Thursday, June 11, 2015

KAYMU LAUNCHES iOS MOBILE APP



မြန်မာနိုင်ငံ၏ အွန်လိုင်းဦးဆောင်စျေးကွက်တစ်ခုဖြစ်သော Kaymu.com.mm သည် မိုဘိုင်း စျေးကွက်ချဲ့ထွင်ခြင်း အနေဖြင့် iOS အသုံးပြုသူများအတွက် မိုဘိုင်း app ကို အခမဲ့ဖြန့်ချီပေးလိုက်ပြီ ဖြစ်ပါသည်။

မိုဘိုင်း app ရှိခြင်းဟာ အွန်လိုင်းရှော့ပင်းအသုံးပြုသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေပြီး ကောင်းမွန်တဲ့ အသွင်အပြင်များနဲ့ ရောင်းသူတွေရဲ့ကုန်ပစ္စည်းများ listing ပြုလုပ်မှုကို ထောက်ကူပေးခြင်း၊ ၀ယ်ယူသူများအတွက် များပြားလှစွာသော ကုန်ပစ္စည်းများကို တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်ခြင်း အစရှိသည်တို့ကို အချိန်တိုလေးအတွင်းမှာ ပြုလုပ်နိုင်မှာပဲ ဖြစ်သည်။



ယခု iOS app တွင် များပြားလှစွာသော ကုန်ပစ္စည်းများရွေးချယ်ခြင်း၊ အသုံးပြုရလွယ်ကူမှုရှိခြင်း၊ ရောင်းချသူနှင့် ၀ယ်ယူသူတို့ မိမိ ကိုယ်ပိုင် account ကို လွယ်ကူစွာထိန်းချုပ်နိုင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

Kaymu Myanmar ၏ Country Manager ဖြစ်သူ Max Langer က “iOS မိုဘိုင်း app ကြောင့် ယခုဆို iOS သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ Kaymu မှာ ပိုမိုလွယ်ကူစွာနဲ့ ရွေးချယ်ဝယ်ယူနိုင်ပြီပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ data ကုန်ကျမှုအသက်သာဆုံးနဲ့ quality မြင့်မားကောင်းမွန်တဲ့ မိုဘိုင်း app ကို သုံးစွဲသူတွေဆီကို အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ အခုဆို ကျွန်တော်တို့ဟာ iOS၊ Android နဲ့ Blackberry app တွေကို အခမဲ့ထုတ်လွှတ်ဖြန့်ချီပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ အခု ထုတ်လွှတ်ဖြန့်ချီလိုက်တဲ့ မိုဘိုင်း app အကုန်လုံးကို မြန်မာဘာသာဖြင့် သုံးစွဲနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်” ဟု ရှင်းပြ ခဲ့သည်။

Kaymu.com.mm android app ကို Google Play Store တွင် အခမဲ့ download ရယူသုံးစွဲနိုင်ပြီး Kaymu iOS app ကို Apple Store (သို့) https://itunes.apple.com/app/id980632193?mt=8 (သို့) http://apple.co/1Afwziw (သို့) အောက်ပါ link တွင် အခမဲ့ download ရယူသုံးစွဲနိုင်ပြီဖြစ်ပါတယ်။

No comments: