Thursday, June 18, 2015

ကျောင်းသူ၊ကျောင်းသားများပိုမိုလုပ်ကိုင်လာသည့် အွန်လိုင်းစျေးကွက်




လက်ရှိမြန်မာပြည်၏ အွန်လိုင်းရှော့ပင်းကို လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်အများစုမှာ လူငယ်များဖြစ်ပြီး ယမန်နှစ် (၂၀၁၄) ခုနစ်က ပြုလုပ်သော ads.com.mm ၏ စစ်တမ်းများအရ အွန်လိုင်းရှော့ပင်းကို လူငယ်လုပ်ကိုင်သူများ (၆၀) ရာခိုင်နူန်း ခန့် ရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် နောက်ထပ် (၂၀)ရာခိုင်နူန်းခန် ့ပိုမိုမြင့်တက်လာကြောင်း တွေ့ရှိရသည်။ ယခုနှစ်ပိုင်း တိုးတက်လာသည့် အွန်ုလိုင်းရှော့ပင်းလုပ်ငန်းလုပ်ကိုင်သူအများစုမှာ တက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများ ဖြစ်သည်။

"အဓိကအားဖြင့် ကျောင်းသူတွေ၊ နိုင်ငံခြားမှာ သူငယ်ချင်းမိတ်ဆွေအဆက်အသွယ်ရှိသူတွေ၊ ဖေ့ဘုတ်ပေါ်မှာ လူသိများတဲ့သူ၊ like များတဲ့သူတွေ စတဲ့လူငယ်တွေ အများစုက အခုချိန်မှာ ယခင်ကထက် ပိုမိုပြီး အွန်လိုင်းရှော့ပင်းကို လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။ တစ်ယောက်ချင်းတနိုင်တပိုင် လုပ်ကိုင်ကြသူတွေ ရှိသလို၊ သူငယ်ချင်း ၃၊ ၄ ယောက် စုပေါင်း လုပ်ကိုင်လာ ကြတာကိုလည်း ပိုမိုတွေ့လာရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ၀က်ဘ်ဆိုက်နဲ့ ချိတ်ဆက်ရောင်းချနေသူအများစုဟာလည်း လူငယ်တွေပဲ ဖြစ်တာကို တွေ့ရပါတယ်" ဟု Kaymu.com.mm မှ Public Relations Manager သက်နောင်ဝင်းက ဆိုသည်။

မြန်မာပြည်မှာ အွန်လိုင်းစျေးကွက်တွေတိုးတတ်ပြောင်းလာတာနဲ ့အမျှ အွန်ုလိုင်းလုပ်ငန်း လုပ်ကိုင်တဲ ့လူငယ်တွေများလာတယ်။ နာမည်ကြီးတဲ့ မော်ဒယ်လ်တွေ ကအစ facebook ပေါ်မှာ နာမည်ကြီးလာတဲ့ လက်ရှိစကားနဲ ့ပြောရင် Facebook နာမည်ကြီးသူ တွေက ကိုယ်ပိုင် page တွေလုပ်ကိုင်ပြီး အွန်လိုင်းစျေဆိုင်တွေ လုပ်လာကြတယ်။ ပြီးရင်သူတို ့မှာ ပိုနေတဲ့ ပစ္စည်းတွေကို စျေးနူန်းသက်သက်သာသာနဲ ့ရောင်းချလာတာမျိုးကိုလည်းတွေ ့ရပါတယ်။သူတို ့မှာပိုနေတဲ ့ပစ္စည်းတွေကိုစုပြီး  တခုဝယ်တခု လက်ဆောင်ပေးတဲ ့ပုံစံမျိုးစတာတွေနှင့်လဲသွားတော့ သူတို့ page တွေဟာလည်း ပိုမိုအောင်မြင်လာတာကိုတွေ့ရပါတယ်။ အခမဲ့ဝက်ဘ်ဆိုက်လိုမျိုးမှာဆိုရင် အိမ်သုံးပစ္စည်းတွေ စီးပွားရေးလုပ်ငန်းသုံးပစ္စည်းတွေဘဲ များသောအားဖြင့်ခေတ်စားနေတာ ကိုတွေ ့ရှိနိူင်ပါတယ်” ဟု ads.com.mm ၏ Head of Public Relation ဖြစ်သူ Mr Elijah Htang မှပြောသည်။

ယခုနှစ်ပိုင်းအတွင်း အွန်ုလိုင်းရှော့ပင်းများ များပြားတိုးတက်လာခြင်းသည် ကောင်းကျိုးအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ လူပင်ပန်း သက်သာခြင်း၊ အွန်လိုင်းပေါ်တွင် အရောင်းဆိုင်များကို စျေးနှိုင်းယှဉ်လို့ရနိုင်သည့်အပြင် ရွေးချယ်စရာတွေ များပြားခြင်းအပြင် Seasonal special deals and promotions တွေကိုလည်း ရရှိနိုင်ကာ ဆိုးကျိုးအနေဖြင့် ပစ္စည်းဆိုဒ်၊ အရောင်၊ ကွာလတီ ကွဲပြားနေခြင်း၊ Money payback guarantee မရှိခြင်း၊ Pre-order များစောင့်ဆိုင်း ချိန်ကြာမြင့်ခြင်း၊ ပစ္စည်းအပျက်အစီး ရှိနိုင်ခြင်း၊ Delivery charges မတူညီခြင်း၊ Warranty နှင့်ဆိုင်သော ပစ္စည်းများအတွက် အခက်အခဲရှိနိုင်ခြင်းတို့ ကြုံတွေ့နိုင်သေးသည်။

အွန်လိုင်းရှော့ပင်း လုပ်ကိုင်ကြသူများအနေဖြင့်လည်း ၀ယ်ယူသူ၏ စိတ်ဝင်စားမှုရရှိစေရန် လူမှုကွန်ရက်ပေါ်တွင် Customers feed backs များကို လျင်လျင်မြန်မြန် ဖြေဆိုခြင်း၊ Products details ဖော်ပြမှုရှိခြင်း၊ return/refund, warranty, guarantee နှင့်အခြား policies များပေးနိုင်ခြင်း၊ In stock real product ထားရှိနိုင်ခြင်း စသည့်အချက်များကို ပြုလုပ်ထားနိုင်ရန်လည်း လိုအပ်သည်။




No comments: