Tuesday, June 16, 2015

အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် Ads.com.mm ပုံစံသစ်ဖြင့် ပြန်လည်မိတ်ဆက်



အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Ads.com.mm အားပုံစံအသစ်ဖြင့် ပြန်လည်မိတ်ဆက်သည့် အခမ်းအနားကို ဇွန်လ (၁၀) ရက်နေ ့ စင်ထရယ်ဟိုတယ် ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် Ads.com.mm အားတည်ထောင်သည့် Company ဖြစ်သော Rocket Internet မှ မြန်မာနိူင်ငံဆိုင်ရာ Country Manager ဖြစ်သူ Mr.Nico Poma မှ Ads.com.mm ၏ ပုံစံအသစ်ကိုမိတ်ဆက်ပေးခဲ့သည်။
အဆိုပါအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်အား (၂၀၁၂) ခုနှစ် မေလ လလယ်ခန် ့မှ စတင်ကာ Free Classified Website တစ်ခု အနေဖြင့်အသုံးပြုနိူင်စေရန်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။စတင်သည့်နေ ့မှစ၍ ရောင်းသူဝယ်သူတို ့စိတ်ကြိုက်အခမဲ့ အသုံးပြုနိူင်ပြီး လက်ရှိတွင် ပစ္စည်းပေါင်း (၃၀၀၀၀) ကျော်တို့ ဖြင့် မြန်မာမာနိူင်ငံ၏နံပါတ်(၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြင့် ရပ်တည်လျှက်ရှိကြောင်းသိရှိရသည်။

ယခုအခါ မြန်မာနိူင်ငံအတွင်းအင်တာနက်သုံးစွဲသူအများစုသည် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်များကိုစိတ်ဝင်စားမူ မြင့်တတ်လာ ကြသည် ဟုCountry manager ဖြစ်သူ Mr. Nico Poma မှပြောသည်။Ads.com.mmသည် အသုံးပြုရလွယ်ကူပြီး  အင်္ဂလိပ် ၊ မြန်မာဘာသာ နှစ်မျိုး်ဖြင့် သုံးစွဲနိူင်သည် ဟုဆိုသည်။
၀က်ဘ်ဆိုက်များတွင် ရောင်းချလိုသည့် ပစ္စည်းများအား ဓါတ်ပုံရိုက်ကာစျေးနူန်းနှင့်ဆက်သွယ်ရန်ဖုန်းနံပါတ် ၊လိပ်စာများကိုထည့်သွင်းထားခြင်းဖြင့်ဝယ်ယူရန်စိတ်ဝင်စားသူများမှတိုက်ရိုက်ဆက်သွယ်ပြီးဝယ်ယူနိူင်သည်။အထူးသဖြင့်မိုဘိုင်းဖုန်းဟန်းဆက်  နှင့်လက်ပ်တော့်ကွန်ပျူတာများ အရောင်းအဝယ်အဖြစ်ဆုံးဟု ဆိုသည်။မိမိတို ့တင်ထားသောကြော်ငြာတစ်ခုကို ရက်(၅၀) သက်တမ်းသက်မှတ်ထားသော်လည်း အကန့်အသတ်မရှိ သက်တမ်းတိုးနိူင်မည်ဖြစ်ပြီး Facebook လိပ်စာ www.facebook.com/ads.com.mm  မှာအသေးစိတ်လေ့လာနိူင်မှာဖြစ်ပါတယ်။

No comments: