Thursday, June 18, 2015

SCG မှ ငလျင်ဘေးအန္တရာယ် လုံခြုံရေး နှင့် ကြိုတင်ကာကွယ်မှု အလေ့အထကို မြှင့်တင်ရန်အတွက် ရန်ကုန် နှင့် မော်လမြိုင်မြို့ မှ ကျောင်းသား/သူ များအတွက် ပညာရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ကို မိတ်ဆက်



အာဆီယံဦးဆောင်လုပ်ငန်းစုကြီးဖြစ်သည့် SCG သည် ငလျင် ဘေးအန္တရာယ်လုံခြံုရေး နှင့် ကြိုတင်ကာကွယ်မှု သင်ရိုးတစ်ခု၏သီးခြားယူနစ်များအား ရန်ကုန်နှင့် မော်လမြိုင်မြို့များရှိ မူလတန်းကျောင်းများသို့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် (ရန်ကုန်တိုင်းဒေသကြီး ပညာရေးဝန်ကြီးဌာန) နှင့် ပူးပေါင်း လုပ်ဆောင်နေပါသည်။ SCG မှ ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာပါက အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဗဟုသုတအကြောင်းဝေမျှအသိပေးခြင်း၏ အရေးကြီးမှုကိုယုံကြည် ပါသည်။ SCG မှ အာဆီယံ ပြည်သူလူထု၏ ကောင်းမွန်သော ဘဝနေထိုင်မှုကို တိုးမြှင့်ရန် ၎င်းတို့လုပ်ငန်းဆောင်ရွက်သော လူမှုဝန်းကျင်တိုင်းတွင် တိုးချဲ့လုပ်ဆောင်လျက်ရှိပါသည်။


ရန်ကုန်နှင့် မော်လမြိုင် စသည့်မြို့နှစ်မြို့မှ အစိုးရကျောင်းရှိ တတိယတန်း(Grade 4) နှင့် စတုတ္ထတန်း (Grade 5) များအတွက် သင်ထောက်ကူ ပစ္စည်းအစုံ ငါးထောင် အားပေးအပ်သွားမည်ဖြစ်သည်။ ၎င်းသင်ရိုးအရ ကျောင်းသား/သူများမှ ပုံဆွဲစာအုပ်များကို ရောင်စုံခဲတံနှင့်တကွ ရရှိမည်ဖြစ်ပြီး ငလျင်ဖြစ်ပေါ်လာပါက လုပ်ဆောင်ရန် ရိုးရှင်းသောအဆင့်များအား ပျော်ရွင်စရာကောင်းပြီး နားလည်ရလွယ်ကူအောင် ပြုလုပ်ထား သည်။


ဆရာ/မ များမှလည်း ကျောင်းခန်းအတွင်း ချိတ်ဆွဲထားရန် လုပ်ဆောင်ရန် နှင့် မလုပ်ဆောင်ရန် အချက်များပါဝင်သည့် ပိုစတာ နှင့် သင်ခန်းစာများအတွက် ပညာရေးဆိုင်ရာ DVD တစ်ခုရရှိမည်ဖြစ်သည်။ ဘက််စုံမီဒီယာ (Multimedia) အစိတ်အပိုင်းတွင် ငလျင်နှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ဘေးကင်းလုံခြံုမှုအတိုင်းအတာများ၊ အခြေခံအဆောက်အအုံ စစ်ဆေးခြင်းနှင့် ငလျင်ဖြစ်ပွားပြီးနောက် အဆောက်အဦးများ ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ SCG မှ ဆရာ/မ များအား ၎င်းတို့၏ ကျောင်းသား/သူများအား ပြန်လည်သင်ကြားပို့သရန်အတွက်လိုအပ်သည့် ဗဟုသုတများပေးရန် အစီအစဉ်များ ကိုလည်းစီစဉ်ပေးသွားမည်ဖြစ်သည်။

လူမှုရေးရာဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများမှ ဇွန်လ(၁၈)ရက်နေ့ အ.ထ.က(၂)လသာတွင် ပြုလုပ်သည့် ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ပထမအသုတ် တွင် SCG ထံမှ လက်ခံရရှိခဲ့သည်။

“ ရာသီဥတုပြောင်းလဲခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာဆီယံတစ်လွှားမှာအဖြစ်များတဲ့ သဘာဝ ဘေးအန္တရာယ်များရဲ့ သက်ရောက်မှုကြီးမားခြင်းကို ကျွန်တော်တို့ ကောင်းကောင်းကြီး သတိပြုမိပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့အဓိက ငလျင်ကြောတစ်ခုမှာ တည်ရှိနေသလို ငလျင်ဖြစ်ပွားဖို့ အခြေအနေ မြင့်မားတဲ့ နေရာလဲဖြစ်ပါတယ်။ ဖြစ်ပေါ်လာပါက ပြည်သူလူထု က လိုက်နာလုပ်ဆောင်ဖို့အတွက် ကောင်းမွန်စွာ ပညာပေးထားခြင်းမရှိပါက အန္တရာယ်ကြီးမားနိုင်ပါတယ် ” ဟု SCG မြန်မာမှ Government & Public Affairs Manager ဖြစ်သူ Mr. Sorasak Keeratichokechaikul ကပြောသည်။ ၎င်းက “ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးလုပ်ငန်း ဦးဆောင်သူဖြစ်လာစေဖို့အားထုတ်ဆောင်ရွက်မှုနဲ့အတူ ကျွန်တော်တို့ လုပ်ငန်းများလုပ်ဆောင်တဲ့ လူမှုဝန်းကျင်က နေထိုင်မှုဘဝများ တိုးတက်မြင့်မားစေဖို့ဆောင်ရွက်မှုကလည်း ကျွန်တော်တို့ရဲ့ ကတိကဝတ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ ရန်ကုန် နဲ့ မော်လမြိုင်မြို့က ပြည်သူလူထုအတွက် ပေးဝေခွင့်ရတဲ့အတွက် ကျွန်တော်အနေနဲ့ဝမ်းသာမိပါတယ် ”ဟု ပြောသည်။

အဆိုပါ ငလျင်ဘေးအန္တရာယ်လုံခြံုရေး အစီအစဉ်သည် မြန်မာနိုင်ငံအတွက် သီးသန့်လုပ်ဆောင်ခြင်းဖြစ်ပြီး SCG မြန်မာမှ သင်ထောက်ကူပစ္စည်းများကို ဖော်ဆောင်ရန် အဖွဲ့အစည်းအတွင်းမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ကဏ္ဍတိုင်းတွင် ဒေသခံအတွေး အမြင်များ ပါဝင်သည့် အစီအစဉ်အား စတင် အကောင်အထည်ဖော်ခဲ့ပါသည်။

ဇွန်လ အစောပိုင်းတွင် ရန်ကုန်မြို့ရှိ ကျောင်းများသို့ သင်ထောက်ကူ ပစ္စည်းများကို ရန်ကုန်တိုင်းဒေသ ပညာရေးဝန်ကြီးဌာနမှ ဖြန့်ဝေပေးမည်ဖြစ်ပြီး နှစ်ကုန်ပိုင်းအထိ ကျောင်းများသို့ အဆိုပါအစီအစဉ်များ ကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် SCG နှင့် ပူးပေါင်းလုပ်ဆောင်ရန် အစီအစဉ်ရှိပါသည်။ မော်လမြိုင်မြို့မှ ကျောင်းများသို့ ဇွန်လနောက်ဆုံးအပတ် တွင် အဆိုပါသင်ရိုးများအား ပေးအပ်သွားမည်ဖြစ်သည်။ ၎င်း ငလျင် ဘေးအန္တရာယ်လုံခြံုရေးသင်ရိုးမှာ မြန်မာနိုင်ငံပြည်သူများ၏ ဘဝနေထိုင်မှုများ တိုးတက်ရန်လုပ်ဆောင်သည့် SCG ၏ CSR လှုပ်ရှားမှုအစီအစဉ်တစ်ခုဖြစ်သည်။ SCG မှ နှစ်စဉ်နှစ်တိုင်း SCG Sharing the Dream အစီအစဉ်တွင် မြန်မာကျောင်းသား/သူများအား ကျောင်းစာရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ကာမိစေရန် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပါသည်။  ၂၀၁၅ခုနှစ် ပညာသင်ထောက်ပံ့ဆု အစီအစဉ်အတွက် လျှောက်လွှာများအား ဇူလိုင်လ ၁၇ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။

No comments: