Thursday, July 16, 2015

အသုံးပြုလိုသူများအတွက် Lenovo Ideapad 100



လေးလံ သော Notebook တွေအစား ပေါ့ပါးသော Notebook များကို စျေးနှုန်း သက်သက်သာသာ ဖြင့်
Lenovo အမှတ်တံဆိပ်ရဲ့ နောက်ထပ် Ideapad Notebook အမျိုးအစား အသစ်ဖြစ်တဲ့ Lenovo Ideapad 100 Notebook ကတော့ ပါးလွှာပေါ့ပါးပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အပြင် စျေးနှုန်း အထူးချိုသာတဲ့ Notebook ပဲဖြစ်ပါတယ် ။ Notebook ရဲ့ ကိုယ်ထည်ဟာ ပေါ့ပါးခိုင်မာ ပြီး ၊ ကြီးမားလေးလံမှု မရှတဲ့ အတွက်ကြောင့် အသုံးပြုသူ အတွက် သက်တောင့်သက်သာ ဖြင့် သွားလေရာကို သယ်သွားစေနိုင်မယ့် အလေးချိန် (၅) ပေါင် သာ ရှိတဲ့ Notebook ပါ ။ Notebook ရဲ့ စွမ်းဆောင်ရည် ပိုင်းအတွက် Intel Celeron N2840 Processor နှင့် Internal RAM Memory 2GB အသုံးပြုထားပြီး Intel Integrated HD Graphic ပါဝင်ပါတယ် ။ အချက်အလက်များသိမ်းဆည်းထားနိုင်ဖို့ Storage Space အတွက် 500 GB Hard Disk Drive ကို ထည့်သွင်းပေးထားပါတယ် ။


Video Conferencing အသုံးပြုလိုသူများ နေဖြင့် 0.3MP Webcam နှင့် build in microphone အသုံးပြုနိုင်ပါတယ် ။ Screen အရွယ်အစားက လည်း ၁၅.၆ လက်မ အကျယ်ရှိပြီး HD Resolution ( 1366 x 768 ) ကို ထောက်ပံပေးထားတာကြောင့် ကျယ်ပြန့်တဲ့ မျက်နှာပြင်ပေါ်မှာ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်း ကို ခံစားရှုမြင်နိုင်မှာ ပါ ။ အခြားပြင်ပ ချိတ်ဆက်အသုံးပြုများအတွက် built-in DVD R/W Driver, USB 3.0 x 1 port, USB 2.0 x 1 port, HDMI port , RJ-45 Lan Port , 4 in 1 Card Reader Port နှင့် speaker and mic Port တို့ပါဝင်ပါတယ် ။ တစ်ခေါက် အား အပြည့်သွင်းပြီးလျှင် ၃ နာရီ ဝင်းကျင်လောက် အသုံးပြုနိုင်မည့် 24 WHr Battery ကို အသုံးပြုထားပါတယ် ။ စွမ်းဆောင်ရည်ပိုင်းကို လည်းမလျော့ကျ စေပဲ စျေးနှုန်း သက်သက် သာသာ ဖြင့် အသုံးပြုသူတိုင်း စိတ်ကျေနပ်မှု ရရှိ စေမယ့် Lenovo Ideapad 100 Notebook ကို Lenovo International Warranty (၁) နှစ် အပါအဝင် စျေးနှုန်း USD 289 ဖြင့် KMD မှ မြန်မာနိုင်ငံ ၏ တစ်ဦးတည်းသော အရောင်း ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရပါတယ်။

No comments: