Thursday, December 3, 2015

ပြည်ပရောက်မြန်မာနိုင်ငံသားများပြည်တွင်း၌ပြန်လည်အခြေခြလုပ်ကိုင်ရန်စိတ်ဝင်စားမှုများရှိလာဟု work.com.mm မှဆို


မြန်မာပြည်တွင်းဦးဆောင်အွန်လိုင်းအလုပ်ရှာဖွေရေးဝဘ်ဆိုဒ်တခုဖြစ်သော work.com.mm ၏ထုတ်ပြန်ချက်အရပြည်ပ၌သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်ပြည်ပရောက်မြန်မာနိုင်ငံသားများ သည်ပြည်တွင်း၌ပြန်လည်အခြေခြလုပ်ကိုင်ရန်စိတ်ဝင်တစားမေးမြန်းမှုများရှိနေသည်ဟုသိရသည်။အနယ်အနယ်အရပ်ရပ်မှအလုပ်ရှာဖွေသူများနှင့် website ကိုဝင်ရောက်လေ့လာအသုံးပြုသူများ ပိုမိုအဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက်  work.com.mm ၀ဘ်ဆိုဒ်ကိုအဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး   live chat feature (တိုက်ရိုက်ဝင်ရောက်စကားပြောဆိုမေမြန်းနိုင်သည့်) ကဏ္ဍသစ်ကိုပါထည့်သွင်းပေးခဲ့ရာ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့်မြန်မာနိုင်ငံတွင်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများကို၄င်း live chat မှတဆင့်အများဆုံးဝင်ရောက်မေးမြန်းကြကြောင်းသိရသည်။

“ကျွန်မတို့အရဲ့  work.com.mm ၀ဘ်ဆိုဒ်ကိုအသုံးပြုသူတွေပိုမိုအဆင်ပြေလွယ်ကူအောင်ဆိုပြီးပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကဏ္ဍသစ်တွေနှင့်အဆင့်မြှင့်တင်လိုက်ပြီး ၊အသုံးပြုသူတွေသိချင်တာမေးလို့ရအောင် live chat ကိုပါထည့်သွင်းပေးခဲ့ပါတယ်။အဲဒီကနေတဆင့်ကမ္ဘောဒီးယား၊စင်္ကာပူူ၊မလေးရှား၊ဒူဘိုင်းစတဲ့နိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေတဲ့ပြည်ပရောက်နိုင်ငံသားတွေအများဆုံးလာရောက်မေးမြန်းတာများတယ်။ ကမ္ဘောဒီးယားနိုင်ငံက အင်တာနေရှင်နယ်ကျောင်းတခုမှာ Admin  Supervisor လုပ်နေတဲ့အမတယောက်ဆို ဟိုမှာလုပ်နေတာခြောက်နှစ်လောက်ရှိပြီပေါ့နော်၊ အခုဒီမှာလည်းအပြောင်းအလဲတွေရှိလာပြီဆိုတော့ပြန်လာပြီးအခြေခြလုပ်ကိုင်နိုင်မယ့်အခွင့်အလမ်းတွေရှိ ရင် ကူညီပြောပြပေးဖို့ ဆိုပြီးလာဆွေးနွေးတာတွေလည်းရှိပါတယ်။”လို့  work.com.mm မှလူမှုဆက်ဆံရေးမန်နေဂျာ မဇင်မာသက်မွန်ကပြောသည်။
ယခုလတ်တလောတွင်ပြည်ပနိုင်ငံများဖြစ်သော စင်္ကာပူနိုင်ငံတွင်အင်ဂျင်နီယာလုပ်ငန်းဖြင့်သွားရောက်လုပ်ကိုင်နေသူများ၊ဒူဘိုင်းရှိဟိုတယ်နှင့်စျေးဝယ်စင်တာများတွင်သွားရောက်လုပ်ကိုင်နေသူများ၊မလေးရှားနိုင်ငံရှိစက်ရုံအလုပ်ရုံများတွင်သွားရောက်လုပ်ကိုင် နေသူအများစုမှာပြည်တွင်းတွင်ပြန်လည်အခြေခြလုပ်ကိုင်ရန်စိတ်ဝင်စားမှုအများဆုံးဖြစ်ကြောင်းသိရသည်။၄င်းတို့အနေဖြင့်ပြည်ပအခြေစိုက်ကုမ္ပဏီများမှလာရောက်ရင်းနှီးမြှပ်နှံထားသောလုပ်ငန်းကြီးများ၊အန်ဂျီအို  များနှင့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်လိုမှုများကြောင်းသိရသည်။ အခြေခံလုပ်သား အဖြင့်သွားရောက်လုပ်ကိုင်နေသူများအနေနှင့်လည်း ရင်းနှီးမြှပ်နှံမှုများပိုမိုပွင့်လန်းလာပြီးအလုပ်အကိုင်အခွင့်အလမ်းများပေါများလာကာ ပြည်တွင်းတွင်ပြန်လည်အခြေခြနိုင်မည့်အခွင့်အလမ်းများကိုမျှော်လင့်နေကြကြောင်းသိရသည်။သို့သော် လက်ရှိတွင်ကိုယ်ပိုင်လုပ်ငန်းတခုထူထောင်နိုင်မည့်အရင်းအနှီးစုဆောင်းနိုင်ရန်အတွက်အဓိကထားမှီတည်နေရကြောင်း၊အများစုမှာမိသားစုစားသောက်ဆိုင်၊အဝတ်အထည်ဆိုင်၊အွန်လိုင်းရှောပင်းအစရှိတဲ့လုပ်ငန်း ငယ်လေးများထူထောင်ကာမိမိနိုင်ငံတွင်ပြန်လည်အခြေခြနိုင်မည့်နည်းလမ်းတခုအနေဖြင့်သာအားထားနေရ ကြောင်းလည်းသိရသည်။
work.com.mm  ဟာမြန်မာနိုင်ငံရဲ့ ထိပ်တန်းပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး Website တခုဖြစ်ပါတယ်။၄င်း Website ကို ၂၀၁၂ခုနှစ် ဇွန်လအတွင်းကစတင်ထူထောင်ခဲ့ပြီး လက်ရှိမှာအွန်လိုင်းအလုပ်အကိုင် ရှာဖွေသူများအတွက် အလားလာကောင်းများနှင့် အကြီးမားဆုံး အသက်မွေးကြောင်း အလုပ်အကိုင်များရှာဖွေနိုင်တဲ့နေရာအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။နေ့စဉ် အလုပ် လျှောက်လွှာပေါင်းတစ်ထောင်၊ စာရင်းသွင်းလျှောက်တဲ့ CV အရေအတွက် ၃၀၀ နှင့် ၀င်ရောက်ကြည့်ရှုသူ ၈၀၀၀ ရှိတဲ့ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး Website တခု ဖြစ်ပါတယ်။ အလုပ်ရှာဖွေသူများ အတွက်ထောင်နှင့်ချီသောအလုပ်အကိုင်အခွင့်အလမ်းများသာမကစိတ်ခွန်အားဖြစ်စေသောစာများ၊အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ဆိုင်ရာအကြံပြုချက်များနှင့်ဗဟုသုတများရရှိစေနိုင်သောဆောင်းပါးများဖတ်ရှုနိုင်သောအလုပ်ဂျာနယ်ကိုပါ ၀ဘ်ဆိုဒ်ပေါ်တွင်ထည့်သွင်းဖော်ပြပေးထားသည်။

No comments: