Thursday, May 28, 2015

အွန်လိုင်းအရောင်းစျေးကွက်တွင်းမှ Delivery အခက်အခဲများနှင့် ရောင်းချသူများ၏ အခက်အခဲ




မြန်မာနိုင်ငံအတွင်း အွန်လိုင်းအရောင်းစျေးကွက်များ ပိုမိုပေါများလာပြီး လုပ်ငန်းပိုင်းဆိုင်ရာများ ပိုမိုတွင်ကျယ်လာကြောင်းကို (၂၀၁၅) တွင် ပိုမိုတွေ ့မြင်လာရလေသည်။ ထိုသို့ကျယ်ပြန့်လာမူနှင့်အတူ အပြိုင်ပို့ဆောင်မူစနစ်များတွင် အခက်အခဲပေါင်း မြောက်များစွာကိုလဲ ရောင်းသူ၊ ၀ယ်သူနှစ်ဦးနှစ်ဘက်တွေ ့ကြုံလာရလေသည်။ မြန်မာပြည်အတွင်း ယာဉ်လမ်းကြောများ ပိတ်ဆို့မူသည်လည်း အွန်လိုင်းစီးပွားရေး၏ delivery စနစ်ကိုနောက်ကျစေသည့် အချက်တွင် ပါ၀င်ကြောင်းတွေ ့ရသည်။

အွန်လိုင်းစျေးကွက်တစ်ခုဖြစ်သည့် Kaymu.com.mm မှ ပို့ဆောင်ဆက်သွယ်ရေးတာဝန်ခံဖြစ်သည့် ှSaturday Sunday Delivery Service မှ ကို၀င်းကိုကိုအောင်မှ “ ကျွန်တော်တို ့မြန်မာပြည်မှာ အွန်လိုင်းကနေ စျေးဝယ်လို ့ရတဲ ့စနစ်က အခုမှအရှိန်ရကာစ ဆိုတော့ စိန်ခေါ်မှု တော်တော်များများနှင့်တော့ ရင်ဆိုင်ရပါတယ်။ လက်ရှိပို့ဆောင်ရေးမှာပြသာနာက Traffic ပေါ့။ နောက်တစ်ခု ကတော့ဆက်သွယ်ရေးပေါ့။ ကျွန်တော်တို့က ဘယ်နေ့ ဘယ်အချိန် လာပို့မလဲဆိုတာကို ကုန်ပစ္စည်းလက်ခံရယူမယ့် လူထံ ဖုန်းဆက်ပြီး နေ့ရက်၊ အချိန်၊နေရက်လိပ်စာကို အတည်ပြု အကြောင်းကြားပေးထားပါတယ်။ တကယ့်တကယ် ရောက်ရှိလို့ ဖုန်းဆက်ချိန်မှာ ဖုန်းမကိုင်တာတို့၊ ဖုန်းပိတ်ထားတာတို့၊ အိမ်မှာ လူမရှိတာတို့ ဖြစ်တာကိုလည်း ကြုံဖူးပါတယ်။ ဒါဟာလည်း နောက်ပိုင်း တဖြည်းဖြည်း market mature ဖြစ်သွားရင်တော့ အဆင်ပြေသွားနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်" ဟု ပြောသည်။
မြန်မာပြည်၏အခမဲ့ကြောငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Ads.com.mm မှ ပြောရေးဆိုခွင့်ရှိသူ Mr. Elijah Htang မှ  အွန်လိုင်းစျေးကွက် က ခုမှစပြီးလူသိများပြီး လူကြိုက်များလာတာလေ။ စျေးရောင်းသူဝယ်သူ နှစ်ဦးနှစ်ဘက်တော့ တစ်ဦးနှင့် တစ်ဦးယုံကြည်မူအပြည့်ရှိဖို့လိုတယ်။ Delivery ဘက်ကပြသာနာကတော့ ဒီမှာထဲဖြစ်နေတာမဟုတ်ဘူး အရမ်းတိုးတတ်ပြီး ဖြစ်တဲ ့နိူင်ငံကြီးတွေမှာလဲ ဖြစ်နေတာဘဲ၊ အမြဲကြီးထွားမလာအောင် ၀န်ဆောင်မူစရိတ်ကို သက်သက်သာသာလေး လုပ်ပေး နိုင်ရင်တော့ ကျွန်တော်တို့အွန်လိုင်းစျေးကွက်စီးပွားရေးကပိုပြီး အောင်မြင်နိူင်ပါတယ်။ Traffic တွေ မရှိတဲ့အချိန်မှာ အွန်လိုင်း စီးပွားရေးလုပ်ကိုင်တဲ့လူတွေ အားလုံးက ပို့ဆောင်မူအတွက် ၀န်ဆောင်ခကို စျေးအသက်သာဆုံးအနေနဲ့ လုပ်ဆောင် ပေးနိူင်မယ်လို ့ကျွန်တော်ယုံကြည့်ပါတယ် “ ဟု ပစ္စည်းပို ့ဆောင်ခြင်းဝန်ဆောင်မူနှင့်ပါတ်သက်၍ မှတ်ချက်ပြုသည်။
အွန်လိုင်းရှော့ပင်းများအနေဖြင့် ပို့ဆောင်ခ ကြီးမြှင့်ခြင်း၊ မမျှော်လင့်သော ပို့ဆောင်မှုမှားယွင်းခြင်း၊ များပြားသော လုပ်ငန်း ပြိုင်ဆိုင်မှု၊ ဖုန်းဖြင့်ဖြေဆိုခြင်းသာမက Online ပေါ်မှတစ်ဆင့် ၂၄ နာရီ မေးခွန်းများ ဖြေဆိုရခြင်း၊ ပစ္စည်းပို့ဆောင်ရာတွင် ခက်ခဲသောနေရာများအတွက် အဆင်မပြေ ဖြစ်ခြင်းကလည်း အခက်အခဲတစ်ရပ်အဖြစ်ရှိနေသေးကြောင်း သိရသည်။ ထို့ပြင်  ကုန်ပစ္စည်းပြတ်လက်မှုစိစစ်နိုင်ခြင်း အားနည်းသဖြင့် stock ပြတ်သည့်အခါ ၀ယ်ယူသူများအား ထပ်ခါထပ်ခါ ဖြေရှင်း ရခြင်း၊ ပစ္စည်းစျေးကွက်တွင်း ပြတ်လက်မှု ဖြစ်ပေါ်ခြင်း၊ ပစ္စည်း စမ်းသပ်ကိုင်တွယ်၍ မရခြင်း၊ အင်တာနက်လိုင်း နှေးကွေးမှု တို့ဟာလည်း အားနည်းချက် ဖြစ်နေသေးသည်။


No comments: