Tuesday, April 26, 2016

မန္တလေးမြို့တွင်အလုပ်အကိုင်ပြပွဲကြီးနှစ်ရက်ကြာကျင်းပပြုလုပ်မည်။


လာမည့်၂၀၁၆ခုနှစ်မေလရရက်နေ့နှင့်၈ရက်နေ့များတွင်မန္တလေးမြို့၌အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကြီးတခုပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းယင်းအလုပ်အကိုင်ပြပွဲကြီးကိုဦးဆောင်ကျင်းပမည့်          work.com.mm မှသတင်းထုတ်ပြန်သည်။အဆိုပါအလုပ်အကိုင်ပြပွဲကြီးကို မန္တလေးရတနာမောလ်တွင် နံနက်၉နာရီမှညနေ၄နာရီထိ စနေနေ့နှင့်တနင်္ဂနွေနေ့ များတွင်နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းပြပွဲကြီးတွင် တယ်လီနောမြန်မာမှ (Diamond Sponsor) အဓိကကူညီပံံပိုးပေးသွားမည်ဖြစ်ပြီးကုမ္ပဏီပေါင်း၁၄ခုမှဝန်ထမ်းများခေါ်ယူရန်အတွက်ပါ၀င်သွားမည်ဖြစ်ကြောင်းသိရသည်။အလုပ်အကိုင်ပြပွဲကြီးသို့လာရောက်ရန်အတွက် work.com.mm ၏ဝက်ဘ်ဆိုဒ်နှင့် Facebook တို့တွင်ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။အဆိုပါပြပွဲကြီးတွင် Iphone SE နှင့်တကွအခြားသောဆုလက်ဆောင်များကိုလည်းမဲဖောက်၍ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့်ပြပွဲသို့လာရောက်သူများအနေဖြင့်အလုပ်လျှောက်လွှာများများကိုယူဆောင်လာရန်လိုအပ်ပြီးသတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများကိုလုပ်ငန်းရှင်များဘက်မှတိုက်ရိုက်အင်တာဗျူးခေါ်ယူသွားမည့်အခွင့်အရေးကိုပါရရှိနိုင်ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း work.com.mm မှပွဲစီစဉ်သူတဦးဖြစ်သူ Marketing   Officer ကိုရန်ပိုင်မှပြောကြားသည်။
“ကျွန်မတို့မန္တလေးမှာကအလုပ်အကိုင်ပြပွဲတွေလုပ်တော့လုပ်တယ်၊ရှားတော့ရှားတာပေါ့။ဒီဘက်မှာကအလုပ်ရှာဖွေရေးအေဂျင်စီတွေကိုဘဲအားကိုးချိတ်ဆက်ရတာများတယ်။အခုလိုလုပ်ငန်းအများကြီးကတထိုင်တည်းလာ ခေါ်မှာဆိုရင်တော့အခွင့်အရေးလည်းများသွားမယ်၊လုပ်ငန်းရှင်နှင့်လည်းတိုက်ရိုက်ထိတွေ့ခွင့်ရမယ်ဆိုတော့ပိုကောင်းတာပေါ့နော်။ဒီဘက်မှာတော့မိန်းကလေးဆိုဘဏ်လုပ်ငန်းတို့၊စာရင်းကိုင်တို့၊အမျိုးသားတွေဆိုရင်တော့ အိုင်တီတို့၊ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုတို့လျှောက်ချင်တာများမယ်လို့တော့ထင်ပါတယ်” ဟုမန္တလေးမြို့ခံတဦးဖြစ်သူမနှင်းဝေကပြောကြားသည်။

Thursday, April 7, 2016

ရန်ကုန်မြို ့တွင်းရှိ စိတ်ဝင်စားဖွယ်ကောင်းသည့်အိမ်ခြံမြေစျေးကွက်များနှင့်စျေးနူန်းများကို City FM တွင်စတင်နားဆင်နိူင်မည်


မြန်မာနိူင်ငံ၏ ဖွိ ့ဖြိုးတိုးတတ်လာသော အွန်လိုင်းစျေးကွက်မှ အိမ်ခြံမြေစျေးကွက်များကို City FM တွင် စတင်နားဆင်နိူင်မည်ဖြစ်သည်။ယင်းအိမ်ခြံမြေစျေးကွက်များ၏ အချက်အလက်များကို မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှပံ့ပိုးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။ယင်းအစီအစဉ်အား လာမည့် ဧပြီလ ပထမအပါတ်တွင် စတင် နားသောတဆင်နိူင်မည်ဖြစ်သည်။

Wednesday, April 6, 2016

CB Securities က ငွေချေးသက်သေခံ လက်မှတ် ဝန်ဆောင်မ ှု လုပ်ငန်းများ အတွက် Omnesys NEST™ စတော့ရှယ်ရာ ရောင ်းဝယ်မှုစနစ် အား အသုံးပြုသွားရန် ရွေးချယ်


CB Bank၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် CB Securities
(ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် ၎င်းတို့၏ ငွေချေးသက်သေခံလက်မှတ် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် Thomson Reuters ၏ Omnesys NEST™ စတော့ရှယ်ရာ ရောင်းဝယ်မှုစနစ် (Trading Solution Platform) အား
အသုံးပြုသွားရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Thomson Reuters ၏ Omnesys NEST ™ သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ တိုးတက်ဖွံွ့ဖြိုးဆဲ ငွေကြေးစျေးကွက်များတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် စတော့ရှယ်ယာ ရောင်းဝယ်မှု ထိန်းချုပ်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး
သုံးစွဲသူများအား မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် ထိရောက်စွာ ဝန်ဆောင်မှုပေးအပ်နိုင်မည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

“ဒီစနစ်ဟာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ့် client တွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ကျဉ်းပေးလာမှာပါ။
ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်း အဝယ် ပြုလုပ်နေတဲ့
အများပိုင်ကုမ္ပဏီများရဲ့ အစုရှယ်ယာများကို ဝယ်ယူရောင်းချပြီး
ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ မှတ်တမ်း Portfolio များကို ဆထက်တစ်ပိုး
တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်ပါတယ်” ဟု CB Securities မှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။
 

Work.com.mm ၏နယ်လှည့်ပညာပေးအစီအစဉ်တရပ်ကို အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မြို့တွင်ကျင်းပပြုလုပ်ခဲ့


မြန်မာပြည်တွင်းဦးဆောင်အလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်သော work.com.mm သည်ယင်းဝက်ဘ်ဆိုဒ်၏ရည်မှန်းချက်များဖြစ်သောလုပ်ငန်းရှင်များနှင့်အလုပ်ရှာဖွေသူများအားအကောင်းဆုံးစုံစည်းပေးနိုင်ရန်၊ပွင့်လန်းလာသည့်နိုင်ငံရေးနိုင်ငံရေးနှင့်စီးပွားရေးအပေါ်အခြေခံ၍ဝင်ရောက်လာမည့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများအတွက်လူ့စွမ်းအားအရင်းအမြစ်များပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အလုပ်လျှောက်လွှာပြင်ဆင်နည်း၊ cover letter ရေးသားနည်း၊အင်တာဗျူးဖြေဆိုရန်ပြင်ဆင်နည်းစသည့်တို့ကိုအစိုးရနှင့်ပုဂ္ဂလိကကျောင်းများနှင့်ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိနေပါသည်။ယခုလ ဧပြီသုံးရက်နေ့တွင်လည်း work.com.mm နှင့် ADRA( အာဒရာမြန်မာအစိုးရမဟုတ်သောအဖွဲ့အစည်း) နှင့်ပူးပေါင်း၍ အစိုးရနည်းပညာအထက်တန်းကျောင်းဘားအံတွင်အလုပ်အအကိုင်အခွင့်အလမ်းဆိုင်ရာ
“ ကျွန်တော်တို့ဒီလိုစီစဉ်ဖြစ်တာက-ဒီဘက်ကလူငယ်တွေကိုလည်းအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာနှင့်ပတ်သတ်တဲ့အသိပညာတွေပေးချင်တယ်။အလုပ်အမြန်ရဖို့ဘာတွေလိုမလဲ၊အင်တာဗျူးအတွက်ဘယ်လိုပြင်ဆင်မလဲဆိုတာတွေအပြင် ၊အင်တာနက်ကိုအကျိုးရှိရှိအသုံးချတက်အောင်ရယ်၊အမြင်ကျယ်လာစေချင်တာရယ်စတဲ့ရည်ရွယ်ချက်တွေနှင့်   ပြုလုပ်ပေးခဲ့တာပါ။ဒီဘက်မှာကအိမ်နိးချင်းနိုင်ငံဘက်မှာဘဲအလုပ်သွားလုပ်တတ်တဲ့လွမ်းမှိုးမှုကလည်းရှိနေတော့၊ဒါကိုလည်းဖြေလျော့ချင်တာရယ်၊ကိုယ်ပိုင်ကိုယ်တိုင်ရပ်တည်နိုင်အောင်ဆိုပြီးဒီအစီအစဉ်ကိုလုပ်ပေးဖြစ်တာပါလို့” အာဒရာမြန်မာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြံပေးအရာရှိ ဦးစောသူရမောင်ကပြောကြားပါတယ်။
ပညာပေးအစီအစဉ် နှင့်စိတ်ဓတ်မြှင့်တင်မှုဆိုင်ရာဟောပြောပို့ချပွဲတခုပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။အဆိုပါဟောပြောပွဲအခမ်းအနားကိုဘားအံမြို့အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ADRA ( အာဒရာမြန်မာ) ကအဓိကစီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ADRA (အာဒရာမြန်မာ) သည်အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှင့်ပူးပေါင်း၍သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် ကရင်ပြည်နယ်ရှိလူငယ်လူရွယ်များအသက်မွေးဝမ်းကြောင်းပညာရပ်များကိုစနစ်တကျတတ်မြောက်ပြီး၊မိမိ၏ကိုယ်ပိုင်ဘဝကိုကျွမ်းကျင်မှုအတက်ပညာဖြင့်လှပစွာထုဆစ်နိုင်ရန်၊ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်နိုင်စေရန်အတွက်ကျွမ်းကျင်မှုအသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများကိုပံံပိုးပေးလျှက်ရှိသည်။လက်ရှိတွင် အာဒရာမြန်မာသညအစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း၊မွမ်းမံစက်ချုပ်သင်တန်း၊အခြေခံကွန်ပျူတာသင်တန်း၊အဆင်မြင့်ကွန်ပျူတာသင်တန်း၊လျှပ်စစ်နှင့်စက်ပြင်သင်တန်း၊အခြေခံစီးပွားရေးနှင့်ဘဝတွက်တာကျွမ်းကျင်ပညာရပ်သင်တန်းစသည်တို့ကိုပံံပိုးကူညီပေးလျှက်ရှိနေပြီးအလုပ်သင်အနေဖြင့်ဝင်ရောက်ဆောင်ရွက်ပေးလျှက်ရှိနေကြောင်းသိရသည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော် တွင် လူငယ်စီးပွားရေးအခွင့်အလမ်းညီလာခံ မြ န်မာနိုင်ငံမှ လူငယ်စီးပွားရေး လုပ်ငန်းရှ င်များ လျှောက်ထားနိုင်

 
ယခုနှစ်အတွက် (၁ဝ) ကြိမ်မြောက်ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးအခွင့်အလမ်းတစ် ရပ်အနေဖြင့် အမေရိကန်နိုင်ငံ
ဝါရှင်တန်ဒီစီမြို့တော်တွင် လူငယ်စီးပွားရေးအခွင့်အလမ်းညီလာခံ ကို ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ လူငယ်စီးပွားရေး လုပ်ငန်းရှင်များ လျှောက်ထားနိုင်သည်။
”မြန်မာလူငယ်တွေအတွက် နိုင်ငံတကာအတွေ့အကြုံဆိုတာ
အဓိကအရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒီလိုအတွေ့အကြံု တွေကမှ တစ်ဆင့် ကိုယ့်ဒေသမှာ ပြန်ပြီး အသုံးချမယ်ဆို အတော်ကို အသုံးဝင်မှာပဲ
ဖြစ်ပါတယ်”ဟု 7HR Business Group မှ CEO ဦးသန်းစိုးက ပြောသည်။ အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လူငယ်များ စီးပွားရေးဆိုင်ရာ အခွင့်
အလမ်းများညီလာခံကို အမေရိ ကန်နိုင်ငံတွင် အောက်တိုဘာ ၂၈ ရက်မှ ၃ဝ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၅ဝ ကျော်မှ
စွန့်ဦးတီထွင်နိုင်သည့် ဆုံးဖြတ်ချက်အဖြေများနှင့်
လိုက်နာကျင့်သုံးရမည့်အချက်များအတိုင်း လက်တွေ့အကောင်အထည်ဖော်
အောင်မြင်လျက်ရှိသောခေါင်းဆောင်း များတက်ရောက်မည်ဖြစ်ကြောင်း၊
ယင်းခေါင်းဆောင်များထံမှ နောက်ဆုံးပေါ်နည်းဗျူဟာများ၊ နည်း ပညာများဆိုင်ရာ နက်ရှိုင်းသော ဗဟုသုတများရရှိနိုင်ခြင်းနှင့် ကွန်ရက်များ
တည်ဆောက်နိုင်ခြင်း များရရှိမည်ဖြစ်ကြောင်း သိရ သည်။
လျှောက်ထားလိုသူများအနေ ဖြင့် ယခုလ ၂၅ ရက်အထိ နောက် ဆုံးထား
လျှောက်ထားနိုင်မည်ဖြစ် ပြီး လျှောက်ထားလိုသူများမှာ
ကိုယ်တိုင်ဦးဆောင်ဆွေးနွေးမည့် အဆိုပြုလွှာတစ်စောင်ကိုတင်သွင်း

မြန်မာ လူ့အခွင့်အရေး မတိုးတက်ဟု ကုလသမဂ္ဂ လူ့အခွင့်အေ ရး ကောင်စီသုံးသပ်



မတ်လ ၁၇ ရက် က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ နိုင်ငံ အလိုက် လူ့အခွင့်အရေး အခြေအနေ ကို သုံးသပ်  ဆွေးနွေးပွဲ ကျင်းပ ခဲ့ရာ မှာ မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး အခြေအနေ ကိုလည်း သုံးသပ်မှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့ကြတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း တွေက လက်ရှိ အစိုးရ ဟာ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေ ကို တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြောင်း မတ်လ ၂၃ ရက်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ် ပြီး ပြောကြား ခဲ့ပါတယ်။

မြန်မာပြည်က ၁ဝ ဖွဲ့ ဒီအစည်းအဝေး တက်ရောက်ခဲ့ကြပြီး မြန်မာ အစိုးရက အရင် အစည်းအဝေးမှာ လက်ခံ ကတိပြုထားတဲ့ လူ့အခွင့်အရေး အကြံပြုချက် တွေကို အကောင်အထည် မဖော်နိုင်သေးဘူးလို့ သူတို့က ထုတ်ပြန် ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆို၊ သင်းပင်း ဖွဲ့ခွင့်တွေကို အာမခံမယ်လို့ အစိုးရက ကတိပြု ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ပြည်ကြီးခင်အဖွဲ ့ကအုပ်ချုပ်မှု ဒါရိုက်တာ မနွယ်ဇင်ဝင်းက ပြောပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူတွေကို ခြိမ်းခြောက်နေတဲ့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ၊ သတင်းမီဒီယာ ဥပဒေ ၊ ပုံနှိပ်ထုတ်   ဝေခြင်း လုပ်ငန်း ဥပဒေတွေကို အစိုးရက ပြင်ဆင်မယ့်ပုံလည်း မရှိဘူးလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် နေကြတဲ့ တပ်သားတွေ နဲ့  အာဏာပိုင် တွေကို အပြစ်ပေး မခံရဘဲ ကင်းလွတ်နေတာကို အဆုံးသတ်ဖို့ကိုလည်း အာဏာပိုင်တွေက ငြင်းဆန်ခဲ့တယ် လို့ အဖွဲ့ ၁ဝ ဖွဲ့က ထုတ်ပြန် ထားပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်ပြီး ပူပြင်းတဲ့ရာသီဥတုကို ဘယ်လို အန်တုမလဲ



တစ်နိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုးဟာ
အမြင့်ဆုံးဖြစ်တဲ့ (> 11.0) လွန်ကဲအဆင့် Extreme Level ကို
စတင်ရောက်ရှိှနေပြီလို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။
ဒီလို ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်ပြီဆိုရင် ကြုံတွေ့နိုင်တဲ့
ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကတော့ အသားနေလောင်ခြင်း၊
အရေပြားကင်ဆာဖြစ်စေတတ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်စေနိုင်ခြင်းနဲ့
သားသမီးမရနိုင်သောရောဂါရရှိစေနိုင်ခြင်းတို့ဖြစ်ကြပါတယ်။
ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်ရောက်ရှိနေတဲ့ နေရောင်ခြည်အောက်မှာ
အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင်းခြင်းဟာ ကျန်းမာရေးအတွက်
အန္တရာယ်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်ထဲမှာ အကာအကွယ်မဲ့
နေထိုင်သွားလာခြင်းက ရှောင််ကြဉ်ကြဖိုနဲ့ ခရမ်းလွန်ရောင်ခြည်
အညွှန်းကိန်းများပြန်လည်ကျဆင်းသွားသည်အထိသို့မဟုတ် နေကျသွားသည်အထိ
စောင့်ဆိုင်းဖို့ kaymu.com.mm ကတိုက်တွန်းပါတယ်။

မဖြစ်မနေ နေရောင်ခြည်အောက်သွားဖို့ အကြောင်းရှိလာခဲ့ရင်လဲ
ခရမ်းလွန်ရောင်ခြည်အကာအကွယ်ပေး အဝတ်အစားများဝတ်ဆင်တာ၊ အနားကျယ်ပြန့်တဲ့
ခန္ဓာကို အကာအကွယ်ပေးနိုင်တဲ့ ဦးထုပ်တွေဆောင်းတာ၊ ရောင်ခြည်ကာမျက်မှန်
SPF 30+ကို တပ်ဆင်တာတွေလုပ်ဖို့ တိုက်တွန်းပါတယ်။အပြင်သွား စရာရှိတယ်၊
ဒီလိုပစ္စည်းတွေ အိမ်မှာ အဆင်သင့်မရှိဘူး ဘယ်လိုလုပ်ရမလဲဆိုရင်တော့
kaymu.com.mm ကို သတိရလိုက် ပါ။ဖုန်းအင်တာနက်လေးဖွင့်ပြီးတော့
kaymu.com.mm ဆိုပြီးတော့ browser ထဲရိုက်ထည့်ပြီး ကိုယ်လို ချင်တဲ့
ပစ္စည်းလေးတွေကို ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းဆိုရင်
သုံးရက်ကနေ တစ်ပတ်အတွင်းပို့ ပေးမှာဆိုပေမဲ့
ကြိုတင်ပြီးတော့မှာယူထားဖို့လည်း အကြံပြုလိုပါတယ်။

တစ်ကိုယ်ရေသုံးပန်ကာ
ပူပြင်းတဲ့ ရာသီဥတုကို အံတုဖို့ရာ အဲကွန်းခန်းထဲမှာ လူတိုင်းက ၂၄
နာရီထိုင်နေဖို့ မဖြစ်နိုင်ပါဘူး။

သွားရင်းလုပ်ရင်း လုပ်ရင်းကိုင်ရင်း ခရီးသွားရင်းပဲဖြစ်ဖြစ်
အဲကွန်းမရနိုင်တဲ့နေရာတိုင်းမှာ အလွယ်တကူ ရွှေ့ပြောင်းပြီး
ပေါ့ပါးလွတ်လပ်စွာ အသုံးပြုနိုင်တဲ့ တစ်ယောက်စာ လက်ကိုင် Hand-Held Air
Condition လေးပါ။ ကားထဲမှာလည်း တစ်ယောက်စာအတွက် အဆင်ပြေစွာ
အသုံးပြုနိုင်ပြီး အဲကွန်းဖွင့်တဲ့ ဓာတ်ဆီဖိုးနဲ့စာရင် 95
နှစ်ဂါလံစာပင်မရှိပါ။ လူကြီးမင်းရဲ့ Laptop နဲ့လည်း အလွယ်တကူ USB
ခေါင်းဖြင့်ပင် ချိတ်ဆက်ပြီး အလုပ်လုပ်နေစဉ်တွင်လည်း အသုံးပြုနိုင်ပါသည်။
၀ယ်ယူမယ်ဆိုရင် kaymu.com.mm ကို သတိရလိုက်ပါ။

နေရောင်ကို စတိုင်ကျကျကာကွယ်မယ်
မျက်လုံးဟာ ခန္ဓာကိုယ်မှာ အနုညံ့ဆုံးနဲ့ အရေးကြီးဆုံးအရာပါ။ အခုလို
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်နေတဲ့အချိန်မှာ အပြင်ထွက်မယ်ဆိုရင်
ရောင်ခြည်ကာမျက်မှန် ၀တ်ဆင်တာလုပ်ဖို့

အရေးကြီးပါတယ်။ဒီနေရာမှာလည်း နေကာမျက်မှန်ဟာ နေရောင်ခြည်ထဲက
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ အတွက် SPF 30+ကို
တပ်ဆင်တာတွေလုပ်ဖို့လိုပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဦးထုပ်ကြီးကြီးသုံးပါ
ဦးထုပ်ကြီးကြီးဆောင်းထားမယ်ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ
အတော်အတန်လုံခြုံမှုရရှိသွားပါပြီး။ ခန္ဓာကိုယ်အပေါ်ပိုင်းဟာ အရေးကြီးတဲ့
အစိတ်အပိုင်းတွေဖြစ်တဲ့ဦးခေါင်း၊ မျက်လုံးစတာတွေရှိပြီး ထိခိုက်ပျက်
စီးသွားလို့ရှိရင် အစားထိုးလို့မရနိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။
အခုနေရောင်ခြည်ထဲမှာပါတဲ့  ခရမ်းလွန် ရောင်ခြည်ဟာ အခုလိုအရေးကြီးတဲ့
ခန္ဓာကိုယ်အပေါ်ပိုင်းကို မထိနိုင်ဖို့အတွက် အပြင်ထွက်မယ်ဆိုရင်
ဦးထုတ်ကြီးကြီးဆောင်ကြဖို့လည်း တိုက်တွန်းလိုက်တယ်နော်။