Monday, February 29, 2016

myME ဒီဂျစ်တယ်ပညာရေး အစီအစဉ် ၂၀၁၆ နှစ်ကုန် တွင် ကျောင်းသား ၃၅၀၀ အထိ ရောက်ရှိနိုင်မည်


myME ဒီဂျစ်တယ်ပညာရေး အစီအစဉ် ၂၀၁၆ နှစ်ကုန်တွင် ကျောင်းသား ၃၅၀၀ အထိ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။Telenor မှ ၀၉၇၇ ဖြင့် စသော အထူးနံပါတ်များကို လေလံတင်ရောင်းချသွားမည် ဖြစ်ရာ ယင်းမှ ရရှိ သောအကျိုးအမြတ် များကို myME မှတစ်ဆင့် ဒီဂျစ်တယ်ပညာရေး အစီအစဉ်ကို လှူဒါန်း
သွားမည်ဖြစ်ကြောင်း သိရ သည်။

“တယ်လီနောအနေနဲ့ ၂၀၁၄ ကတည်းကနေ
လက်ဘက်ရည်ဆိုင်တွေမှာရှိတဲ့ ကလေးတွေကို အသက်မွေးဝမ်းကျောင်း ပညာရေးကို ကူညီပေးဖို့ myME နဲ့ လက်တွဲခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ နှစ်ကုန်မှာ ကလေးပေါင်း ၉၀၀ ကျော်က ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ နှစ်ကုန်ထိကို ကလေးပေါင်း ၁၅၀၀ ကျော်အထိ ပါဝင်နိုင်အောင် အစီအစဉ်ကို
တိုးချဲ့သွားမှာဖြစ်ပါတယ်။ ခုလို myME နဲ့အတူပူးပေါင်း လုပ်ဆောင်တဲ့ အစီအစဉ်အသစ်က နည်းပညာကို အခြေခံပြီး ကျောင်းပြင်ပ ပညာရေးနဲ့ အသက်မွေးဝမ်း ကျောင်းပညာရေးတွေကို တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းပြင်ပက ကလေးတွေကို ပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်မှာ ကျောင်းသား ၃၅၀၀ အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းပြီး ၂၀၁၇ ခုနှစ် နှစ်ကုန် ထိ ကျောင်းသား ၂၀ ၀၀၀ ဦး အထိ ရောက်နိုင်မယ်လို့ ရည်ရွယ်ထားပါတယ်”ဟု တယ်လီနောမြန်မာ Corporate Responsibility မှ အကြီးအကဲ ဦးမင်းသူက ပြောသည်။

ကနဦးတွင် မြန်မာစာဖြင့် သင်ကြားနိုင်မည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ် နှင့် နောက်ပိုင်းတွင် တိုင်းရင်းသာ ဘာသာစကားများဖြင့်ပါ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ သင်ကြားမည့် ဘာသာရပ်များမှာ အင်္ဂလိပ်၊ သချာင်္၊ Life Skills နှင့် အခြေခံ ကွန်ပျုတာ သင်တန်းတို့ဖြစ်ပြီး အဆင့်လေးဆင့် ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအောက်တွင် အမျိုးမျိုးသော ကနဦးအစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး တယ်လီနော အလင်းအိမ်စင်တာ၊ myME Chapter, myME Box App တို့မှ တဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments: