SDcard Slot ပါဝင်ပါတယ် ။ ဖုန်း အဓိက Camera မှာ 8 MP ရှိပြီး 1080pixel ရှိ HD Video များကို ရိုက်ကူးနိုင်မှာ ဖြစ်သလို 2MP ရှိ Selfie camera နှင့် အတူ 720 pixel ရှိ HD Video များကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ် ။ ဖုန်းကို Android Version 4.4.2 ( Kitkat ) Operating System နှင့် အသုံးပြုထားပါပြီး hTC ရဲ့ Feature များဖြစ်တဲ့ hTC Sense, Blink Feed, hTC Zoe စတဲ့ hTC ရဲ့ Feature များကို အသုံးပြုနိုင်မှာပဲဖြစ်ပါတယ် ။ Warranty (၁၈) လ ပါဝင်တဲ့ hTC Desire 526G+ ကို စျေးနှုန်း  USD 140 ဖြင့် KMD မှ တရားဝင်အရောင်းကိုယ်စားလှယ် ဖြစ်ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း သိရပါတယ်။

No comments: