Thursday, February 18, 2016

Facebook အသုံးပြုမူကြောင့် ညအိပ်ရေးပျက်သူပိုမိုများပြားလာ


အိပ်ရေးမဝရခြင်းအကြောင်းအရင်းဟာ Facebook လိုမျိုး လူမှုကွန်ရက်တွေ အပါအဝင် အွန်လိုင်းအသုံးပြုများတာနဲ့ ဆက်စပ်မှုရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် Irvine မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။


သုတေသီအဖွဲ့ဟာ UCI ကျောင်းသားပေါင်း ရ၆ယောက်ကို လူစုပြီး သူတို့ရဲ့ တစ်ပတ်တာ အင်တာနက်အသုံးပြုမှုကို စောင့်ကြည့်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ အင်တာနက်အသုံးပြုမှုက အိပ်စက်မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာထက် အိပ်စက်ချိန်က အင်တာနက်အသုံးပြုမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတာကို လေ့လာချင်ခဲ့ကြတာလို့ ဆိုပါတယ်။

ကျောင်းသားတွေရဲ့ ကွန်ပျူတာ နဲ့ စမတ်ဖုန်းတွေမှာ Logging ဆော့ဖ်ဝဲလ် ကိုထည့်သွင်းပြီး ဖုန်းဘယ်လောက်ပြောတယ်၊ မက်ဆေ့ချ်ဘယ်လောက်ရိုက်တယ်နဲ့ တခြား App တွေဘယ်လောက် သုံးတယ်ဆိုတာကို လေ့လာစောင့်ကြည့်ခဲ့ကြတာပါ။ ကျောင်းသားတွေရဲ့ အပြုအမူ၊ တက်ကြွလှုပ်ရှားမှုတွေနဲ့ စိတ်ဖိစီးမှု အတိုင်းအတာတွေ သိရဖို့ကိုတော့ အာရုံခံကိရိယာတွေ အသုံးပြုခဲ့ကြပါတယ်။

ကိုယ်စီ အိပ်စက်မှုနဲ့ပတ်သက်တဲ့ သတင်းပို့မှုကိုလည်း နံနက်တိုင်းနဲ့ ညစဉ်တိုင်းမှာ စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ ကျောင်းသားတွေကို မေးခွန်းတွေမေးပြီး အင်တာဗျူးလည်း လုပ်ခဲ့ပါတယ်။

အိပ်စက်ဖို့ လိုအပ်တဲ့ အတိုင်းအတာနဲ့ တကယ်အိပ်ပျော်ခဲ့တဲ့ အတိုင်းအတာကြားက အိပ်စက်မှုကွာဟချက်ကိုလည်း လေ့လာမှုတွေပြုခဲ့ကြပါတယ်။

“အိပ်မပျော်ဘူးဆိုရင် ဘာလုပ်ကြလဲ။ Facebook သုံးတယ်လေ။ သုံးရလည်းလွယ်ကူတယ်၊ ပြီးတော့ ပင်ပန်းသွားရော။” လို့ သုတေသီဦးစီး Gloria Mark ကပြောခဲ့ပါတယ်။

No comments: