Sunday, June 28, 2015

မြန်မာကျောင်းသား/သူ များ ပညာရေးပန်းတိုင်ရောက်ရှိရန် (၄) ကြိမ်မြောက် SCG Sharing the Dream အစီအစဉ်မှ ကူညီထောက်ပံ့မည်



အာဆီယံဦးဆောင် ကုမ္ပဏီဖြစ်သည့် SCG မှ ပညာရေးမှတ်တမ်းကောင်းများရှိသူ၊ မိသားစု အပေါ်ကျေးဇူးသိတတ်ပြီး ရပ်ရေးရွာရေးလူမှုပတ်ဝန်းကျင်တွင် တာဝန်သိတတ်သော မြန်မာကျောင်းသား/သူ အယောက် ၂၀၀ အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန်အတွက် SCG Sharing the Dream 2015 ကို ပြန်လည်စတင်နေပြီဖြစ်ပါသည်။ လေးနှစ်တိုင်တိုင်ပညာသင်ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် SCG မှ ပညာသင်နှစ်တစ်နှစ်အတွက် လိုအပ်သော ကုန်ကျစရိတ်များ ကိုကာမိစေရန် ပညာသင်ထောက်ပံ့ကြေးတစ်ဦး လျှင် ကျပ်ငွေ ၂၂၀,၀၀၀ အထိတိုးမြှင့်ပေးခဲ့ပါသည်။

၎င်း SCG၏ အစီအစဉ်ကို လွန်ခဲ့သောနှစ်များမှ အောင်မြင်စွာစတင်အကောင်အထည်ဖော်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ နှင့် မွန်ပြည်နယ်အစိုးရတို့၏အားပေးထောက်ခံမှုကိုလည်းရရှိခဲ့သည်။ ၂၀၁၅ခုနှစ်ကျောင်းသား များအပါအဝင်၊ ၂၀၁၄ခုနှစ်မှ စတင်သော SCG Sharing the Dream အစီအစဉ်မှ မြန်မာကျောင်းသား/သူ နှင့် ထူးချွန်ကျောင်းသား/သူများ အပါအဝင် ကျောင်းသား/သူ ပေါင်းအယောက် ရ၀၀ကျော်တို့အား ပညာ သင်ထောက်ပံ့ကြေးများချီးမြှင့်ပေးခဲ့ပါသည်။
ယခုနှစ်တွင်လည်း ရန်ကုန်တိုင်းဒေသမှ ကျောင်းသား/သူ များအတွက် ပညာသင်ထောက်ပံ့ဆု ၁၀၀ နှင့် မွန်ပြည်နယ်မှ ကျောင်းသား/သူ များအတွက် ပညာသင်ထောက်ပံ့ဆု ၁၀၀ စသည်တို့ ကိုပေးအပ်ချီးမြင့်ပေး သွားမည်ဖြစ်သည်။ SCG မှ ဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားအား ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် စက်တင်ဘာလ၌ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။
 “SCG Sharing the Dream ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာကျောင်းသား/သူလေးတွေရဲ့ ပညာရေးတိုးတက်စေရန် အတွက်ထောက်ပံ့ပေးဖို့ရည်ရွယ်ပြီး ရလဒ်အနေနဲ့ သူတို့လေးတွေရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်များက ပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသား/သူလေးတွေဟာ သူတို့ရဲ့ ပညာရေးဖက်မှာ အောင်မြင်မှုတွေကိုရရှိခဲ့ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အနေနဲ့ဖြစ်လာခဲ့တယ်ဆိုတာ ကျွန်တော်တို့ အနေနဲ့ သက်သေပြုလိုပါတယ်။ အာဆီယံတစ်လွှာမှာလည်း ပြည်သူများရဲ့နေထိုင်မှုဘဝ တိုးတက်ဖွံ့ဖြိုး ခြင်းအတွက် ကတိကဝတ်ထားရှိပြီး နှစ်စဉ် ကျောင်းသား/သူ ပေါင်း ၅၀၀၀ ကျော်ကို လည်း SCG Sharing the Dream အစီအစဉ်မှ ပညာသင်ဆုများ ပေးအပ်ချီးမြင့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ပညာသင်ဆုရရှိတဲ့ ကျောင်းသား/သူလေးများကို အောင်မြင်မှုရရှိဖို့ကြိုးစားနေသူများအတွက် အထင်ကြီး အားကျစရာ ပုဂ္ဂိုလ်များဖြစ်အောင်ကြိုးစားဖို့ တိုက်တွန်း လိုပါတယ်” ဟု SCG ၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Mr. Chana Poomee ကပြောသည်။
ရန်ကုန်နှင့် မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်သော ကိုးတန်း (Grade 10) သို့မဟုတ် ဆယ်တန်း(Grade 11) ကျောင်းသူ/ကျောင်းသားများအနေဖြင့် SCG Sharing the Dream ပညာသင်ဆုကို ဇွန်လ ၂၃ ရက်နေ့ မှ ဇူလိုင်လ ၁၈ ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသော ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ ကျောင်းရုံးခန်းမှာရရှိနိုင်မည့် စစ်တမ်းမေးခွန်းလွှာကို ပြည့်စုံစွာဖြည့်စွက်ပြီး လျှောက်ထားရမည်ဖြစ်ပါသည််။  ပြည့်စုံစွာဖြည့်စွက်ထားသော စစ်တမ်းမေးခွန်းလွှာနှင့်အတူ လျှောက်ထားသော ကျောင်းသူ သို့မဟုတ် ကျောင်းသားအနေဖြင့် မိမိ၏ မိဘများအပေါ်တွင် မည်ကဲ့သို့ကျေးဇူးသိတတ်ကြောင်းနှင့် မိမိ၏အိမ်တွင် မည်ကဲ့သို့အကူအညီပေးနေမှု အကြောင်း အရာကို ရေးသားထားသော စာပိုဒ်တစ်ပိုဒ် ပါ၀င်ရမှာဖြစ်ပါသည်။ ပညာသင်ဆုလျှောက်လွှာတင်သည့်အခါတွင် လျှောက်ထားသူ၏ ဓာတ်ပုံတစ်ပုံ၊ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံနှင့် မိမိ၏ ဆရာ သို့မဟုတ် ဆရာမ၏ ထောက်ခံစာနှင့်တကွ ထည့်သွင်းလျှောက်ထားရမည် ဖြစ်ပါသည်။
SCG သည် ပညာသင်ဆု လျှောက်လွှာများ လက်ခံခြင်း နှင့် လူရွေးချယ်ခြင်း ကဏ္ဍအဆင့်အဆင့်ကို စီမံခန့်ခွဲရန် အတွက် Myanmar Business Executives Association (MBE) နှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ Myanmar Business Executives (MBE) ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်မောင်ထွန်းက “ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ရှိတဲ့ ကျောင်းသား/သူ တွေအတွက် ပညာရေးခရီးလမ်းအတွက် အရေးပါတဲ့ အထောက်အပံ့ များကို ပေးတဲ့ SCG Sharing the Dream အစီအစဉ်မှာ အတူတကွပါဝင်ဆောင်ရွက်ရတဲ့အတွက် အရမ်းကိုပီတိဖြစ်ရပါတယ်။ ကျောင်းအုပ်ဆရာ/မကြီး နဲ့ ဆရာ/မ များကိုလည်း အရည်အချင်းပြည်ဝတဲ့ ကျောင်းသား/ သူတွေကိုရွေးချယ်ပေးဖို့နဲ့ ဒီအစီအစဉ်မှာ ပါဝင်လျှောက်ထားဖို့ နှင့်အတူ ကူညီနှိုးဆော်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်” ဟုပြောသည်။
SCG Sharing the Dream ၂၀၁၄ ခုနှစ် ပညာသင်ဆုပေး အပ်ခြင်းအစီအစဉ် နှင့်ပတ်သက်၍မေးမြန်းလိုသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် Myanmar Business Executives Association (MBE) အား တယ်လီဖုန်း ၀၁-၅၁၆၆၃၉၊ ၀၉၄၂၀၀၆၉၉၀၂ သို့လည်းကောင်း၊ MBE ရုံးခန်းတည်ရှိရာ အမှတ် (၈) အခန်းနံပါတ် ၆၀၄၊ ပန်းခြံတာဝါ၊ ဗားဂရာလမ်း၊ ဗားဂရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


No comments: