Wednesday, July 8, 2015

မြန်မာနိုင်ငံရှိ KFC ဆိုင်ဖွင့်ပွဲအခမ်းအနားကို Yoma Strategic မှကျင်းပ


KFC ၏ franchise partner ဖြစ်သည့် Yoma Strategic Holdings Ltd သည် မြန်မာနိုင်ငံတွင် ပထမဆုံး KFC စားသောက်ဆိုင်၏ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ရ ရက်နေ့တွင်ကျင်းပခဲ့ကြောင်း သိရသည်။
 “အရသာထူးခြားကောင်းမွန်တဲ့  အစားအစာတွေကိို နှစ်သက်ကြသူတွေက မြန်မာနိုင်ငံတွင် ပထမဆုံး KFC စားသောက်ဆိုင်ကို လာရောက်စားသုံးကြမယ်လို့ ကျွန်တော်တိို့ မျှော်လင့်ပါတယ်“ ဟု KFC Myanmar ၏ Managing Director နှင့် Yoma Strategic ၏ Chief Financial Officer ဖြစ်သူ  JR Ching က ပြောကြားပါသည်။ သန့်ရှင်းလတ်ဆတ်ဆုံးပါဝင်ပစ္စည်းများနှင့် ကျန်းမာရေးနှင့်ညီီညွတ်အောင် ကျွန်တော်တို့  အစားအသောက်တွေ အားလုံး ကိို  ပြင်ဆင်ထားပါတယ်။ KFC အစားအစာတွေကို Colonel Sanders KFC ဆိုင်တည်ထောင် စဉ်က  သူပြုလုပ်ခဲ့တဲ့အညွှန်းအတိုင်း   စီစဉ်ထားတာဖြစ်ပါသည်။ KFC ရဲ့ထူးခြားကောင်းမွန်တဲ့ အရသာ ကို  လူတိုင်းမြည်းစမ်း နိုင်ဖို့ လူတိိုင်းတတ်နိိုင်သောစျေးနဲ့  အစားအသောက်တွေကိို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

ရန်ကုန်မြို့၏ နာမည်ကျော်   ဗိုလ်ချုပ်အောင်ဆန်းစျေးနှင့် မျက်နှာချင်းဆိိုင်ရှိိ ရန်ကုန်မြို့လယ်ရှိ အမှတ် ၃၇၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိိ ဖွင့်လှစ်ရန်  ရည်ရွယ်ထားသည့်  နှစ်ထပ်အဆောက်အဦိး သည် ၆,ဝဝဝ စတုရန်းပေ ကျယ်ဝန်းပြီး လူ  ၂၄ဝ အတွက် နေရာ စီစဉ်ထားရှိပါသည်။
ကမ္ဘာ့လူသိများဆုံး တံဆိပ်တွေထဲမှ တစ်ခု အပါအဝင်ဖြစ်သော KFC လုပ်ငန်းသည် ရာစုနှစ်ဝက်ကျော်ခန့်က စားသောက်ဆိုင်ကို စတင်တည်ထောင်သူ Colonel Sanders ၏ ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုး အရောအစပ်နှင့် ၎င်း၏ Original Recipe အတိုင်းပြုလုပ်ထားသော ကြက်ကြော်သည် နိုင်ငံတကာတွင် ကျော်ကြားပါသည်။ Yoma Strategic ကုမ္ပဏီက KFC ၏ အထူးဖန်တီးထားသော Original Recipe ကြက်ကြော်နှင့် အခြားသော KFC ၏ အဓိက ထုတ်ကုန်များဖြစ်သည့် Hot & Crispy ကြက်ကြော်နှင့် Zinger Burger များကို မြန်မာနိုင်ငံတွင် မူလအရသာအတိုင်း ရရှိသုံးဆောင်နိုင်စေမည် ဖြစ်ပါသည်။ ဟင်းလျာစာရင်းတွင် မြန်မာကြိုက်အရသာနှင့် အပြင်အဆင်အတိုင်းစီမံထားသော သန့်ရှင်းလတ်ဆတ်သော အရံသင့်အစားအစာများလည်း ပါဝင်မှာ ဖြစ်ပါသည်။
KFC ကို ရန်ကုန်စျေးကွက်သို့တင်သွင်းရန် ချုပ်ဆိုထားသော Franchise မူပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ တိုးတက်ကျယ်ပြန့် လာသော စားသောက်ကုန်လုပ်ငန်းတွင် အရေးပါသည့်လုပ်ငန်းတစ်ခုအဖြစ် နေရာယူနိုင်ရန် Yoma Strategic ၏ သန္နိဌာန်ချထားမှုနှင့် ထွန်းသစ်စစျေးကွက်များတွင် KFC ၏ ဆက်လက်ဆောင်ရွက်နေဆဲဖြစ် သည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းချဲ့ထွင်မှုမဟာဗျူဟာကို မီးမောင်းထိုးပြလျက် ရှိပါသည်။
KFC ၏ ပထမဆုံးသော မြန်မာတီဗွီကြော်ငြာသည် ဆိုင်ဖွင့်ပွဲအခမ်းအနားကိုအကြောင်းကိုပြောပြပြီး ကြော်ငြာက ရန်ကုန်မြို့ရှိ KFC စားသောက်ဆိုင်သစ်သို့ လာရောက်မည့် အလွှာအသီးသီးမှ လက်တွေ့လူများ၏ ဇာတ်လမ်းများကို ပြောပြမှာ ဖြစ်ပါသည်။ လူအားလုံး KFC ကို အတူတူသုံးဆောင်နိုင်ရန်ရည်ညွန်းထားသည့်နည်းတူ တီဗွီကြော်ငြာသည် Colonel Sanders ရှိစဉ်ကတည်းက သူ၏ဆိုင်စားပွဲသို့ လာရောက်သော ကုန်တင်ကားမောင်းသူမှ မီလျံနာသူဌေးအထိ လာရောက်သူအားလုံးကို ကြိုဆိုသည့် အကြောင်းအရာကို ဆက်စပ်ပြသသွားမှာ ဖြစ်ပါသည်။
KFC သည် ကမ္ဘာ့အကြီးဆုံးစားသောက်ဆိုင်တွဲလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ကမ္ဘာလုံး အရောင်းပမာဏ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိကာ နိုင်ငံပေါင်း ၁၂၀ ကျော်တွင် စားသောက်ဆိုင်ပေါင်း ၁၉၄၀၀ ကျော် ဖွင့်လှစ်ထားပါသည်။
Yum! Brands သည် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီဖြစ်ပြီး ၎င်း၏ ဆိုင်ပေါင်း (၈၀) ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံကဲ့သို့သော ထွန်းသစ်စစျေးကွက်များတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းတွင် အမေရိကန်ပြင်ပတွင် ဆိုင်သစ် ပေါင်း  ၂၀၃၀ ကျော်ကို ဖွင့်လှစ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် လူတစ်သန်းလျှင် စားသောက်ဆိုင်ပေါင်း ၅၇ ဆိုင်နှုန်းနှင့် ဖွင့်လှစ်ထားခြင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ထွန်းသစ်စစျေးကွက် ၁၀ ခုတွင် လူတစ်သန်းလျှင် ဆိုင် ၂ ဆိုင်နှုန်းသာ ဖွင့်လှစ်ထားသဖြင့် တစ်ကမ္ဘာ့လုံးအတိုင်းအတာဖြင့် ကြီးထွားတိုးတက်မှုအလားအလာရှိကြောင်း Yum! Brands အနေဖြင့် ယုံကြည်ထားပါသည်။



No comments: