Thursday, June 11, 2015

Mobile Smartphone နှင့် Tablet ထဲမှ ဓါတ်ပုံများကို ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်မှာ ချက်ချင်း ထုတ်ယူပေးနိုင်တဲ့ Fujifilm အမှတ်တံဆိပ် Instax Share (Smartphone Printer P1)



သာမာန် Printer တွေထက် အရွယ်အစားသေးငယ်ပြီး မိမိရဲ့ Smartphone နှင့် Tablet အတွင်းရှိတဲ့ ဓါတ်ပုံ ၊ ရုပ်ပုံများကို Wifiless စနစ်ဖြင့်ချိန်ဆက်ကာ စက္ကန့်အနည်းငယ်အတွင်းမှာ လှပသေသပ်တဲ့ Instant ဓါတ်ပုံတွေ အဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်တဲ့ Smartphone Printer Fujifilm Instax Share ပဲဖြစ်ပါတယ် ။ 4 x 1.7 x 4.8 “ အရွယ်အစားရှိပြီး ၀.၅ ပေါင် အလေးချိန်ရှိသာ ရှိပါတယ် ။ အိတ်ကပ် ထဲ ထည့်ယူသွားဖို့ အတွက် အနည်းငယ်ကြီးနေတယ် ဆိုပေမယ့် ကင်မရာ အိတ် ဒါမှမဟုတ် ကျောပိုးအိတ် ၊ လွယ်အိတ် ထဲမှာ အလွယ်တကူ ထည့်သွားနိုင်တဲ့ ခရီးဆောင်အရွယ်အစားနဲ့အလေးချိန်ပဲဖြစ်ပါတယ် ။



Instant ဓါတ်ပုံတွေကို ထုတ်ယူနိုင် ဖို့အတွက် အခြား Fujifilm Instax Camera အမျိုးအစားမှာအသုံးပြုကြတဲ့ Instax Film ကိုပဲ အသုံးပြုရမှာ ဖြစ်တာကြောင့် Film ကုန်သွားရင် အလွယ်တကူ ရှာဖွေဝယ်ယူနိုင်မှာ ပဲဖြစ်ပါတယ် ။ Printer ဘက်ထရီအားအတွက်ကို A3 အရွယ်အစား ဓါတ်ခဲ (၂) လုံး ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်သလို ၊ Rechargeable ဓါတ်ခဲတွေအတွက် အလွယ်တကူ အားပြန်သွင်းယူနိုင်ဖို့ အတွက်လည်း AC Adapter Port ပါဝင်ပါတယ် ။ ဓါတ်ခဲ ထည့်သွင်းအသုံးပြုရတဲ့ ပစ္စည်းဖြစ်တဲ့ အတွက်ကြောင့် ဓါတ်ခဲ အပိုဆောင်ထားရုံနဲ့ အားကုန်သွားမှာစိတ်ပူစရာလိုတော့တဲ့ အလွန် Portable ဖြစ်တဲ့ Smartphone Printer ပဲဖြစ်ပါတယ် ။ Printer နဲ့ Smartphone/Tablet တွဲချိတ်ပြီး အသုံးပြုဖို့ အတွက် Instax Share ဆိုတဲ့ Application ကို Google Play Store ဒါမှမဟုတ် Apple Store မှ အခမဲ့ Download ရယူအသုံးပြုနိုင်ပြီး Android Version 2.3.3 နှင့် အထက် ၊ iOS 5.1 နှင့် အထက်ရှိ မည်သည့် Smartphone / Tablet နဲ့ မဆို တွဲဖက်အသုံးပြုနိုင်မှာ ပဲဖြစ်ပါတယ် ။

Instax Share Application ဖြင့် ထုတ်ယူမယ့် ဓါတ်ပုံကို မိမိ လိုချင်တဲ့ ပုံစံ ၊ Template ၊ အရောင်အသွေး ၊ အရွယ်အစား ကို စိတ်ကြိုက် ပြုပြင်ပြီး လှပ သေသပ် တဲ့ ဓါတ်ပုံများအဖြစ် ချက်ချင်း ထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ် ။ ဓါတ်ပုံ တစ်ပုံတည်းကို အရည်အတွက် တစ်ခုထက်မက ထုတ်ချင်တယ်ဆိုရင်လဲ Printer မှာပါဝင်တဲ့ Reprint ခလုတ်ကို နှိပ်ပြီး အလွယ်တကူ လျင်မြန် ချောမွေ့စွာ ထုတ်ယူနိုင်ပါတယ် ။ Printer မျက်နှာပြင်မှာရှိတဲ့ LED မီး မှတဆင့် ဘက်ထရီအား ပမာဏ နှင့် Film ဘယ်လောက်ကျန်သေးလဲဆိုတာ ကို အသုံးပြုသူ အလွယ်တကူ သိရှိစေနိုင်မှာ ဖြစ်ပါတယ် ။

Fujifilm Instax Share Smartphone Printer ဖြင့်ထုတ်ယူတဲ့ ဓါတ်ပုံတွေဟာ အရည်အသွေးအဆင့်အတန်း ပြည့်မှီပြီး  အသုံးပြုသူတိုင်း စိတ်သဘောတွေ့ ကြိုက်နှစ်သက်စေ မှာပဲဖြစ်ပါတယ် ။ Smartphone / Tablet မှ ဓါတ်ပုံများကို စက္ကန့်ပိုင်းအတွင်း Polarize ဓါတ်ပုံအဖြစ်ပြောင်းလဲ ပေးနိုင်မှာ ဖြစ်တဲ့ အပြင် သွားလေရာမှာ အလွယ်တကူ သယ်ယူသွားနိုင်ပြီး ပေါ့ပါးသေးငယ်တဲ့ Fujifilm Instax Share Smartphone Printer ကို KMD Sales Centre မှ စျေးနှုန်း ၁၄၅,၀၀၀ ကျပ်ဖြင့် တရားဝင်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့အနယ်နယ်ရှိ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ တွင် ဝယ်ယူရရှိနိုင်ပါတယ် ။ Instax Share နှင့် Instax Camera များဖြင့် တွဲဖက်အသုံးပြုနိုင်မည့် Instax Film ( 20 pcs ) (၁) ဗူး ကို စျေးနှုန်း ၁၄,၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ပါတယ် ။ Fujifilm Instax Share Smartphone Printer နှင့် ပါတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း KMD 01-381129, 381035, 381776, 245180 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ် ။

No comments: