Monday, July 6, 2015

Branding နှင် ့စျေးကွက်မြှင့်တင်ရေးမှာ အဓိအားထားလာရသော Facebook



မြန်မာနို်င်ငံတွင် Facebook အသုံးပြုသူဦးရေ ၄ သန်း ၂ သိန်းကျော်ရှိရာမှာ Facebook Fan အရေအတွက်အများဆုံးမှာ 7day News Journal Page ဖြစ်ပြီး Fan အရေအတွက် ၃ သန်း ကျော်ဖြင့် ပထမနေရာတွင်ရှိနေသည်။ ၄င်းနောက်တွင်  Eleven Media Group နှင့် The Irrawady (Burmese Version) တို့မှ Fan အရေအတွက် ၂ သန်းကျော်ဖြင့် ဒုတိယနှင့် တတိယနေရာတွင် ရပ််တည်နေကြောင်း Socialbakers စစ်တမ်း အချက်အလက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော Telenor၊ Ooredoo၊ MPT တို့၏ Facebook fan အရေအတွက် အဆင့်သတ်မှတ်ချက်တွင်တော့ Telenor သည် အဆင့် ရ တွင် ရပ်တည်နေပြီး Ooredoo သည် အဆင့် ၁၄ နှင့် MPT သည် အဆင့် ၁၉ တွင်လည်းကောင်း အသီးသီး ရပ်တည်နေကြသည်။ Entertainment အပိုင်းတွင်တော့ Shan-MyanmarGame.com၊ Putet Comics၊ Miss Myanmar World တို့က Fan အရေအတွက် အများဆုံးဖြင့် ဦးဆောင်လျက်ရှိသည်။


မြန်မာနိုင်ငံ၏ အွန်လိုင်းဦးဆောင်စျေးကွက်တစ်ခုဖြစ်သော Kaymu.com.mm သည် ပြည်တွင်း Facebook Fan အရေအတွက် ၁ သိန်း ၅ သောင်းကျော်ဖြင့် အဆင့် ရ၇ နေရာတွင် ရောက်ရှိနေပြီး ကမ္ဘာတစ်ဝန်းအတိုင်းအတာအရ Kaymu ၏ Facebook fan အရေအတွက်သည် ယခုအခါ ၄ သန်းပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ Kaymu.com.mm ၀က်ဘ်ဆိုက်သို့ ၀င်ရောက်ဝယ်ယူသူများ၏ အသက်အပိုင်းအခြားအရ အသက် ၃၄ နှစ်အောက်ဝယ်ယူသူဦးရေဟာ ရ၂ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရသည်။
လက်ရှိမြန်မာပြည်တွင်း အွန်လိုင်းစျေးကွက်မှ စီးပွားလုပ်ကိုင်သူအများစုမှာလည်း Facebook ဖြင့်လုပ်ကိုင်သူများမှာ (၆၄) ရာခိုင်နူန်းခန့်ရှိပြီး လုပ်ကိုင်သူအများစုမှာ လူငယ် အသက်(၂၀) နှစ်နှင့် (၃၆) နှစ်ကြား လူငယ်အများစုဖြစ်ကြောင်း Ads.com.mm  ၏စစ်တမ်းများအရ သိရှိရသည်။

အွန်လိုင်းစီးပွားရေးလုပ်ကိုင်သော လူငယ်အများစုသည် ၀က်ဘ်ဆိုက်များမှတဆင့် အရောင်း အဝယ်ပြုလုပ်ခြင်းထက် Facebook မှတဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းကိုပိုမိုနှစ်သက်ကြသော်လည်း လူလတ်ပိုင်း စီးပွားရေး လုပ်ငန်းရှင်များနှင့်လုပ်ငန်းကြီးများမှာ ၀က်ဘ်ဆိုက်တွင်အဓိက ကြော်ငြာထားကြောင်း၊ ယင်းသို့မူကွဲပုံစံဖြင့် အွန်လိုင်းကို အသုံးပြုကြောင်းကိုတွေ ့ရှိရသည်။ သို့ရာတွင်လည်း လုပ်ငန်းရှင်ကြီးများနှင့် Digital Marketing ပြုလုပ်သူအများစု၏ (၉၀) ရာခိုင်နူန်းမှာ Facebook ကိုသာအဓိကထား  Campaign များပြုလုပ်ကြောင်းကိုလည်းတွေ ့ရှိရသည်။

များပြားလှစွာသော အွန်လိုင်းရောင်းဝယ်ခြင်းလုပ်ငန်းများဟာ Facebook ကိုသာအဓိကထား သုံးစွဲရောင်းဝယ်ကြပြီး တစ်ဦး တစ်ရောက်ချင်း Page ထောင်၍ဖြစ်စေ၊ Group ထောင်ပြီး ယင်း Group တွင် မိမိကုန်ပစ္စည်းများကို ရောင်းချခြင်းဖြစ်စေ နည်းလမ်း အမျိုးမျိုးဖြင့် ရောင်းချခြင်းများ ယခုနှစ်အတွင်း ပြုလုပ်လာကြသည်။ အရောင်းမြှင့်တင်သူများအနေဖြင့် မိမိ၏လုပ်ငန်း များကို ၀က်ဘ်ဆိုက်ပေါ်မှာ တင်ခြင်းဖြင့် ပိုမိုလူသိများလာနိုင်စေပြီး ၀ယ်ယူသူများ၏ ယုံကြည်မှုကို လျင်မြန်စွာ ရရှိုဖို့ရန်အတွက် လည်း အကျိုးရှိနိုင်စေမည်ဖြစ်သည်။





No comments: