Monday, February 29, 2016

Work.com.mm ဝဘ်ဆိုဒ်မှ တက္ကသိုလ်ဝင်စာမေ းပွဲဖြေဆိုပြီးသူများနှင့့်် ဘွဲ့ကြိူကျော င်းသားများအတွက်ပညာပေးသင်တန်းများ ပို့ချေ ပးသွားမည်


လာမည့်၂၀၁၆ခုနှစ်
မတ်လ၉ရက်နေတွင်တက္ကသိုလ်ဝင်စာမေးပွဲများစတင်စစ်ဆေးသွားတော့မည်ဖြစ်ပြီး ယင်းစာမေးပွဲကြီးတွင်ဝင်
ရောက်ဖြေဆိုရန်တနိုင်ငံလုံးတွင်စာရင်းသွင်းလျှောက်ထားသူပေါင်း ၆၇၀၀၀၀
ခန့်ရှိေကြောင်းသိရသည်။အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကြီးးတွင်ပါဝင်ဖြေဆိုခဲ့ကြသည့်ကျောင်းသား လူငယ်များအတွက်လိုအပ်မည့််ပညာပေးအစီအစဉ်များကို work.com.mm အလုပ်အကိုင်ရှာဖွေရေး website မှပညာရေးအတိုင်အပင်ခံဝန်ဆောင်မှုသင်တန်းများနှင့်ပူးပေါင်းကာ အခမဲ့ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


လူငယ်များအတွက် လိုအပ်သည့် ပညာရေးစနစ်ကောင်း တစ်ခုပေါ်ပေါက်လာစေရန် ကြိုးစားခြင်းမှာ အဓိကကျသော်လည်း အချိန်အတိုင်းအတာလိုအပ်မည်ဖြစ်သောကြောင့် လုပ်ငန်းခွင်မဝင်မီ အရည်အချင်းပြည့်ဝသော လူငယ်များဖြစ်လာစေရန်
သင်တန်းများတက်ရောက်ထားခြင်းကသာ လက်ရှိအချိန်အခါအတွက် အကောင်းဆုံးအဖြေ ဖြစ်ပါသည်။ ထို့ကြောင့်Work.com.mm အွန်လိုင်းအလုပ်ရှာ ဝဘ်ဆိုဒ်မှ မြန်မာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရှာဖွေနိူင်ရန် လိုအပ်မည့်ပညာပေး သင်တန်းများ ဖွင့်လှစ်သင်ကြား စီစဉ်ပေးလျှက်ရှိကြောင်း သိရသည်။

ယခုအချိန်တွင် မြန်မာနိူင်ငံရှိ အလုပ်ရှာဖွေသူများအတွက်
အလုပ်ရှာဖွေရန်နည်းလမ်းမျိုးစုံရှိနေပြီ ဖြစ်သောကြောင့် မိမိလိုချင်သည့် အလုပ်အကိုင်ကို စနစ်တကျရှာဖွေနိူင်ရန် အဓိကထား၍ CV ကောင်းတစ်စောင်ရေးသားနည်း၊ cover letter (မိမိအကြောင်းဖော်ပြပေးသောစာ)ကောင်းတစ်စောင်ရေးသားနည်းနှင့် အလုပ်အင်တာဗျုးဖြေဆိုနည်းတို့ကို သင်ကြားပေးမည် ဖြစ်ပါသည်။

နိုင်ငံတကာကုမ္ပဏီပေါင်းများစွာ ဝင်ရောက်လာချိန်ဖြစ်သောကြောင့်
မြန်မာလူငယ်များ၏ CV မှာ အရည်အသွေးပြည့်ဝ၍ နိုင်ငံတကာမှ လက်ခံထားသော အချက်အလက်များပါဝင်သည့် CV တစ်စောင်ဖြစ်စေရန် လိုအပ်လာပြီ ဖြစ်သည်။ ယခင်က အလုပ်လျှောက်ထားရာတွင် ကုမ္ပဏီဘက်မှတောင်းဆိုလေ့မရှိသော cover letter များ၏ အခန်းကဏ္ဍမှာလည်း အရေးပါလျှက်ရှိနေပြီ ဖြစ်သောကြောင့် မြန်မာနိူင်ငံမှ အလုပ်အကိုင်ရှာဖွေသူများအတွက် အကျွမ်းတဝင်ရှိလာစေရန် ယခုကဲ့သို့ သင်တန်းများ ပြုလုပ်ပေးလျှက်ရှိခြင်း ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာကုမ္ပဏီများသို့ သွားရောက်လျှောက်ထားသူများ အတွင်း
အရည်အသွေးပြည့်ဝသော CV များဖြစ်သော်လည်း ဝတ်စားဆင်ယင်မှုနှင့်
စကားပြောစွမ်းရည်ကြောင့် ထိပ်တန်းကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နိူင်ရန် အခွင့်အလမ်းလွဲချော်သွားခဲ့ရသူများစွာရှိနေသဖြင့် အဆိုပါလူငယ်များအနေဖြင့် အင်တာဗျုးဖြေဆိုရာတွင် သိရှိထားသင့်သည့်အချက်များကိုလည်း လေ့လာထားရန်လိုအပ်မည် ဖြစ်ပါသည်။

“ဒီလိုသင်တန်းတွေ ပြုလုပ်ပေးနေတာဟာ မြန်မာနိူင်ငံရဲ့ အလုပ်သမား အင်အားစုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်သလို ကျွန်တော်တို့
အွန်လိုင်းအလုပ်ရှာဖွေနိူင်တဲ့ ဝဘ်ဆိုဒ်စျေးကွက်အတွက်လည်း
သက်ရောက်မှုရှိနေလို့ပါပဲ။ အလုပ်အကိုင်ရှာဖွေခြင်းနဲ့ ပတ်သတ်တဲ့ အသိပညာပေးသင်တန်းတွေကနေ CV တစ်စောင်ရဲ့ အရေးပါပုံတွေကို အလုပ်ရှာနေတဲ့သူတွေဆီ တိုက်ရိုက်ပြောပြလို့ရတဲ့အတွက် ကုမ္ပဏီတွေ အတွက်လည်း လူတစ်ယောက်ရဲ့ အရည်အချင်းကိုအကဲဖြတ်တဲ့အခါ လွယ်ကူသွားတော့မှာပါ။ အရည်အသွေးပြည့်ဝတဲ့ အလုပ်ရှာဖွေသူတွေနဲ့ အရည်အသွေးကို ကောင်းကောင်းအကဲဖြတ်နိူင်တဲ့ ကုမ္ပဏီတွေများလာတဲ့အချိန်မှာ သူတို့တွေကြားပေါင်းကူးအနေနဲ့ ရပ်တည်နေတဲ့ ကျွန်တော်တို့အတွက်လည်း အထောက်အကူဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် ယခုလို သင်တန်းတွေပြုလုပ်ပေးရတာဖြစ်ပါတယ်”ဟု Work.com.mm မှ ဌာနေမန်နေဂျာဖြစ်သူ Mr.Bart Van Dijk ကပြောသည်။

ယင်းဝဘ်ဆိုဒ်အနေဖြင့်ယခုနှစ်၂၀၁၆ခုနှစ်ဇန်နဝါနှင့်ဖေဖေါ်ဝါရီလများအတွင်း ရန်ကုန်နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ Temasek International College ၊ HTTC
(ဟိုတယ်သင်တန်းကျာင်း)အစရှိသည့်တက္ကသိုလ်၊ကောလိပ်နှင့်သက်မွေးမှုဆိုင်ရာသင်တန်းကျောင်းများတွင ်လည်းအဆိုပါပညာပေးအစီအစဉ်များပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပညာပေးသင်တန်းများကို တက္ကသိုလ်ကောလိပ်များ၊သင်တန်းကျောင်းများနှင့် အဖွဲ့အစည်းများတွင်လည်းကောင်း သင်ကြားပေးလျှက်ရှိပြီး သင်တန်းပို့ချပေးခြင်း အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသော ကျောင်းများ၊ အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လျှက်ရှိသည်။ ယင်းပညာပေးသင်တန်းများဖြင့် ပတ်သတ်၍ အသေးစိတ်ထပ်မံသိရှိလိုသူများ အနေဖြင့် *၀၉၂၆၁၆၀၁၀၉၆* သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိူင်ကြောင်းသိရသည်။

No comments: