Thursday, December 3, 2015

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးစွန့်ဦးတီထွင်စီးပွားရးပညာရှင်များပေါ်ထွက်မှူနှူန်းမြင့်တက်လျှက်ရှိ Global Platform မှ ထုတ်ဖော်လိုက်သည့် အမျိုးသမီးများ၏အတွေးအခေါ်သစ်များဖြင့် စီးပွားရေးလည်ပတ်မှူများ



အစဉ်အလာများအရသော်လည်းကောင်း၊ ပုံမှန်ရေစီးကြောင်းကြောင့်သော်လည်းကောင်းစီးပွားရေးအသစ်တစ်ခုစတင်လုပ်ကိုင်သူများမှာအမျိုးသားများဖြစ်ကြပြီးအထူးသဖြင့် နည်းပညာနှင့်ပတ်သက်သည့်နယ်ပယ်များတွင် ပိုမိုများပြားကြောင်းတွေ့ရသည်။ သို့သော်လည်းဘဲ မြန်မာနိုင်ငံအပါ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူအတွေးအခေါ်သစ်များဖြင့်စီးပွားရေးလုပ်ငန်းများကိုမောင်းနှင်လျှက်ရှိသူများမှာအမျိုးသမီးစွန့်ဦးတီထွင်သူများဖြစ်ကြပြီးအမျိူးသမီးစီးပွားရေးပညာရှင်ပေါ်ထွက်မှူနှူန်းမှာလည်း မြင့်တက်လျှက်ရှိသည်။


အတားအဆီးတစ်ခုဖြစ်သည့် အမျိူးသား၊ အမျိူးသမီးခွဲခြားဆက်ဆံခြင်းဟူသည့် မှန်ချပ်ကြီးကိုခွဲထွက်ကာဖွံ့ဖြိုးဆဲနိုင်ငံများရှိအမျိုးသမီးများသည် စီးပွားရေးနယ်ပယ်များတွင်နေရာတစ်နေရာကိုကျယ်ကျယ်ပြန့်ပြန့် သိမ်းယူလျှက်ရှိသည်။ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက်နည်းပညာအဆင့်အတန်းများကိုအရှိန်အဟုန်ဖြင့်မြှင့်တင်လျှက်ရှိရာနည်းပညာနှင့်ပတ်သက်သည့် လုပ်ငန်းစတင်လုပ်ငန်းသစ်များမှာလည်းပေါ်ထွက်လျှက်ရှိသည်။ လုပ်ငန်းသစ် စစ်တမ်းကောက်ယူချက်များအရအမျိုးသမီးများမှ ဦးဆောင်ဖောက်ထွက်လျှက်ရှိသောစီးပွားရေးလုပ်ငန်းသစ်များမှာအာဖရိက၊ အာရှ၊ လက်တင်အမေရိက နှင့် အရှေ့အလယ်ပိုင်းဒေသများတွင် အများဆုံးဖြစ်သည်။

ကိုယ်ပိုင်စီးပွားရေးများတွင်သာမကရာထူးရာခံအနေအထားများတွင်လည်းအမျိုးသမီးများအနေဖြင့် ရာထူးအကြီးများဖြစ်သည့် CEO, Managing Director, Director အစရှိသည့်ရာထူးရာခံကြီးကြီးများကိုလည်းရရှိထားကြောင်းတွေ့ရသည်။ အလားတူပင် မြန်မာနိုင်ငံ၏စီးပွားရေးအလားသဏ္ဍန်များမှာလည်းပြောင်းလဲလျှက်ရှိရာ Myanmar Women Entrepreneurs’ Association ( MWEA ) ပေါ်ထွက်လာရခြင်းမှာအကောင်းဆုံးဥပမာတစ်ခုအဖြစ်ပေးနိုင်သည်။ ထိုအသင်းမှာ မြန်မာ့စက်မှူလက်မှူလုပ်ငန်းရှင်များအသင်း ( UMFCCI ) ၏ အသင်းဝင် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ အမျိုးသမီးစွန့်ဦးတင်ထွင်သူများပေါ်ထွက်လာစေရန် နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်သည်။ယခုလတ်တလောတွင်လည်း မြန်မာ့လွှတ်တော်၌လည်းအမျိုးသမီးလွှတ်တော်အမတ်စုစုပေါင်း ၁၄၀ ဦးအထိပါ၀င်လာခဲ့သည်အထိပင်လည်း မြန်မာနိုင်ငံ၏အမျိုးသမီးစွမး်ဆောင်ရှင်များပေါ်ပေါက်မှူ မြင့်တက်လျှက်ရှိသည်။

လူငယ်များအကြားရေပန်းစားနေသည့် အွန်လိုင်းဝက်ဆိုက်တစ်ခုဖြစ်သည့် Groupbuyyအားစတင်တည်ထောင်ခဲ့သူ မဝတ်ရည် မှ မြန်မာနိုင်ငံရှိအမျိုးသမီးစီးပွားရေးပညာရှင်များနှင့်ပတ်သက်၍ “ အမျိုးသမီးစွန် ့ဦးထီထွင်လုပ်ငန်းရှင် တွေဆိုတာအမျိုးသားလုပ်ငန်းရှင်တွေနဲ  ့ နှိုင်းဆရင် အရည်အတွတ် မများဘူးဆိုရင်တောင် မနည်းလှပါဘူး ။ Field ပေါင်းစုံကနေမိမိ ကျွမ်းကျင်ရာနဲ ့ စီးပွားရေးတွေးအခေါ် တွေနဲ ့ပေါင်းစပ်ပြီး အောင်မြင်နေတဲ့ မြန်မာအမျို းသမီးလုပ်ငန်းရှင်တွေလည်းအရည်အတွတ်မနည်းပါဘူး ။ ။ဒါပေမဲ့ မြန်မာပြည်မှာ IT နဲ ့ E commerce ပိုင်းတွေမှာအရေအတွတ်နည်းပါသေးတယ်။ မြန်မာအမျိူးသမီးEntreprenuresဒီထက်ပိုပြီးများပြားလာအောင် လူပတ်ဝန်းကျင်က ပိုမိုအားပေးတိုက်တွန်းပေးဖို ့လိုအပ်သလိုလူငယ်တွေအတွက် သူတို ့ကိုယ်ပိုင်အိမ်မက်ကလေးတွေရှိပြီး  အိမ်မက်တွေအကောင်ထည်ပေါ်အောင် အဖွဲ ့အစည်းတွေ၊ အစိုးရ က လည်းဝိုင်းဝန်းအားပေး ရင်တော့ပိုကောင်းတာပေါ့ ။ ” ဟု၎င်း၏အမြင်ကိုပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း( Middle East ) တွင်မူသိသိသာသာပြောင်းလဲမှူများမရှိသေးသော်လည်းယခုလက်ရှိတွင် ကနဦးလုပ်ငန်းငယ်များ၏ သုံးပုံတစ်ပုံမှာအမျိုးသမီးများမှစတင်တည်ထောင်ထားခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးများအားစစ်တမ်းကောက်ယူရာတွင် မိမိကိုယ်ကိုသာအားကိုးသူများ၊ ငယ်ရွယ်သူများ နှင့် ပညာတတ်များများကြောင်းသိရသည်။ ဥပမာအနေနှင့်ပြောရလျှင်  ဒူဘိုင်းအခြေစိုက် အမျိုးသမီးရင်းနှီးမြုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် WOMENA ကဲ့သို့သောအဖွဲ့အစည်းများတွင်တွေ့နိုင်သည်။

House.com.mmအပြင် ၎င်း၏ မိခင်ကုမဏ္ဏီဖြစ်သည့် ကမ္ဘာ့အိမ်ခြံမြေဝက်ဆိုက် - Lamudiတို့မှလည်းမန်နေဂျင်းဒါရိုက်တာရာထူးများမှအစလုပ်ငန်းဖွ့ံဖြိုးမှူဆောင်ရွက်သူများအထိ၊ လုပ်ငန်းဦးစီးသူများမှအစမန်နေဂျာများအထိ နိုင်ငံတကာမှ ထူးချွန်ထက်မြတ်သောအမျိုးသမီးများအားခန့်ထားပြီး  နိုင်ငံတကာအသင်းအဖွဲ့အနေဖြင့် ဆောင်ရွက်လျှက်ရှိသည်။ဖိလစ်ပိုင်နိုင်ငံLamudi ဆိုလျှင်လည်းအမျိုးသမီးလူငယ်စွန့်ဦးတီထွင်သူမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီးယခုနှစ်အစောပိုင်းတွင်ကျင်းပခဲ့သောYoung Leaders’ Summit (လူငယ်ဦးဆောင်သူများဆွေးနွေးပွဲကြီး ) တွင် အာရှ Lamudi ၏ CEO ဖြစ်သူမှ တွေ့ရှိခဲ့ပြီးနောက် ဖိတ်ကြားဆွေးနွေးခြင်းခံရပြီးဖိလစ်ပိုင် Lamudiအားစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် Lamudiအားစတင်တည်ထောင်ခဲ့သူMs.Van Den Ende မှ “ အမျိူးသမီးတွေဟာကမ္ဘာ့စီးပွားရေးစနဲ့အာင်မြင့်ရဲ့ လိုအပ်ချက်တွေအတွက် ရှေ့မှာမားမားမတ်မတ်ရပ်တည်နိုင်နေပါပြီ။ အမျိုးသားတွေနဲ့ယှဉ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့အားသာချက်တွေရှိတယ်လို့ ကျွန်မယုံကြည့်ပါတယ်။ ကျွန်မတို့ဟာအရာရာကိုစည်းစည်းလုံးလုံးဖြစ်အောင် လှူံ့ဆော်နိုင်စွမ်းရှိတယ်။ စိတ်ဓာတ်ခွန်အားဖြစ်ပေါ်အောင်ပြောဆိုနိုင်စွမ်းနဲ့ လုပ်ငန်းတစ်ခုရဲ့သဘောသဘာဝကို လိုက်လျောညီထွေအောင်နေနိုင်စွမ်းရှိတယ်။ ပြီးတော့ အခြားသောအမျိုးသမီးတွေကိုလည်း Entrepreneurship တစ်ခုဖြစ်ပေါ်လာနိုင်အောင်လည်းအသိပညာပေးတာမျိုးတွေကိုလည်းလုပ်ဆောင်နိုင်ပါတယ်။ ” ဟု၎င်း၏အမြင်ကိုပြောကြားခဲ့သည်။

“ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိနေတဲ့ စီးပွားရေးပုံစံတွေကအမြဲတစေကိုပြောင်းလဲနေပါတယ်။ အမျိုးသမီးထုကြီးအနေနဲ့လည်းနည်းပညာဖြစ်စေ၊ အိမ်ခြံမြေမှာဖြစ်စေ၊ ဘဏ္ဍာရေးနဲ့ အခြားသောအမျိူးသားတွေအောင်မြင်နေတဲ့ နယ်ပယ်တွေမှာဖြစ်စေအတားအဆီးအခက်အခဲတွေကို ကျော်ဖြတ်ပြီးအောင်မြင်မှူတွေကိုရယူနိုင်ဖို့အခွင့်အလမ်းတွေအများကြီးရှိနေပါပြီ။ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများမှာလည်းပညာတတ်အမျိုးသမီးတွေဟာသူတို့ရဲ့အတွေးအခေါ်အသစ်အဆန်းတွေနဲ့ အောင်မြင်သောစီးပွားရေးတစ်ခုဆီကိုဦးဆောင်နေကြပါပြီ” ဟူ၍Ven Den Ende မှ နိဂုံးချူပ်ပြောကြားခဲ့ပါသည်။

No comments: