Tuesday, December 1, 2015

Work.com.mm ၏ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကျင်းပမည်။



မြန်မာပြည်တွင်းဦးဆောင်အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး website တခုဖြစ်သော work.com.mm မှ၂၀၁၆ ခုနှစ်ဇန်နဝါရီလ ၁၆ရက်နေ့နှင့်၁၇ ရက်နေ့များတွင် MICT Park တွင် ဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကို ပြုလုပ်မည်ဖြစ်သည်။
work.com.mm  အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးမှ ၂၀၁၅ခုနှစ်မေလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သောအလုပ်အကိုင်ပြပွဲကြီးသည်တက်ရောက်သူ တစ်သောင်းခွဲ တက်ရောက်ခဲ့သည့် အထိ များစွာအောင်မြင်မှုရရှိခဲ့သည့်အားလျော်စွာလာမည့်၂၀၁၆ခုနှစ်အတွင်းတွင်လည်းဝန်ထမ်းရှာဖွေသူနှင့်ဝန်ထမ်းခေါ်ယူသူတို့ရဲ့တောင်းဆိုချက်အရဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီးကိုထပ်မံကျင်းပသွား မည်ဖြစ်သည်။လာမည့်ဒုတိယအကြိမ်မြောက်ပြပွဲကြီးတွင်အပြည် ပြည်ဆိုင်ရာလူမှုကွန်ယက်ဆက်သွယ်ရေး အက်ပလီကေးရှင်းတခုဖြစ်သော LINE ကအဓိကပူးပေါင်းပံံ့ပိုးဆောင်ရွက်သွားမည်ဖြစ်သည်။ “work.com.mm ရဲ့ ဘဝမှတ်တိုင်အဖြစ်ထင်ကျန်ရစ်နေမဲ့ဒုတိယအကြီမ်မြောက်အလုပ်အကိုင်ပြပွဲကြီးအားကျင်းပနိုင်ခြင်းဟာမြန်မာနိုင်ငံကပြည်သူတွေအနေနှင့် work.com.mm အပေါ်ဘယ်လောက်အထိ ယုံကြည်ထားတယ်၊ပူးပေါင်းပါ၀င်ပံ့ပိုးမှုရှိနေတယ်ဆိုတာနှင့်ဘဝမှာနောက်ထပ်တက်လှမ်းနိုင်မယ့်အလုပ် အကိုင်အခွငိ့အလမ်းတွေကိုရှာဖွေဖို့စိတ်အားထက်သန်မှုရှိနေတယ်ဆိုတာကိုပြသလိုက်တာပါဘဲ”လို့ work.com.mm ၏ဌာနေအုပ်ချုပ်မှုဒါရိုက်တာ Mr.Gijs  Verheijke (ခိုက်စ် ဗဟားဆင့်) ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အနေနှင့်ပြည်သူတွေရဲ့ယုံကြည်မှုကိုအမြတ်တနိုးတန်ဖိုးထားပြီးကျွန် တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့“အလုပ်အကိုင်နှင့်ပတ်သက်တဲ့လိုအပ်ချက်မျိုးစုံကိုတပြိုင်နက်တည်းဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန်”ဆိုတဲ့ရည်မှန်းချက်ပြည့်မီအောင်ဖြည့်ဆည်းဆောင်ရွက်သွားမှာလည်းဖြစ်ပါ တယ်။ကျွန်တော်တို့ရဲ့အဓိကဆန္ဒကတော့အရည်အချင်းပြည့်မီတဲ့အလုပ်ရှာဖွေသူတွေကိုသူတို့စိတ်ကူးထဲကအလုပ်အကိုင်တွေပေးအပ်နိုင်မယ့်ကုမ္ပဏီကြီးတွေနှင့်ချိတ်ဆက်ပေးဖို့ပါဘဲ။ဒါကြောင့်ကျွန်တော်တို့ရဲ့အလုပ်အကိုင်ပြပွဲကြီးကနေဒီနိုင်ငံရဲ့လိုအပ်ချက်ကိုအပြည့်မီဆုံးစွမ်းဆောင်ပေးသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါ့အပြင်လုပ်ငန်းရှင်ကြီးတွေတွေံကြုံနေရတဲ့အရည်အချင်းမီဝန်ထမ်းများခေါ်ယူနိုင်ရေးအခက်အခဲတွေကိိုနား ထောင်ပြီးတော့လည်းအရည်ချင်းပြည့်မီတဲ့အလုပ်ရှာဖွေနေသူတွေနှင့်ချိတ်ဆက်ပေးနိုင်ဖို့လည်းဒီပွဲကြီးကို ဖန်တီးပုံဖော်ခဲ့တာဖြစ်တယ်” လို့၄င်းကဆက်လက်ပြောကြားခဲ့ပါတယ်။
အဆိုပါပြပွဲကြီးကိုမည်သူမဆိုတက်ရောက်နိုငမှာဖြစ််ပြီး၊အလုပ်ရှာဖွေမည့်သူများအနေဖြင့်မိမိတို့ရဲ့ကိုယ်ရေးအကျဉ်းအပြည့်အစုံဖော်ပြထားတဲ့အလုပ်လျှောက်လွှာများကိုတပါတည်းယူဆောင်လာပြီးမိမိလျှောက်ထားလိုတဲ့အလုပ်အကိုင်ကိုတိုကရိုက်လျှောက်ထားနိုင်မည့်အပြင် work.com.mm ၀ဘ်ဆိုဒ်တွင်လည်း စာရင်းသွင်းကာလျှောက်လွှာတင်ထားခြင်းဖြင့်ဦးစားပေးလျှောက်ထားသူများအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

No comments: