Tuesday, June 16, 2015

အဆင့်မြှင့်တင်ထားသည့် အမျိုးသားလေကြောင်းလိုင်းမှ၎င်း၏နောက်ဆုံးပေါ်လေယာဉ်သစ်များနှင့် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများကို မိတ်ဆက်ခြင်း



 Myanmar National Airlines (MNA) မှ ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင် ၎င်း၏အဆင့်မြှင့်တင်ထားသည့် လုပ်ငန်းစဉ်များ၏ အထင်ကရမှတ်ကျောက်တင်အခမ်းအနားတွင် ထပ်မံပျံသန်းပြေးဆွဲသွားမည့် ဘိုးရင်း ရ၃၇ မျိုးဆက်သစ်လေယာဉ်များထဲမှ တစ်စင်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုနှစ်သြဂုတ်လတွင် စတင်ချဲ့ထွင်မိတ်ဆက်မည့် နိုင်ငံတကာလေကြောင်းကွန်ယက် ရန်ကုန်-စင်ကာပူ ခရီးစဉ်နှင့်အတူ MNA ၏ ပြည်တွင်းခရီးစဉ် ၂၆ နေရာ နှင့် ၂၀၁၆ခုနှစ်အစောပိုင်းတွင် ချိတ်ဆက်ပျံသန်းမည့် အာရှ-ပစိဖိတ်ဒေသတွင်းရှိ မြို့ (၄) မြို့များသို့ လေယာဉ်သစ်နှင့် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ပါသည်။

 ယခုကဲ့သို့ အထင်ကရမှတ်ကျောက်တင်အခမ်းအနား အခါသမယမှာ MNA ၏ သမိုင်းဝင်အစိုးရစီမံခန့်ခွဲမှုမှ Corporatization အဖြစ်သို့ပြောင်းလဲပြီး ခြောက်လကြာအချိန်အခါဖြစ်ပြီး ၎င်း၏ကတိကဝတ်အတိုင်း မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ် လေကြောင်းလိုင်းတစ်ခု အဖြစ်ရန်တည်ရန်ဟူသည့် ကတိပြုမှုကိုဖော်ဆောင်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

လေယာဉ်သစ်များသည် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရုံသာမက နိုင်ငံတကာစီပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ နှင့် ခရီးသွားကဏ္ဍအတွက် တွန်းအားဖြစ်စေသကဲ့သို့ လေကြောင်းလိုင်းနှင့် နိုင်ငံတော်အတွက် အကျိုးရလာဒ်ကောင်းများ ရရှိစေမည် ဖြစ်ကြောင်း ကို Myanmar National Airlines မှ ပြောကြားပါသည်။

 “အခုလေယာဉ်သစ်က နိုင်ငံတွင်း လေကြောင်းလိုင်းများအဖြစ် ပျံသန်းသွားမယ့် ပြည်တွင်းခရီးစဉ် ၂၆ ခုကို တစ်ဆက်တည်း ပြေးဆွဲခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားဆန်းကြယ်မှုတွေကို လူအများပိုမိုသိရှိနိုင်မယ့် အခွင့်အရေးတွေပေးသွားမှာ ဖြစ်ပါတယ်”ဟု ကပ္ပတိန် သန်းထွန်းမှ ပြောကြားခဲ့ပါသည်။ “စင်ကာပူနိုင်ငံခရီးစဉ်ကိုစတင်လိုက်ပြီး နိုင်ငံတကာခရီးစဉ်များကို တိုးချဲ့ခြင်းဖြင့် မြန်မာနိုင်ငံကို ကမ္ဘာတဝှမ်းမှလာရောက်သူများအား ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှု နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို  ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကပ္ပတိန် သန်းထွန်းမှ ပြောကြားပါသည်။

 ပထမဆုံးရောက်ရှိလာသော လေယာဉ်သည် ဘိုးရင်းမျိုးဆက်သစ် 737-800s အမျိုးအစား(၆)စင်းနှင့် 737- Max 8s အမျိုးအစား (၄) စင်းထဲမှတစ်စင်း ဖြစ်ပြီး Myanmar National Airlines ၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန်နှင့် ကမ္ဘာ့လေကြောင်းစျေးကွက်တွင် ယှဉ်ပြိုင်ဖက်အဖွဲ့ဝင် အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်နိုင်မှုကို သိရှိစေရန် အတွက် Myanmar National Airlines မှ ဒေါ်လာမီလီယံသန်းပေါင်းများစွာ အကုန်အကျခံ၍ မှာယူခဲ့ခြင်း ဖြစ်ပါသည်။

 အဆိုပါ လေယာဉ်သစ်နှင့်စပ်လျဉ်း၍ Myanmar National Airlines က ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများနှင့် ခရီးစဉ်သစ်များကို ၎င်းတို့၏ အမှတ်တံဆိပ်သစ်နှင့်အတူ ပျံသန်းပြေးဆွဲသွားမည် ဖြစ်ပါသည်။ ၂၀၁၄ခုနှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး လုပ်ငန်းအဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ပြီး  အွန်လိုင်းလက်မှတ်ကြိုတင်စာရင်းပေးခြင်း၊ ငွေပေးချေခြင်း၊ ထိုင်ခုံရွေးချယ်ခြင်းများပြုလုပ်နိုင်သည့် Websiteသစ်တစ်ခုကို ထူထောင်လိုက်ခြင်းအပြင် နေရာကြိုတင် ချိတ်ဆက် ခြင်း နှင့် လေယာဉ်ထွက်ခွာမှု ထိန်းချုပ်ရေးစနစ်အားလုံးကို ခေတ်မီကွန်ပျူတာစနစ်သုံးစီမံခန့်ခွဲမှုဖြင့် တပ်ဆင်ခဲ့ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် Myanmar National Airlines သည် ယခုချိန်တွင် နိုင်ငံတွင်း အကျိုးဖြစ်ထွန်းမှုအများဆုံး  နှင့် အဆင့်မြှင့် လေကြောင်းလိုင်းတစ်ခုဖြစ်လာမည် ဖြစ်သည်။

 Myanmar National Airlines မှ ယခုအခါတွင် လေယာဉ်တက်ရန်စာရင်းသွင်းခြင်းမှ ဆိုက်ရောက်သည်အထိ ခရီးစဉ်တစ်လျှောက်လုံးတွင် ခရီးသည်များအတွက် အဆင့်မြှင့်တင်ထားသော ၀န်ဆောင်မှုများအား တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ လေယာဉ်ဝန်ထမ်းများ၊ လေဆိပ်အမှုထမ်းများနှင့် အရောင်းတာဝန်ခံများကို နိုင်ငံတကာအဆင့်နှင့်အညီ ပြီးပြည့်စုံသည့်သင်တန်းများကို ဖွင့်လှစ်ပို့ချရုံသာမက လေယာဉ်ပေါ်မှာလည်း ခရီးသည်များအနေနဲ့လည်း အထူးသန့်ရှင်းပြီး သက်တောင့်သက်သာဖြစ်သော ခေတ်မီပတ်ဝန်းကျင်ကို မျှော်လင့်ထားနိုင်ပါသည်။ Myanmar National Airlines ပိုင်လေယာဉ်တိုင်းတွင် လေယာဉ်တွင်း နောက်ဆုံးပေါ်ဖျော်ဖြေမှုစနစ်များပံ့ပိုးပေးထားသကဲ့သို့ ဟင်းလျာအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော အစားအသောက်များဖြစ်သည့် နိုင်ငံတကာ နှင့် မြန်မာအစားအသောက်များကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

 လေယာဉ်သစ်များ ထပ်မံဖြည့်တင်းခြင်း နှင့် ၀န်ဆောင်မှုများ မြှင့်တင်ခြင်းအပြင် ကုမ္ပဏီအနေဖြင့် မြန်မာ၏ အနုပညာဆန်သော အရောင်အသွေးစုံလင်သည့် အလှအပများကို သိရှိစေမည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါသည်။ လေယာဉ်တစ်စီးလုံးကို သန့်ရှင်းသာယာလှပငြိမ်းချမ်းမှုကို ပြသသော သင်္ကေတဖြစ်သည့် ရွှေရောင်ကြာပန်းပုံ နှင့် အရောင်သွေးစုံလှသော ရိုးရာအမှတ်တံဆိပ်များဖြင့် ရေးဆွဲ အလှဆင်ထားပါသည်။ Myanmar National Airlines က လေဆိပ်စစ်ဆေးရေးဂိတ်များ၊ လေယာဉ်အဝင်ဂိတ်များနှင့် ခရီးစဉ်ပျံသန်းရာ နေရာတိုင်းရှိ ဧည့်ခန်းမများကို ထူးခြားတင့်တယ်လှပစေရန် စီမံဆောင်ရွက်ထားပါသည်။

မြန်မာနိုင်ငံမှ နာမည်ကြီးဒီဇိုင်းနာဖြစ်သူ မိုဟုမ် (Mo Hom) နှင့်ပူးပေါင်းပြီး လေယာဉ်ဝန်ထမ်းဝတ်စုံများအပါအဝင် front line ဝန်ထမ်းများ၏ ၀တ်စုံများကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို သတိရနေစေမည့် ပုံစံသစ်ကို ပြုပြင်မွမ်းမံကာ ဒီဇိုင်း ရေးဆွဲခဲ့ပါသည်။ “၀တ်စုံအတွက် စိတ်ကူးကို  မြန်မာနိုင်ငံ၏ အရောင်သွေးစုံလှပသော ပတ္တမြား၊ ကျောက်စိမ်း၊ ကြေးနီးနှင့် ရွှေစသောတွင်းထွက်ပစ္စည်းများမှ ထွက်ပေါ်လာတာဖြစ်တယ်”ဟု ဒီဇိုင်းနာဖြစ်သူ မိုဟုမ်(Mo Hom) မှ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒီဇိုင်းနာဖြစ်သူ မိုဟုမ်(Mo Hom) မှ “ဒီအရောင်အသွေးစုံလှသော အရောင်မျိုးစုံကို ချင်းရိုးရာပုံစံ နှင့် ဗမာအချိတ်စတိုင် ပန်းပွင့်ထိုးပေါင်းစပ်ကာ မြန်မာ့ရိုးရာလက်မှုပညာကို ထိတွေ့ခံစားနိုင်စေရန်အတွက် ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

“ဒီနေ့အခမ်းအနားမှာ Myanmar National Airlines လေယာဉ် အသစ်နဲ့အတူ ကမ္ဘာ့အဆင့်မှီလေကြောင်းလိုင်းအဖြစ် ရောက်ရှိလာမှုကို အသိပေးမိတ်ဆက်နိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟုကပ္ပတိန် သန်းထွန်း က ပြောကြားခဲ့ပါတယ်။ “ကမ္ဘာတစ်ဝှမ်းလုံး နဲ့ မြန်မာနိုင်ငံမှ နိုင်ငံသားများအားလုံးကို ပိုမိုတိုးတက်ကောင်းမွန်လာသာ အောင်မြင်မှုများကို မျှဝေရန်ပြသနိုင်မည်ဟု ကျွန်တော်တို့ မျှော်လင့်လျှက်ရှိပါတယ်” ဟုပြောကြားခဲ့ပါသည်။

ခရီးစဉ်များစတင်နိုင်မည့် အချိန်ကာလများ

သြဂုတ်လတွင် စတင်ပြေးဆွဲမည့် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာခရီးစဉ်ဖြစ်သည့် စင်ကာပူခရီးစဉ် အတွက် လေယာဉ်လက်မှတ်များကိုဇူလိုင်လတွင် ကြိုတင်ရောင်းချသွားမည်ဖြစ်ပါသည်။ ဒေသတွင်းခရီးစဉ်များထဲမှ ဟောင်ကောင်နှင့် တိုင်ပေ ခရီးစဉ်များကို သြဂုတ်လ နှောင်းပိုင်းတွင်စတင်နိုင်မည်ဟုမျှော်လင့်ထားပါသည်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ နှင့် စည်းမျဉ်းဥပဒေ၏ ခွင့်ပြုချက်များအပေါ်မူတည်၍ ခရီးစဉ်များမှာ အပြောင်းအလဲရှိနိုင်ပါသည်။

No comments: