Tuesday, December 22, 2015



ပည်ပရင်းနှီးမြှပ်နှံမှုများဖွံ့ဖြိုးလာမှုကြောင့် ပဲခူးတိုင်းဘက်မှဝန်ထမ်းခေါ်ယူမှုများမြင့်တက်
           ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးတစ်ခုဖြစ်သော work.com.mm ၏ လစဉ်အလုပ်အကိုင်ရှာဖွေမှုစစ်တမ်းအရ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဘက်မှဝန်ထမ်းခေါ်ယူမှုများမြင့်တက်လာကြောင်း သိရသည်။ဝန်ထမ်းခေါ်ယူမှုစစ်တမ်းအရ စီးပွားရေးအချက်အချာကျသော မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမှ အဓိကခေါ်ယူလျှက်ရှိပြီးအခြားသောပြည်နယ်နှင့်တိုင်းများမှလည်း လိုအပ်ချက်ရှိသလောက် ခေါ်ယူမှုများရှိနေကြောင်းသိရသည်။ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီးမှဝန်ထမ်းခေါ်ယူမှုများမြင့်တက်လာခြင်းမှာ ပြည်ပရင်နှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းနှင့် သက်ဆိုင်မှုရှိကြောင်း work.com.mm မှ Marketing Director ဖြစ်သူ Lynette Chong ကပြောသည်။
          ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာသည့်နောက်ပိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ရင်းနှီးမြှုပ်နှံမှုများရှိလာပြီးဝန်ထမ်းအင်အားခေါ်ယူမှုများလည်းမြင့်တက်လာခဲ့ရာ ထားဝယ်၊ ပုသိမ်၊ မော်လမြိုင်၊ မကွေး၊တောင်ကြီး စသည့်မြို့ကြီးများမှလည်း လွန်ခဲ့သည့်လပိုင်းကဝန်ထမ်းခေါ်ယူမှုများမြင့်တက်လာခဲ့သည်။
           ပဲခူတိုင်းဒေသကြီးအတွင်းစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်သည့်စက်ရုံ အလုပ်ရုံများတိုးတက်လာခဲ့ရာ နိုဝင်ဘာလအတွင်းကပဲခူးတွင်တည်ထောင်ထားသော ဒိန်းမတ် အခြေစိုက် Carlsberg ကုမ္ပဏီမှလည်း ဝန်ထမ်းခေါ်ယူမှုအများဆုံး ကုမ္ပဏီတစ်ခုအဖြစ် work.com.mm ၏ စစ်တမ်းတွင်ရပ်တည်လျှက်ရှိကြောင်းသိရသည်။နိုဝင်ဘာလ အတွင်းလုပ်ငန်းအမျိုးအစားအလိုက်ခေါ်ယူမှုအများဆုံးလစ်လပ်နေရာများတွင် စာရင်းကိုင်၊ ဘဏ္ဍာရေး၊ အရောင်းကျွမ်းကျင်၊ အိုင်တီနှင့်နည်းပညာ၊ အုပ်ချူပ်စီမံနှင့် စီမံခန့်ခွဲမှု အလုပ်များကအများဆုံးဖြစ်ကြောင်းသိရသည်။ အလုပ်ရှာဖွေသူများဘက်မှ ရှာဖွေလျှောက်ထားမှုအများဆုံး အလုပ်အကိုင်များမှာ အရောင်း၊ စာရင်းကိုင်၊ ဘဏ္ဍာရေး၊ အုပ်ချုပ်စီမံ၊ အိုင်တီ နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေးအလုပ်များကို အများဆုံးလျှောက်ထားကြကြောင်းသိရသည်။ ဝန်ထမ်းခန့်အပ်မှုအများဆုံးလုပ်ငန်းကြီးများတွင် ကွန်ပြူတာ အိုင်တီနှင့်ဆက်စပ်နေသာ လုပ်ငန်းကြီးများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနှင့် စားသောက်ကုန်၊ အဖျော်ယမကာ ထုတ်လုပ်ဖြန့်ချီသည့်လုပ်ငန်းကြီးများက အဓိကထားခေါ်ယူကြကြောင်း work.com.mm ကသတင်းထုတ်ပြန်သည်။ဝန်ထမ်းခေါ်ယူမှုများအများဆုံးဒေသကြီးများမှာတော့ ရန်ကုန်နှင့် မန္တလေးအပြင် အခြားဒေသကြီးများဖြစ်သော ပဲခူး၊ နေပြည်တော်နှင့် မော်လမြိုင်တို့မှလည်းခေါ်ယူခဲ့ကြကြောင်းသိရသည်။
  အဆိုပါစစ်တမ်းကို work.com.mm အလုပ်အကိုင်ရှာဖွေရေး website မှတစ်ဆင့်အလုပ်ခေါ်ယူသောလုပ်ငန်းများနှင့် အလုပ်ရှာဖွေလျှောက်ထားသူများ၏ စာရင်းဇယားများကို ကြည့်ရှု၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီးလတ်တလောပြည်တွင်းအလုပ်အကိုင်ဈေးကွက်အခြေအနေကိုသိရှိနိုင်ရန်  ရည်ရွယ်၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရသည်။

No comments: