Thursday, February 18, 2016

ဘဏ်ချေးငွေစနစ် မဖွံ့ဖြိုးခြင်းက အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးမှုအတွက်အကျပ်အတည်းဖြစ်



ဘဏ်များမှချမှတ်ပေးနိုင်သော စီမံကိန်းချေးငွေ များမရှိခြင်းဟာ အိမ်ယာပိုင်ဆိုင်မှု ပမာဏနည်းပါးခြင်းအတွက် အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပါတယ်။



ဘဏ္ဍာရေးဆိုင်ရာအကြံပေးနှင့် ရှေ့နေတစ်ဦးဖြစ်သူ    ဦးအောင်ဖြိုးလတ်မှလည်း “ချေးငွေရရှိနိုင်ရန်အခွင့်အ ရေး နည်းပါးခြင်းက လူအနည်းငယ်ကိုသာအိမ်ခြံမြေပိုင်ဆိုင်စေသော အခြေအနေကိုဖြစ်ပေါ်စေခဲ့ကြောင်း House.com.mm သို့ပြောကြားခဲ့ပါတယ်။ ချမ်းသာကြွယ်ဝသော နိုင်ငံသားအနည်းစု (မှန်းခြေ ၁၀ မှ ၁၅ %ကြား) သာလျှင် အိမ်ခြံမြေများဝယ်ယူရန် ငွေကြေးတတ်နိုင်ကြောင်းနှင့် အဆိုပါ လူနည်းစုတွင်မှ အများစုက လည်း အိမ်ခြံမြေလုပ်ငန်းတွင် တိုက်တာအိုးအိမ်အချို့ကိုဝယ်ယူပြီး ပြန်လည်ငှား ရမ်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံ လျှက်ရှိသည်” ဟု၎င်းကဆက်လက်ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှ အရစ်ကျချေးငွေအမျိုးအစားမှာ နိုင်ငံတော်၏ဗဟိုဘဏ်မှ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်ထား ပြီး အခြားအစိုးရနှင့်ပြင်ပ ပုဂ္ဂလိကဘဏ်များက ထိုအချက်များအားလုံးကိုလိုက်နာရပါတယ်။ ပြီးခဲ့သောနှစ်  အနည်းငယ်အတွင်း အကြွေးအပေါ်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာပြီး ဘဏ်များမှ ဒေသခံများအား ပရောဂျက် အသစ်များစတင်လုပ်ဆောင်ရန် သို့မဟုတ် အိုးအိမ်တိုက်တာဝယ်ယူရန်အတွက်ပင် ချေးငွေမထုတ်ပေးနိုင်တော့ မည်ကို ထိတ်လန့်သည်အထိဖြစ်ပွားလာခဲ့ပါတယ်။
Tip Top အိမ်ခြံမြေစျေးကွက်သင်ကြားရေးကျောင်း၏ ဆရာဖြစ်သူဦးဌေးလွင်က “ဘဏ်အများစုဟာ အိမ်ခြံ မြေလုပ်ငန်းအပိုင်းမှာ ရင်းနှီးမြှုပ်နှံသူ (သို့) ငွေကြေးထောက်ပံ့ပေးသူအဖြစ် ပါဝင်လေ့မရှိ သည့်အတွက် မည်သည့် အိမ်ရာတည်ဆောင်မှုစီမံကိန်းအတွက်မဆိုငွေကြေး အထောက်အပံ့ရရှိ ရန်နည်းလမ်းအနည်းငယ် မျှသာရှိကြောင်းရှင်းပြခဲ့ပါတယ်။ အိမ်ရာတစ်ခုတည်ဆောက်ရန်အတွက် လိုအပ်သောငွေ ကြေးကိုရရှိနိုင်ရန် နည်းလမ်းများမှာလည်း ဘဏ်မှချေးငွေ၊ ကြိုတင်ရောင်းချခြင်းနှင့် ပုဂ္ဂလိကငွေချေးလုပ်ငန်းများသာရှိကြောင်း လည်း ၎င်းကထပ်မံပြောကြားခဲ့ပါတယ်။

ထို့ပြင်မြန်မာနိုင်ငံတွင် အခြေချထားသော နိုင်ငံခြားဘဏ်ခွဲများမှာလည်း ဒေသတွင်းဘဏ်များ နှင့်ပူးပေါင်းပြီး မှသာ ချေးငွေများချပေးနိုင်လေသည်။ ဒေသတွင်းဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် တွင်လုပ်ကိုင်နေသူ တစ်ဦးမှ လက်ရှိဘဏ်လုပ်ငန်းစနစ်ကြောင့်  ဖွံ့ဖြိုးရေးလုပ်ဆောင်သူများအနေနဲ့ ချေးငွေရရှိရန် အခက်အခဲ အချို့ ကိုရင်ဆိုင်နေရကြောင်းကို ထောက်ပြခဲ့ပါတယ်။

သို့သော်လည်း အချို့သောဘဏ်များမှ လူထု သို့   တိုက်ရိုက်ချေးငွေများကိုစတင်ချပေးလာခြင်းများလည်းရှိ ပါတယ်။ ဥပမာအနေဖြင့်၊ အစိုးရစီမံကိန်းကိုဝယ်ယူသူများအတွက် ချေးငွေထုတ်ပေးသော CHDB ဘဏ်နှင့် AYA Bank ၊ AGD Bank ဘဏ်များမှလည်း ၎င်းတို့သက်မှတ်ထားသောစီမံကိန်းများတွင် ဝယ်ယူရရှိ နိုင်ရန်အတွက် ချေးငွေများထုပ်ပေးလျှက်ရှိပါတယ်။

House.com.mm မှမန်နေးဂျင်းဒါရိုက်တာဖြစ်တဲ့ Mr. Balaji Ramaswami ကလည်း “မြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းများနဲ့ အိမ်ယာဖွံ့ဖြိုးမှုစီမံကိန်းများအတွက် ဘဏ်များရဲ့ အခန်းကဏ္ဍများဟာလည်း အရေးပါတဲ့အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ ဘဏ်များအနေနဲ့ သင်တော်တဲ့ နည်းလမ်းများနဲ့ အထောက်အကူပြုနိုင်မယ်ဆိုရင် တော့နိုင်ငံတွင်းက ဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှု စီမံကိန်းများဟာ ပိုမိုမြန်ဆန်စွာ အကောင်အထည် ဖော်နိုင်မှာဖြစ်ပြီး ငွေကျေးဆိုင်ရာပြဿနာများကြောင့် စီမံကိန်းများ ကြံ့ကြာခြင်းပြဿနာ ကိုလည်းဖြေရှင်းရာရောက်တယ်လို့ထင်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။



No comments: