Monday, February 29, 2016

Mobile Team ဖျက်သိမ်းပြီး နောက်ပိုင်း ITC ကတ်နှင့ ်ကုန် သွယ်မှုလျော့ကျလာပြီး တရားမဝင်ကုန်သွ ယ်မှု တိုးလာမည်ဟု ခန်မှန်း


Mobile Team ဖျက်သိမ်းပြီး နောက်ပိုင်း ITC ကတ်နှင့်ကုန်
သွယ်မှုလျော့ကျလာပြီး တရားမဝင်ကုန်သွယ်မှု တိုးလာမည်ဟု
ခန်မှန်းနေကြကြောင်းသိရသည်။

နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် Mobile Team ဖျက်သိမ်းပြီး နောက်ပိုင်း ITC ကတ်နှင့်ကုန် သွယ်မှုလျော့ကျလာပြီး မှောင်ခို သွားသည့်ပစ္စည်းများအနည်းငယ် ရှိနေနိုင်သည်ဟုဆိုနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။
Mobile Team ရှိနေစဉ်အချိန် က တရားမဝင်ကုန်ပစ္စည်းများ ကို
ဖမ်းဆီးရမိမှုပမာဏ အမြောက် အမြားရှိခဲ့ပြီး ယခုအချိန်တွင် Mobile Team အဖွဲ့များ ဖျက် သိမ်းပြီးသော်လည်း အဖွဲ့များ အလိုက် စစ်ဆေးမေးမြန်းလုပ် ဆောင်မှုများရှိနေကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
” ITC ကတ်နဲ့ကုန်သွယ်မှု လျော့ကျလာတယ်။ တရားမဝင်
သွားတာတွေရှိနေတယ်လို့တော့ ခန့်မှန်းလို့ရတယ်။ ဒါကအကြမ်း ဖျင်းယူဆတာပါ။ Mobile Team မရှိပေမယ့် အဖွဲ့တွေက သူဟာနဲ့သူ ခွဲပြီး
ကုန်သွယ်ရေးစခန်းတွေမှာ စစ်ဆေးမေးမြန်းတာတွေလုပ်နေ တယ်။ ဒါပေမဲ့ စိုးမိုးထိန်းချုပ်မှု မရှိတဲ့နေရာမှာတော့ မှောင်ခိုက ရှိနေဦးမှာဖြစ်တယ်။ အားလုံးက ဝိုင်းဝန်းလုပ်ကိုင်မှ ဒါကပျောက် သွားမှာဖြစ်တယ်။ ITC ကတ် ကုန် သွယ်မှုက လျော့ကျသွားတယ်။ အရေအတွက်ကတော့ ပြောလို့မရ သေးဘူး”ဟု
၄င်းကပြောသည်။
ယခု၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် ဖေဖော်ဝါရီ ပထမပတ်အထိ ကုန်သွယ်မှုလိုငွေ ငါးဘီလီယံ ပြနေပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်မှုများလာသည် နှင့်အမျှ ပြည်ပမှတင်သွင်းရသည့် ကုန်ပစ္စည်းများလည်းများသဖြင့်
လိုငွေပြရခြင်း၏အကြောင်းတစ်ချက် လည်းဖြစ်ကြောင်း ယင်းဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစိုးရဌာနများသည် ၂ ဒသမ ၂ ဘီလီယံသွင်းကုန်ရှာထားနိုင်ပြီး
ပုဂ္ဂလိကအနေဖြင့်ပို့ကုန် ၄ဒသမ၅ ဘီလီယံရှိပြီး သွင်းကုန်မှာ ၁၁ ဒသမ ၇ ဘီလီယံပြည်ပမှတင်သွင်းခဲ့ သောကြောင့် ပုဂ္ဂလိကအနေဖြင့်

No comments: