Thursday, June 11, 2015

House.com.mm မှ ပညာသင်ဆုနှင့် အကျိုးဆောင်ထူးချွန်ဆုများ ပေးအပ်သွားမည်




မြန်မာ့နံပါတ် ၁ အွန်လိုင်း အိမ်၊ ခြံ၊ မြေ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm မှ စီးပွားရေးနှင့်လုပ်ငန်းဆိုင်ရာ ဘာသာ ရပ်များအတွက် ပညာသင်ဆုကို ပေးအပ်သွားမည့် အပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ထူးချွန်ဆုများကိုလည်း ရွေးချယ်ချီး မြှင့်သွားမည် ဖြစ်သည်။ အဆိုပါဆုများအနက် ပညာသင်ဆုကို အသက် ၁၇ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး လုပ်ငန်းနယ်ပယ်ထဲမှ လက်တွေ့အသုံးချဘာသာရပ်များဖြစ်သည့် Business, Economics, Marketing, Entrepreneurship, Sales, Logistics နှင့် အခြားဆက်စပ်သည့် ဘာသာရပ်များကို သင်ကြားလိုသူများ အတွက် ရည်ရွယ် ခြင်းဖြစ်သည်။


    House.com.mm ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Jan Sommerfeld ကလည်း “ဒီအထောက်အပ့ံက မြန်မာလူငယ်တွေရဲ့ အောင်မြင်မှုအတွက် အဓိကတွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ သူတို့တွေရဲ့ စွန့်ဦး တီထွင်လိုစိတ်တွေ ပိုမိုအားကောင်းလာအောင် လှုံ့ဆော်ပေးရာလည်းရောက်သလို ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုအတွက် အတွေ့ အကြုံတွေကို လက်ဆင့်ကမ်းပေးမယ့် အစီအစဉ်တွေပါ၀င်တာကြောင့် ရွေးချယ်ခံရသူအတွက် တကယ်အကျိုးရှိမှာပါ” ဟုဆို သည်။
    ပညာသင်ဆုအတွက် လျှောက်ထားရမည့် ပုံစံကို http://www.house.com.mm/scholarship/ တွင် အသေးစိတ်ဖော်ပြထားပြီး ပညာသင်နှစ်တစ်နှစ်အတွက် တစ်ယောက်ကိုသာ ရွေးချယ်ပေးအပ်သွားမှာ ဖြစ်သည်။ လျှောက်ထားရမည့် အချိန်ကာလမှာ ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖြစ်ပြီး ပညာသင်ဆုအဖြစ် မြန်မာငွေကျပ် ၅ သိန်းအပြင် အခြားအခွင့်အလမ်းများပါ ပါ၀င်လာမည်ဖြစ်သည်။
 ထို့အပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ဆုများကိုလည်း ပထမဆုံးအကြိမ်အဖြစ်ပေးအပ်သွားမှာ ဖြစ်သလို ဆုအမျိုးအစားပေါင်း ၁၃ ဆု အထိပါ၀င်သွားမည်ဖြစ်သည်။ အဆိုပါဆုများမှာ-
အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆု
အိမ်ခြံမြေအရောင်းအဝယ်စာရင်းများနှင့်တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။
အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်ဆု
အိမ်ခြံမြေအရောင်းအဝယ်စာရင်းများနှင့် တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။
နှစ်တစ်နှစ်ရဲ့အကောင်းဆုံးလုပ်ငန်းအသစ်ဆု
အိမ်ခြံမြေအရောင်းအဝယ်စာရင်းများနှင့် တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။
၂၀၁၄ ခုနှစ်တွင်မှတ်ပုံတင်ခဲ့သော ကုမ္ပဏီမှတ်ပုံတင်မိတ္တူတင်ပြပေးရပါမည်။

အကောင်းဆုံးလူငယ်လုပ်ငန်းရှင်ဆု
အိမ်ခြံမြေအရောင်းအဝယ်စာရင်းများနှင့် တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။
 အသက် (၃၀)မကျော်လွန်ကြောင်းသက်သေပြအထောက်အထား - မှတ်ပုံတင်မိတ္တူစသည်

အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆု-အမျိုးအစား။    ။ရုံးခန်းနေရာ
ရုံးခန်းနေရာအရောင်းအဝယ်စာရင်းများနှင့် တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။

အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆု-အမျိုးအစား။    ။မြေနေရာ
မြေနေရာအရောင်းအဝယ်စာရင်းများနှင့် တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။

အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆု-အမျိုးအစား။    ။စီးပွားရေးလုပ်ငန်းနေရာ
စီးပွားရေးလုပ်ငန်းနေရာအရောင်းအဝယ်စာရင်းများနှင့်တစ်ခုချင်းစီ၏တန်ဖိုးပမာဏများကိုဖော်ပြပေးရပါမည်။
o    အကောင်းဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) လူပုဂ္ဂိုလ်ဆု -
o    ကျွမ်းကျင်သူများမှ ရွေးချယ်သည့်ဆု
o    အကြီးဆုံးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဆု
    - ဝန်ထမ်းအင်အားအရေအတွက်၊ ရုံးခွဲအရေအတွက်၊  ရုံးခွဲများရှိရာမြို့များ
o    အကောင်းဆုံးအရောင်းအဝယ် ဆု
    - အရောင်းအဝယ်တန်ဖိုးပမာဏနှင့် အိမ်ခြံမြေအကြောင်းဖော်ပြပေးရပါမည်။
o    အကောင်းဆုံးနိုင်ငံတကာအကျိုးဆောင်လုပ်ငန်းဆု
-     နိုင်ငံတကာအဖွဲ့အစည်းများနှင့်လက်တွဲလုပ်ကိုင်ခဲ့သောလုပ်ငန်းအရေအတွက်နှင့်တန်ဖိုး ပမာဏအားဖော်ပြပေးရပါမည်
o    အကောင်းဆုံးစျေးကွက်ရှာဖွေမှုဗျုဟာဆု
    - မီဒီယာသို့မဟုတ်စျေးကွက်ဆိုင်ရာ အချက်အလက်များဖော်ပြပေးရပါမည်
o    အယုံကြည်ရဆုံးအကျိုးဆောင်လုပ်ငန်းဆု

- အကျိုးဆောင်လုပ်ငန်းများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်မိတ္ထူတင်ပြဖို့လိုအပ်ပြီး အနည်းဆုံး ၀န်ထမ်း အင်အား (၃)ယောက်ရှိရပါမယ်။
လျှောက်ထားလိုသူများအနေဖြင့်
လိုအပ်တဲ့အချက်အလက်များနှင့်တကွ အောက်ဖော်ပြပါလမ်းကြောင်းများအနက်မှ အဆင်ပြေနှစ်သက်ရာ နည်းလမ်းဖြင့် လျှောက်ထားနိုင်ပါသည်။

၁။အီးမေလ်းဖြင့်လျှောက်ထားလိုပါက                       awards@house.com.mm
၂။၀က်ဘ်ဆိုဒ်မှလျှောက်ထားလိုပါက            www.house.com.mm/awards
၃။စာတိုက်မှတစ်ဆင့်လျှောက်ထားလိုပါက         အမှတ် (၃၃) သီရိမင်္ဂလာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့
    House.comm.mm မှစက်တင်ဘာ(၁၈)ရက်နေ့တွင် ဆုပေးပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာပြုလုပ်၍ ဆုရရှိသူများအားကြေညာသွားမည်ဖြစ်သည်။

No comments: