Thursday, February 18, 2016

အွန်လိုင်းကြော်ငြာများ၏ (၈၀) ရာခိုင်နူန်းခန့်ကို မိုဘိုင်းဖုန်းကိုအသုံးပြု၍ ရောင်းချလာကြောင်း www.ads.com.mm ထုတ်ပြန်


မြန်မာပြည်၏အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှ ယင်းဝက်ဘ်ဆိုက် အသုံးပြုသူများ အတွင်းမှ (၈၀) ရာခိုင်နူန်းမှာ မိုဘိုင်းဖုန်းဖြင့်သာ ဝင်ရောက် ကြည့်ရူလာကြလေသည်။(၂၀၁၅) ခုနှစ် ဇွန်နာဝါရီလမှာ မိုဘိုင်းဖြင့်အသုံးပြုသူ (၅၀) ရာခိုင်နူန်းသာရှိပြီး အောက်တိုဘာလမှ စတင်၍ ( ၈၀) ရာခိုင်နူန်းအထိ အရှိန်အဟုန်ကောင်းစွာဖြင့် အသုံးပြုသူများ များပြားလာကြောင်းကို သတင်းထုတ်ပြန်ထားပါသည်။


“ကျွန်တော်တို ့ဒီဝက်ဘ်ဆိုက်မှာဆို ကဏ္ဍပေါင်း (၄၂) ခုလောက်ရှိတယ်။အဓိကကဏ္ဍ(၉) ခုရှိတာကိုတွေ ့ရှိပြီး အသုံးပြုသူအများစုဟာ မိုဘိုင်းနှင့်အသုံးပြုလာတာကိုတွေ ့ရှိလာရပါတယ်။(၂၀၁၅) နှစ်လည်လောက်မှာ မြန်မာပြည်ရဲ့မိုဘိုင်းအသုံးပြုသူမြင့်တတ်လာတာနှင့်အမျှ ကျွန်တော်တို့ ဝက်ဘ်ဆိုက်အသုံးပြုသူအများစုဟာ မိုဘိုင်းဖုန်းကနေအသုံးပြုမူမြင့်တတ်လာပြီးတော့ ပစ္စည်းအများစုကိုလည်း ဖုန်းကနေတဆင့် ရောင်းချလာတာကို တွေ ့ရှိလာရပါတယ်။လက်ရှိကျွန်တော်တို ့ကြော်ငြာအများစုကိုကြည့်ရူသူတွေဟာ မိုဘိုင်းကနေ (၈၀) ရာခိုင်နူန်းလောက်ရှိပြီး  ၊ ကျန် (၂၀) ရာခိုင်နူန်းကို အခြား device တွေဖြစ်တဲ့ Laptop နှင့် Tablet က နေ ရောင်းချလာတာကိုတွေ ့ရှိရမှာဖြစ်ပါတယ်။လက်ရှိကျွန်တေ်ာတို့ ရဲ့ကြော်ငြာအများစုမှဆိုရင်လည်း မိုဘိုင်းဖုန်းအလုံးရေပေါင်း ( ၂၆၈၆၂ ) ရှာဖွေနိူင်ပြီး ၊ Tablet အလုံး ( ၂၁၀၂ ) နှင့် computer အလုံးရေပေါင်း ( ၂၀၀၀ ) ခန့်ကိုလဲ ရှာဖွေဝယ်ယူနိူင်ပါတယ်။ လက်ရှိအိုင်ဒီနှင်    ့ဆက်စပ်ပစ္စည်းများဟာလူကြိုက်အများဆုံးကဏ္ဍတစ်ခုဖြစ်တာကို တွေ ့ရှိရပါတယ် “ဟု Head of Product ဖြစ်သူ ကိုဟိန်းအောင်ကျော်မှ ပြောသည်။
“ ဒီ(၂၀၁၅) ကနေစပြီး လူအများစုက Smart ဖုန်းတွေကိုဘဲ အများစုက အသုံးပြုလာတာကို တွေ ့ရှိရမှာလာရပါတယ်။ပြီးရင် မိုဘိုင်း Application တွေကိုလည်းအကျွမ်းတဝင်နှင့် အသုံးပြုလာတာကို တွေ ့ရှိရမှာ ဖြစ်ပြီး လူငယ်အများစုဟာ ကိုယ်ပိုင် Facebook Page ကနေ တဆင် ့ ကိုယ်ပိုင်လုပ်ငန်းလေးတေ ွ ပြုလုပ်လာတာကိုလည်း တွေ ့ရှိရပါတယ်။ အိုင်ဒီပိုင်းကျွမ်းကျင်တဲ့ လူငယ်တွေဆို ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွေရေးပြီး အွန်လိုင်းစျေးကွက်တွေကို ပြုလုပ်လာတာကို တွေ  ့ရှိရမှာဖြစ်ပါတယ်။ အွန်လိုင်းကနေတဆင့် စီးပွားရေးလုပ်ငန်းတွေကိုကျယ်ကျယ်ပြန် ့ပြန်ပြု လုပ်လာတာကို  တွေ ့ရှိရမှာဖြစ်ပါတယ်။မြန်မာပြည်ရဲ့အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှာဆိုရင်လည်း လူတွေပိုပြီး အသုံးပြုလာတာကို တွေ ့မြင်ရမှာ ဖြစ်ပါတယ်။ဒီအခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တွေက အနောက်တိုင်း နှင် ့အာရှနိူင်ငံတွေမှာ E-commerce တွေထက် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တွေကို ကျယ်ကျယ်ပြန် ့ပြန် ့နှင့် အသုံးပြုနေကြတာ ဆယ်စုနှစ်တစ်ခုကျော်နေပါပြီ။အိမ်ပြောင်းအိမ်ရွေ ့ပြုလုပ်ပြီးဆို တစ်အိမ်လုံးကို အခမဲ့ကြော်ငြာရောင်းတဲ ့ပုံစံကို ပြုလုပ်နေကြတာကိုတွေ ့မြင်ရပါတယ်။ ကျွန်တော်တို ့ www.ads.com.mm ဆိုရင်လဲမြန်မာပြည်က ရုံးခန်းပြောင်းလို ့ပြန်ရောင်းချင်တဲ ့လူ တွေကလဲအသုံးပြုလာတဲ့ အတွက်အရမး်ဘဲစိတ်ဝင်စားဖို ့ကောင်းပါတယ်။ကျွန်တော်တို ့ဒီလိုဝက်ဘ်ဆိုက်တွေအသုံးပြုတာဟာအရမ်းကို ကြီးမားတဲ ့စျေးကွက်ထဲကိုရောက်ရှိသွားတာဖြစ်တဲ ့အတွက် အသုံးပြုကြည့်ကြပါ ဟု www.ads.com.mm ၏  Head of public relations ဖြစ်သူ Mr. Elijah Htang မှပြောသည်။
မြန်မာနိူင်ငံ၏ အွန်လိုင်းစျေးကွက်သည် (၂၀၁၅) အလွန်တွင် အသုံးပြုသူ ပိုမိုမြင့််တတ်လာကြောင်းကိုတွေ ့ရှိလာရပြီး လက်ရှိမြန်မာ ပြည်တွင်း လက်ရှိ စမတ်ဖုန်းအသုံးပြုသူများ၏ ( ၆၀) ရာခိုင်နူန်းခန့်မှာ အွန်လိုင်းဝက်ဘ်ဆိုက်များ ၊ Social Media များကို ကျယ်ကျယ်ပြန့် ပြန် ့အသုံးပြုလာကြောင်းကို တွေ ့ရှိလာရသည်။

No comments: