Tuesday, February 9, 2016

အလုပ်သင်အဖြစ်ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အလမ်းများပိုမို ဖန်တီးပေးရန်လိုအပ်ကြောင်း work.com.mm မှဆို



မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်အနေဖြင့်၂၀၁၆ခုနှစ်ဇန်နဝါရီလမှဖေဖော်ဝါရီလပထမပတ်အတွင်းပြည်တွင်းပြည်ပလုပ်ငန်း၃၈ခုအားလုပ်ကိုင််ခွင့်ပြုခဲ့ရာတွင်ရာနှုန်းပြည့်နိုင်ငံခြာသားရင်းနှီးမြှုုပ်နှံမူလုပ်ငန်း၁၇ခု၊မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမူဆယ်ခုနှင့်ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆယ်ခုဖြစ်ေကြောင်းထုတ်ပြန်ထားသည်။ယင်းကဲ့သို့ခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှု၃၈ခုမှလည်းပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်းသောင်း ခြောက်ထောင်ကျော်ဖန်တီးပေးနိုင်ခဲ့ကြေင်းလည်းထုတ်ပြန်ချက်အရသိရသည်။အဆိုပါရင်းနှီးမြှုပ်နှံမှုများမှ ဖန်တီးပေးနိုင်ခဲ့သောအလုပ်အကိုင်များတွင်ပြည်ပရင်းနှီးမှုလုပ်ငန်းများပါ၀င်လာမှုကြောင့်အလုပ်သင် (internship)အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပွင့်လန်းလာမည်ဟုwork.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ခန့်မှန်းထားသည်။

ဘွဲ့ရပြီးစလူငယ်များအနေဖြင့်လုပ်ငန်းခွင်ထဲစတင်ဝင်ရောက်ရာတွင်အလုပ်သင်(internship)အဖြင့်စင် ခြင်းဖြင့်လုပ်ငန်းအတွေ့အကြုံများသင်ယူနိုင်ရုံသာမကအပိုဝင်ငွေလည်းရရှိနိုင်သည့်အတွက်လူငယ်များ အတွက်များစွာအထောက်အကူဖြစ်စေသည်။ပြည်ပနိုင်ငံများတွင်လည်းဘွဲ့ကြိုနှင့်ဘွဲ့ရလူငယ်များအား ယင်းကဲ့သို့အလုပ်သင်အစမ်းခန့် အလုပ်အကိုင်များပေးအပ်ကာ capacity building ဟုခေါ်သောလူ့စွမ်းအားအရင်းအမြစ်မြှင့်တင်တည်ဆောက်ခြင်းများကိုဆောင်ရွက်လေ့ရှိသည့်အတွက်နိုင်ငံတော်တော်များများတွင်ကျင့်သုံးလေ့ရှိသောစနစ်လည်းဖြစ်ပေသည်။မြန်မာနိုင်ငံတွင်တော့ယင်းအလေ့အထကိုအသုံးချမှုနည်းပါးလေ့ရှိသည့်အတွက်လူငယ်များအတွက်အချိန်ပိုင်းပိုင်းအလုပ်ဖန်တီးပေးနိုင်မှုနှင့် လုပ်ငန်းခွင်အကြိုအလုပ်သင်အလုပ်အကိုင်များဖန်တီးပေးနိုင်မှုများမှာလိုအပ်ချက်ရှိနေဆဲဖြစ်သည်။လက်ရှိအချိန်မှာတော့ပြည်ပအခြေစိုက်လုပ်ငန်းအများစုကသာအလုပ်သင်(Internship)အလုပ်အကိုင်များခေါ်    ယူခန့်အပ်မှုများရှိနေကြောင်းလည်းwork.com.mmကဆိုသည်။လက်ရှိတွင် ပြည်ပအခြေစိုက်လုပ်ငန်းကြီးများဖြစ်ကြသော Mega Life Science, Unilever, Huawei, SCG,               Rocket Internet အစရှိသောလုပ်ငန်းကြီးများနှင့်အခြားသောလုပ်ငန်းများမှလည်းခေါ်ယူမှုရှိကြောင်း    သိရသည်။
    “ကျွန်မရဲ့အတွေ့အကြံုအရဆိုရင်တော့ ဒီမှာအလုပ်လာဝင်တဲ့ နိုင်ငံခြားသားတွေကအစ Internship(အလုပ်သင်)အနေနှင့်လာကြတာများတယ်။ကျောင်းပြီးခါစလူငယ်တွေပေါ့နော်၊အသက်နှစ် ဆယ်ကျော်အရွယ်လေးတွေကိုလွှတ်တာများတယ်။သူတို့ရဲ့လုပ်ဆောင်ချက်ကောင်းတယ် ဆိုရင်အတည်ပြုပြီးထပ်ခန့်အပ်သွားတာမျိုးတွေရှိတယ်။အဲဒီလိုလုပ်လိုက်တော့သူတို့လည်းအတွေ့အကြံုရသွားတယ်၊ဒီမှာဆက်မလုပ်ဖြစ်တော့ရင်တောင်မှတခြားမှာအလုပ်ဝင်ဖို့အတွက် လုပ်ငန်းသဘောလေးတွေနားလည်သွားတာပေါ့။ပြီးတော့လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီးကိုယ့်ပြည် တွင်းကလူငယ်တွေကို အလုပ်သင်အနေနှင့်ခေါ်ယူပြီး ဒီကတက်ကျွမ်းပြီးသားဝန်ထမ်းတွေနှင့် train ပေးတာမျိုုးလုပ်ပေးတဲ့အခါကျတော့လတ်တလောလူငယ်တွေရင်ဆိုင်နေရတဲ့ အတွေ့အကြံုရှိမှရမယ်ဆိုတာမျိုးတွေကင်းသွားတာပေါ့။အမြဲတမ်းခန့်ထားတဲ့ဝန်ထမ်းတွေအတွက်ကျတော့လည်းအလုပ်သင်တွေအချိန်ပိုင်းဝန်ထမ်းတွေခန့်ပေးထားတော့အလုပ်တာဝန်တွေအရမ်းပိတာတို့အချိန်ပို တွေခဏခဏဆင်းရတာတို့မဖြစ်တော့နှစ်ဦးနှစ်ဘက်အကျိုးရှိသွားတယ်။အဲလိုမျိုးလေးတွေသာအားလုံးပူး ပေါင်းပြီးဆောင်ရွက်သွားမယ်ဆိုရင်အချိန်ပိုင်းအလုပ်ယဉ်ကျေးမှုလည်းထွန်းကားလာမှာဖြစ်တယ်”လို့ work.com.mm မှလူမှုဆက်ဆံရေမန်နေဂျာ မဇင်မာသက်မွန်ကပြောသည်။
လက်ရှိအခြေအနေမှာတော့ပြည်တွင်းလုပ်ငန်းအများစုမှာအလုပ်သင်ဝန်ထမ်းခေါ်ယူခြင်း၊အချိန်ပိုင်းဝန်ထမ်းခေါ်ယူခြင်အလေ့အထများကိုကျင့်သုံးလေ့မရှိသလောက်နည်းပါးသည့်အတွက်အလုပ်ရှင်အလုပ်သမား ပဋိပက္ခများမကြာခဏဆိုသလိုတွေ့ကြံုဖြေရှင်းနေရဆဲဖြစ်သည်။အမြဲတန်းဝန်ထမ်းများကိုအချိန်ပိုမကြာခဏဆင်းခိုင်းခြင်း၊အားလပ်ရက်အနားမရခြင်း၊အချိန်ပိုကြေးထိုက်တန်စွာရရှိမှုမရှိခြင်းစသည့်ပြဿနာများမှာ လက်တလောရင်ဆိုင်နေရသည့်မလိုလားအပ်သောပြဿနာများဖြစ်ပြီးအချိန်ယူပြင်ဆင်ဖြေရှင်းနိုင်ခြင်းမရှိ ပါကရေရှည်တွင်လည်းအကြီးမားဆုံး ကိုင်တွယ်ဖြေရှင်းရမည့်စိန်ခေါ်မှုတရပ်အဖြစ်ရပ်တည်နေဦးမည်ဖြစ် သည်။

No comments: