Monday, July 6, 2015

ခန့်ငြားထည်ဝါတဲ့ ဒီဇိုင်းနဲ့အတူ Lenovo S850 Smartphone



Lenovo အမှတ်တံဆိပ်ကို အားပေးကြတဲ့ ပရိတ်သတ်များ အတွက် စျေးနှုန်းသက်သာပြီး အရည်အသွေး မြင့်မားတဲ့ Lenovo Smartphone အသစ် S850 ကို မိတ်ဆက်ပေးချင်ပါတယ် ။ ဖုန်းအရွယ်အစား သေးငယ် ပေါ့ပါး ပြီး သေသပ်လှပတဲ့ ထောင့်ချိုး ဒီဇိုင်း နှင့် ၅ လက်မ အကျယ် မျက်နှာပြင် အကျယ်ရှိပါတယ် ။ ၎င်း ၅ လက်မ အကျယ် မျက်နှာပြင်မှာ ကြည်လင်ပြတ်သား ရုပ်ထွက်များကို ကြည့်ရှုအသုံးပြုဖို့ အတွက် HD Resolution ( 1280 x 720 pixel ) အရည်အသွေးရှိပြီး မိသားစု ၊ သူငယ်ချင်းများ နဲ့ တူတူ မျှဝေ ကြည့်ရှုရာ မှာ အဆင်ပြေစေမယ့် Wide View နည်းပါညာ ကိုပါ အသုံးပြုထားပါတယ် ။


Android Version 4.4.2  ( Kitkat ) နှင့် မောင်းနှင်ထားပြီး GSM/WCDMA Network များကို ချိတ်အသုံးပြုနိုင်တဲ့ SIM card (၂) ကဒ်သုံး Dual Sim Smartphone အမျိုးအစား ဖြစ်ပါတယ် ။ စွမ်းဆောင်ရည်ပိုင်း ကို ကြည့်မယ်ဆိုရင် ဖုန်း ကို အထစ် အငေါ့ မရှိ အသုံးပြုနိုင်ဖို့ အတွက်ပဲ ဖြစ်ဖြစ် ၊ လိုင်းဆွဲ အား ကောင်းကောင်း နဲ့ အင်တာနက် အသုံးပြုနိုင်ဖို့ အတွက်ပဲ ဖြစ်ဖြစ် မြန်နှုန်း 1.7 GHz ရှိတဲ့ Quad Core CPU နှင့် အတူ RAM Memory 1 GB အသုံးပြုထားပါတယ် ။ Application နှင့် Game များ သွင်းယူထားရန် နှင့် Photo , Video နှင့် အချက်အလက်များ သိမ်းဆည်းထား ဖို့ အတွက် လုံလောက်တဲ့ Internal Storage 16GB ပါဝင်တဲ့ အပြင် Storage ထပ်မံ တိုးချဲ့ဖို့ အတွက် micro SD Card Slot ပါဝင်ပါတယ် ။ Camera ပိုင်းကို ကြည့်မယ်ဆိုရင်လည်း Primary Camera မှာ 13 MP အရည်အသွေးရှိပြီး Front Camera 5 MP နှင့် အတူ အရည်အသွေး ပြည့်ဝတဲ့ Selfie များကို ရိုက်ယူနိုင်မှာ ဖြစ်ပါတယ် ။ အခြား Feature များအနေနဲ့ ဖုန်းပျောက်သွားပါက အလွယ်တကူ ပြန်လည် ရှာဖွေနိုင်တဲ့ Security App ၊ ဖုန်းဝင်လာချိန်တွင် နား အနားသို့ ကပ်လိုက်ရုံဖြင့် အလိုအလျောက် ဖုန်းပြန်လည် ဖြေဆိုပေးနိုင့်တဲ့ Smart Answer နည်းပညာ ၊ Data များကို  Lenovo Cloud Storage တွင် သိမ်းဆည်းထားနိုင်မည့် Syncit system ၊ ဖုန်းမျက်နှာပြင်ကို ကြည့်ရှုနေပါက screen log off မကျသွားတဲ့ Smart Stand by နည်းပညာ ၊ Data ကူးယူပေးပို့နှုန်း မြန်ဆန်တဲ့ built-in Share it App နှင့် ကားမောင်းနေစဉ် အတွင်း ဖုန်းလက်ခံ ခေါ်ဆိုခြင်း ၊ message ပေးပို့ခြင်း နှင့် လမ်းညွှန်ရှာဖွေခြင်းများကို အသံမြင် ခိုင်းစေနိုင်တဲ့ Driving Application များ ပါဝင်ပါတယ် ။  အရည်အသွေး ပြည့်ဝကောင်းမွန်ပြီး အာမခံ (၁) နှစ်ပါဝင်တဲ့ Lenovo S850 Smartphone ကို အမြို့မြို့ အနယ်နယ်ရှိ KMD Sales Centre များတွင် စျေးနှုန်း ကျပ် ၁၈၃,၀၀၀ ဖြင့် ဝယ်ယူနိုင်ပါတယ် ။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၃၈၁၁၂၉, ၃၈၁၀၃၅, ၃၈၁၇၇၆ Ext : ၁၂၄, ၁၄၆ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ။

No comments: