Tuesday, June 16, 2015

Mell App အမည်ရ Social App စတင်အသုံးပြုနိူင်


                                ကြီးမားကျယ်ပြန် ့စွာတိုးတတ်လာသော     မြန်မာပြည်၏ အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင်     လူမူ ဆက်သွယ်ရေးကဏ္ဍဖြစ်သည့်   community    သည် လူငယ်တို ့ အတွက် အရေးပါပြီး ၊သည်းခြေကြိုက်ကဏ္ဍသစ်တစ်ခုဖြစ်သည်။ မြန်မာပြည်အတွင်း      လူကြီး၊လူငယ်အများစုသည် Facebook တမျိုးကိုသာအဓိကထား အသုံးပြုနေကြောင်းကိုတွေ ့ရှိရပြီး       လက်ရှိအသုံးပြုသူပေါင်း ( ၈) သန်းနီးပါးခန့် မြင့်တတ်လာကြောင်း တွေ ့ရသည်။ အခြားသောလူမူဆက်သွယ်ရေ း App များ ဖြစ်သော Bee Talk , Viber , Instagram , Line ,whatsapp ,Snapchat နှင့် wechat စသည်တို ့သည်လူသုံးများသည့် Community ဖြစ်သည်။


ယခုလအတွင်းတွင် Mell အမည်ဖြင့် Andriod ဖုန်းများ ၊ Tablet များတွင်ထည့်သွင်းအသုံးပြုနိူင်သည့် ှSocial mobile Application တစ်ခုကို ပြည်တွင်းသုံးစွဲသူများအတွက်စတင်အသုံးပြုလာနိူင်ကြောင်းတွေ ့ရှိရသည်။ မြန်မာနိူင်ငံတွင် Research လုပ်ငန်းများ အတွက် လိုအပ်သောမိုဘိုင်း ၊အင်တာနက်နည်းပညာနှင့် ငန်ဆောင်မူများကို အဓိက လုပ်ဆောင်လျက်ရှိသည့် Xavey Myanmar Co.,Ltd မှ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ယင်းApplication နှင့်ပါတ်သက်၍ တာဝန်ရှိသူ မှ “Mell App ဆိုတာကတော့် အသုံးပြုသူတွေ အချင်းချင်း စိတ်ဝင်စားစရာမေးခွန်းတွေမေးမြန်း ၊ဖြေဆို ဆွေးနွေးနိူင်တဲ့ မြန်မာနိူင်ငံရဲ့ ပထမဆုံးသော social opinion appစဖြစ်ပါတယ် ။ဒီ app ကိုသုံးပြီးလတ်တလော social Media တွေ ၊  သတင်းတွေမှာ ရေပန်းစားနေတဲ ့အကြောင်းအရာအပေါ်မှာ ဘယ်သူတွေ ဘယ်လို မြင်ကြလဲ ၊ ကိုယ်နဲ ့အမြင်တူသူတွေ ၊ မတူသူတွေ ဘယ်လောက်ရှိလဲဆိုတာတွေကို အလွယ်ဆုံးနှင့်အမြန်ဆုံးသိရှိပါတယ်။တခြား user တွေ မေးထားတဲ့ မေးခွန်းတွေမှာလည်း ကိုယ့်ရဲ့ အမြင်ကိုဖြေဆိုပြီးဝင်ရောက်ဆွေးနွေးနိူင်တယ်။နောက်ပြီး Mell App မှာ userတွေ အတွက် Point System ပါတယ်။အသုံးပြုတဲ့အပေါ်မှာမူတည်ပြီး သတ်မှတ်ထားတဲ ့Mell Point များရရှိနိူင်ပါသည်။Mell Point တွေကိုအသုံးပြုပြီးMell Appမှ အခါအားလျော်စွာအသုံးပြုမည့် အထူးအစီအစဉ်တွေမှာ  အကျိုးခံစားခွင့်များရရှိနိူင်မှာ ဖြစ်ပါတယ်။ဒီလိုမျိုး social သဘေ အပျော်သုံးတာအပြင်နောက်ထပ် စိတ်ဝင်စားးစရာအကောင်းဆုံး အချက်ကတော့် Mell User တွေဟာ စီးပွားရေးလုပ်ငန်းတွေ ၊အဖွဲ ့အစည်းတွေရဲ့အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကိုမေးမြန်းထားတဲ့ featureမေးခွန်းတွေကိုလည်း စိတ်ဝင်စားရင် ၀င်ရောက်ဖြေဆိုနိူင်ပါတယ်။ဒီလိုမေးခွန်းမျိုးတွေမှာ ၀င်ရောက်ဖြေဆိုပေးရင်တော့ သတ်မှတ်ထားတဲ ့ကံစမ်းမဲ နှင့်အခြားလက်ဆောင်ပစ္စည်းတွေကို ရယူနိူင်မှာ “ ဟု ပြောသည်။
                               ယင်း Mell App တွင်အသုံးပြုသူများ အဆင်ပြေစေရန်အင်္ဂလိပ် ၊ မြန်မာဘာသာစကားနှစ်မျိုးထည့်သွင်းထားပြီး ၊မြန်မာဘာသာတွင်လည်း Zawgyi Unicode နှစ်မျိုးဖြင့် လွယ်ကူစွာအသုံးပြုနိူင်သည်။ ထို app ကို အလွယ်တကူ Google play Store မှတဆင် ့ အသုံးပြုနိူင်ပြီး www.mellapp.com သို ့သွားရောက်၍ လည်း download ပြုလုပ်နိူင်သည်။App ကိုအသုံးပြုသူများအကြား စတင်မိတ်ဆက်သည် ့အနေဖြင့်Mell App တွင်အခမဲ့ Register ပြုလုပ်၍ ကံစမ်းမဲအစီအစဉ်များတါင် ပါ၀င်နိူင်ကြောင်း လည်းသိရှိရသည်။
                            မြန်မာပြည်အတွင်း  အရှိန်အဟုန်ကောင်းကောင်းဖြင့်      ကျယ်ပြန် ့လာသော လူမူကွန်ရက်သည်     လုပ်ငန်းရှင် စီးပွားရေးသမားတို ့၏  စီးပွားရေးနေရာသစ်ချနိူင်သည့် စျေးကွက်တစ်ခုဖြစ်သည့်  အပြင် ၊ ယင်း လုပ်ငန်းများသည် မြန်မာပြည်၏      တိုးတတ်ပြောင်းလဲ လာမည့်ကဏ္ဍ တွင် အရေးပါလာနိူင်ကြောင်းကို စီးပွားရေး ကျွမ်းကျင်သူများမှ သုံးသပ်ထားလေသည်။

No comments: