Wednesday, July 22, 2015

အင်တာနက် စျေးကွက်ချဲ့ထွင်အသုံးချခြင်း၏ အကျိုးကျေးဇူးနှင့် ထိရောက်မှု



ဒီဂျစ်တယ်ခေတ်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် တစ်နည်းအားဖြင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်ဖောက်ထွင်းခြင်းခေတ်ကို ရောက်နေပြီ ဖြစ်ပါသည်။ အွန်လိုင်းမှတစ်ဆင့်စျေးကွက်ဖောက်ထွင်းခြင်းသည် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးဖြစ်သော ကြောင့် အရှိန်အဟုတ်မြှင့်ကြီးထွားလျက်ရှိသည်။ စာရွက်စာတမ်းအချက်အလက်များနှင့် အခြားသောအချက်အလက် လွှဲပြောင်း မှုများကို အင်တာနက်နှင့်ချိတ်ဆက်ပြီး အွန်လိုင်းပေါ်သို့ စနစ်များကူးပြောင်းလိုက်ခြင်းကြောင့် အွန်လိုင်းမှတစ်ဆင့် ကြေညာခြင်း၊ အရောင်းအဝယ်လုပ်ခြင်းများကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည်။
အပြင်မှာ စျေးကွက်ထိုးဖောက်ခြင်းနှင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်ထိုးဖောက်ခြင်းဟာ တစ်မျိုးစီ ကောင်းမွန်တဲ့အကျိုး သက်ရောက်မှုနှင့် ထိရောက်မှုကို ပေးစွမ်းနိုင်လို့ ထူူးထူးခြားခြား ကွဲပြားခြားနားမှုတော့ မရှိပါဘူး။ အွန်လိုင်းမှတစ်ဆင့် စျေးကွက် ထိုးဖောက်ခြင်းနဲ့ ပတ်သက်ပြီး အရေးပါတဲ့ အကျိုးကျေးဇူးနှင့် ထိရောက်မှုတွေကို Kaymu.com.mm မှ ဖော်ပြပေး လိုက်ပါသည်။


သက်သာလွယ်ကူခြင်း
ပထမဆုံးအချက်နှင့် အထင်ရှားဆုံးအချက်အနေဖြင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်ထိုးဖောက်ခြင်းဟာ သက်သာလွယ်ကူမှုရှိခြင်း ပဲ ဖြစ်သည်။ သင့်အနေဖြင့် လူအင်အားများများစားစား မလိုအပ်ဘဲ တစ်ရက်ကို အချိန်အတိုင်းအတာတစ်ခု ပေးရုံဖြင့် ပြုလုပ်နိုင်သည်။ အွန်လိုင်းမှတစ်ဆင့်စျေးကွက်ထိုးဖောက်ခြင်းသည် ၂၄ နာရီဝင်ရောက်နိုင်သော စျေးကွက်တစ်ခုဖြစ်သော ကြောင့်လည်း ထိရောက်မှုသေချာစေသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ သင့်အနေဖြင့် ၀န်ထမ်းကို အချိန်ပိုကြေး ပေးစရာ မလိုအပ်ခြင်းဟာလည်း အွန်လိုင်းမှတစ်ဆင့် စျေးကွက်ထိုးဖောက်ခြင်း၏ သက်သာလွယ်ကူမှုအဖြစ် ရှိနေစေသည်။
ရောက်ရှိပျံ့နှံ့နှုန်း
ကမ္ဘာတစ်ဝန်းအင်တာနက်လွှမ်းမိုးလာနိုင်ခြင်းကြောင့် ဝေးလံသောနေရာဒေသများကို ဆက်သွယ်လာနိုင်ခဲ့ပြီး ယခုဆိုတစ်ကမ္ဘာ လုံးကို ချိတ်ဆက်နိုင်နေပြီဖြစ်သည်။ ထိုကြောင့် အွန်လိုင်းမှတစ်ဆင့်စျေးကွက်မြှင့်တင်ခြင်းသည်လည်း တစ်ကမ္ဘာလုံးကို ရောက်ရှိ ခြင်းကြောင့် ထိရောက်မှုရှိသည်။ သင့်ကုန်ပစ္စည်းကို ကန့်သတ်ထားခြင်းမရှိဘဲ အမျိုးမျိုးအထွေထွေသော သုံးစွဲသူများ ထံသို့ ရောက်ရှိနိုင်သောကြောင့် (ထောက်ပံ့ပစ္စည်း အမြဲတမ်းရှိနေမှုအပေါ်မူတည်၍) ကမ္ဘာအနှံ့ရှိ မည်သူကိုမဆို ရရှိသုံးစွဲနိုင်စေသည်။ အရင်ကဆိုလျှင် အရောင်းဆိုင်များအနေဖြင့် သုံးစွဲသူများထံ ပိုမိုရောက်ရှိနိုင်စေရန်အတွက် ဆိုင်ခွဲများကို ဖွင့်လှစ်ကြရသည်။ ယခုဆိုရင်တော့ ၀က်ဘ်ဆိုက်တစ်ခုရှိရုံဖြင့် ကမ္ဘာ့နေရာအနှံ့သို့ အလွယ်တကူရောက်ရှိ ရောင်းချနိုင်နေပြီပဲဖြစ်သည်။
E-commerce ပေါ်ထွက်လာခြင်း
အွန်လိုင်းမှတစ်ဆင့်စျေးကွက်ထိုးဖောက်ခြင်းဟာ အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းဝယ်ခြင်းလုပ်ငန်း စာမျက်နှာကို  သိသာထင်ရှား သော ရလဒ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဒီဇိုင်းနာများနှင့် ကုမ္ပဏီများဟာ ၄င်းတို့ရဲ့ကုန်ပစ္စည်းများကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များပေါ်မှာတင်ပြီး အလားအလာရှိသော ၀ယ်ယူသူများအား ရောင်းချခြင်း ပြုလုပ်လာကြသည်။ စမတ်ဖုန်းနှင့် တက်ဘလက်သုံးစွဲသူအများစုဟာ အင်တာနက်အသုံးပြုခြင်းမှတဆင့် အွန်လိုင်းရှော့ပင်းတွေကို ၀င်ရောက်သုံးစွဲဝယ်ယူရခြင်း နှစ်သက်လာကြသည့်အတွက် အမြင်အသစ်တစ်ရပ်ပေါ်ထွက်လာပြီး ကမ္ဘာအနှံ့အပြားကို အွန်လိုင်းမားကတ်ပလေ့စ်များ ပျံ့နှံ့ သွားခဲ့သည်။ ၄င်းသည် စိတ်ချယုံကြည်ရသော ရောင်းချသူများနှင့် ပုံမှန်ဝယ်ယူသူများကို တွေ့ဆုံစေသော နေရာတစ်ခု ဖြစ်လာခဲ့ သည်။ နိုင်ငံမျိုးစုံပါ၀င်သော အင်တာနက်လုပ်ငန်းများဟာ စွန့်စားမှုနှင့် မကင်းသော စီးပွားရေးလုပ်ငန်းတွေကို  အနည်းနှင့်အများ ဆိုသလို စျေးကွက်ထိုးဖောက်ခြင်းပုံစံကို ပြောင်းလဲလာကြသည်။ မြန်မာနိုင်ငံကိုကြည့်မယ်ဆိုလျှင်လည်း အွန်လိုင်းမားကတ် ပလေ့စ်များ ဖြစ်သော Kaymu.com.mm နှင့် Shop.com.mm တို့ဟာ အခွင့်အရေးကောင်းများစွာနှင့် သက်သာ လွယ်ကူမှုရှိစွာ အသုံးချနိုင်ရန် ပြုလုပ်ပေးထားသည်။
ထို့ပြင် အင်တာနက်မားကတ်တင်းဟာ ကောင်းမွန်သောထိရောက်မှုတစ်ခုအဖြစ် သုံးစွဲသူများအတွက် အချိန်များစွာသက်သာစေ ခြင်းဖြစ်သည်။ သင့်ရဲ့ရွေးချယ်မှုအတွက် အချိန်ကြန့်ကြာမှုမဖြစ်စေဘဲ သင်နှစ်သက်သော ပစ္စည်းမျိုးစုံကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ရန်အတွက် ၀က်ဘ်ဆိုက်ပေါ်မှာ သင်လိုချင်တဲ့ပစ္စည်းကို ကလစ်တစ်ချက်နှိပ်၍လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန် ပြုလုပ်ပေးထားရာ မှာယူဝယ်ယူနိုင်မှုများကို အဆင်ပြေချောမွေ့စေမည်ပဲဖြစ်သည်။
လူမှုရှုထောင့်မှ အင်တာနက်မားကတ်တင်း
လူမှုကွန်ရက်များကိုအသုံးချခြင်းမှတစ်ဆင့် အင်တာနက်မှနေ၍ လူအချင်းချင်းသိရှိလာကြမှုများစွာ ဖြစ်ပေါ်လာခဲ့ပြီး သီးသန့်ဆန် စွာရှိနေသော လူမှုပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲနိုင်ခဲ့သည့်အပြင် လူမှုကွန်ရက်များကို နေ့စဉ်ထိတွေ့နေဖို့လည်း လို အပ်ကြောင်း သုံးစွဲသူများက ဆိုသည်။ အွန်လိုင်းပေါ်မှ ကြော်ငြာခြင်းဟာ လူသန်းပေါင်းများစွာဆီသို့ ပျံ့နှံ့သိရှိစေသည့်အတွက် ၄င်းဖြစ်စဉ်သည်ဘယ်တော့မှ ပြီးဆုံးသွားမည်မဟုတ်ဘဲ အနာဂတ်ဟာ အွန်လိုင်းစျေးကွက် ချဲ့ထွင်မှု၏ လက်ထဲတွင် တည်ရှိ လျက်ရှိနေပါသည်။

No comments: