Wednesday, July 22, 2015

Ads.com.mm မှာအရောင်းအဝယ်ဖြစ်သည့်အကြောင်းအရင်းကို မျှဝေရင်း အပါတ်စဉ်ဆုများထုတ်ယူနိူင်



မြန်မာပြည်၏ အွန်လိုင်းအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့်  ads.com.mm မှ တပါတ်ရစ်ပစ္စည်းများကို ကောင်းမွန်စွာအသုံးချပြီး  အပြင်ဝင်ငွေများကိုရှာဖွေနိူင်မည့်အပြင် ယင်းတို ့ဝက်ဘ်ဆိုက်မှ အရောင်းအဝယ် ဖြစ်သည့် သူများအတွက် လစဉ် ကံစမ်းမဲ အစီအစဉ်များ ကိုပြုလုပ်ဖြစ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


ယင်းကိစ္စနှင့်ပါတ်သက်၍ Ads.com.mm မှယင်းဝက်ဘ်ဆိုက် ၏ Country Manager ဖြစ်သူ Mr.Nico Poma မှ “ ကျွန်တော်တို ့မြန်မာပြည်ကအွန်လိုင်းအသုံးပြုနေတဲ ့လူတွေကို ကိုယ့်လက်ထဲ ၊ ကိုယ် ့အိမ်ထဲမှာ ရှိတဲ ့ တပါတ်ရစ်ပစ္စည်းနဲ ့ တဘက်တလမ်းကနေ ၀င်ငွေရှာဖွေနိူင်မည့်နည်းလမ်းကိုပေးလိုက်တာပါ။ကျွန်တော်တို ့ ၀က်ဘ်ဆိုက်ကိုအသုံးပြုပြီး ရောင်းထွက်အောင်  အကောင်းဆုံးရောင်းချသူတွေအတွက် ဒီလကစတင်ပြီး တပါတ်အတွင်း အကောင်းဆုံးရောင်းချသူကို  ဆုငွေနှစ်သောင်းကျပ်ကိုအပါတ်စဉ်  ရွေးချယ်ပေးအပ်သွားမှာပါ ။ဒီအစီအစဉ်မှာ  အိမ်ရှင်မတွေရော၊ တပါတ်ရစ် ပစ္စည်းရောင်းချလာသူတွေအတွက် ပိုမိုများပြားလာပြီး  အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကိုကောင်းမွန်စွာ အသုံးပြုလာဖို ့အတွက်ရည်ရွယ်ပြီးစီစဉ်ထားတဲ ့ Campaign လေးဖြစ်ပါတယ် “ ဟု ပြောသည်။
“ကျွန်တော်တို ့Campaign မှာ ပုံမှန်အတိုင်း ကြော်ငြာတင်တဲ့ သဘောမျိုးဘဲ ကိုယ်ရောင်းချလိုတဲ့ ပစ္စည်းကို ဓါတ်ပုံရိုက်ပြီး ၊ ပစ္စည်းရဲ့အချက်အလက်တွေကိုအသေးစိတ် ရေးသားပြီး ကြော်ငြာနိူင်ပါတယ်။စျေးနူန်းက ရောင်းသူနှင့် ၀ယ်သူတိုက်ရိုက်တွေ ့ဆုံပြီး ကျေနပ်မူရှိသည်အထိ ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ် ။ အကောင်းဆုံးကြော်ငြာရှင်တွေထဲကမှ စည်းကမ်းနဲ ့ကိုက်ညီတဲ့ ကြော်ငြာသူကို အပါတ်စဉ်ရွေးချယ်သွားမှာဖြစ်ပါတယ် ။ ဟု Head Of marketing ဖြစ်သူ ကိုသိန်းသန်းထိုက်မှ ပြောသည်။
Ads.com.mm သည် မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် တစ်ခုဖြစ်ပြီးယင်းဝက်ဘ်ဆိုက်တွင် ဖုန်း ၊ အိမ်ခြံမြေ၊ ကား  မှ စ၍  ဖက်ရှင် ပစ္စည်းများ အသစ် နှင့် တပါတ်ရစ်ပစ္စည်းများကိုလည်း အခမဲ့ကြော်ငြာပြီး အကျိုးအမြတ်ကိုအပြည့်အဝခံစားရရှိနိူင်မည့် ၀က်ဘ်ဆိုက်ဖြစ်လေသည်။

Ads.com.mm သည် မြန်မာပြည်၏    နံပါတ်(၁) အခမဲ့ကဏ္ဍစုံကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းမျာ း ၀န်ဆောင်မူများကို   ယင်းဝက်ဘ်ဆိုက်တွင်   အခမဲ့ကြော့်ငြာတင်၍ရောင်းချနိူင်သည်။၀န်ဆောင်ခများ ၊ပွဲစားများမလိုအပ်သည် ့အတွက်     ရောင်းဝယ်မူမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အဝ ခံစားရရှိနိူင်ပါသည်။ Ads.com.mm သည် Rocket Internet ၏ venture တစ်ခုဖြစ်ပြီး House.com.mm ,Motors.com.mm , Work.com.mm , Kaymu.com.mm & Shop.com.mm တို ့ဖြင့် မြန်မာပြည်တွင်း Partner အဖြစ် လုပ်ဆောင်လျှက်ရှိလေသည်။



No comments: