Thursday, December 3, 2015

Like ပြုလုပ်စုစည်းထားပြီး စိတ်ကြိုက်ပစ္စည်းကိုရွေးချယ်နိူင်မည့် အစီအစဉ်အသစ် ads.com.mm မိတ်ဆက်


မြန်မာပြည်၏ နံပါတ်(၁) အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်မှ ရောင်းသူ၊ဝယ်သူ များပိုမိုအဆင်ပြေမည့် ဝန်ဆောင်မူများကို အစဉ်မိတ်ဆက်ပေးရာ အသုံးပြုသူများ အတွက်ပိုမိုအဆင်ပြေလွယ်ကူမည့်Facebook Login Feature စနစ်ကိုထည့်သွင်းပြီး လက်ရှိတွင်လည်း ယင်းဝက်ဘ်ဆိုက်အတွင်း ဝယ်ယူသူများအတွက် ပိုမိုအဆင်ပြေမယ် ့Like Feature ကို ထည့်သွင်းလာကြောင်းကိုသတင်းထုတ်ပြန်သည်။

“ကျွန်တော်တို ့ဝက်ဘ်ဆိုက်ကို အသုံးပြုသူတွေအတွက်အရင်က ရောင်းသူဘက်ကပိုမိုအဆင်ပြေချောမွေ ့ဖို ့ အတွက်           viber ကနေ သိချင်တဲ့ အကြောင်းအရာကိုမေးမြန်းနိူင်တဲ့အစီအစဉ် အပြင် facebook ကနေ Login ပြုလုပ်ပြီး ရောင်းချင်တဲ့ပစ္စည်းကိုတင်ရောင်းလို ့ရတဲ့အစီအစဉ်တွေကို ထည့်သွင်းထားခဲ့ပါတယ်။ ဒီလိုအသုံးပြုသူတွေနှင့် ရင်းနှီးပြီးသား Feature တွေနှင့်ပေါင်းစပ်လိုက်တော့ အသုံးပြုသူတွေအတွက်လည်း ပိုမိုလွယ်ကူပြီး ၊ ကျွန်တော်တို ့ဝက်ဘ်ဆိုက်အသုံးပြုမူမှာလည်းသိသိသာသာမြင့်တတ်လာတာကိုတွေ ့ ရမှာဖြစ်ပါတယ်။ခုကျွန်တော်တို ့ကျွန်တော်တို ့ဝက်ဘ်ဆိုက်ကိုအသုံးပြုပြီးBuyer (ဝယ်ယူသူ) တွေအတွက် အဆင်ပြေမယ့် အစီအစဉ်လေးကိုထည့်သွင်းထားပါတယ်။ကိုယ်လိုချင်တဲ့ပစ္စည်းအမျိုးအစားထဲက မှ စျေးနူန်းကွဲပြားခြားနားနေတဲ့အမျိုးအစားတူ ပစ္စည်းတွေကို တနေရာတည်းမှာ မြင်နိူင်ဖို ့အတွက် like လုပ်ထားပြီး ကိုယ့်အကောင့်ထဲဝင်ကြည့်လိုက်ရင် တစုတစည်းတည်းမြင်ရမှာဖြစ်ပါတယ်။ဒီLike လုပ်ထားတဲ ့ ပစ္စည်းတွေကမှ ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုကို ရွေးချယ်ပြီးတော့င် ကိုယ်မလိုချင်တဲ့ ပစ္စည်းကို Like ပြန်ဖြုတ်လို ့လဲ ရပါတယ်။ကိုယ်လိုချင်တဲ့ပစ္စည်းကို အဆင့်မြင့်မြင့်နေရာတစ်ခုမှာ စုစည်းပြီးစျေးဝယ်ရတဲ့ တိုင်ဖြစ်လို ့ဝယ်သူတွေအတွက်အရမ်းအဆင်ပြေမယ်လို ့လဲ မျှော်လင့်ထားပါတယ်။ ကိုယ်သဘောကျနှစ်သက်တဲ့ ရောင်းတန်းပစ္စည်းတွေကိုလည်း မိမိရဲ့ Personal Facebook တွေထဲမှာ Share ပြုလုပ်ဖို ့အတွက်လည်းထည့်သွင့်ပေးထားပါတယ်။” ဟု www.ads.com.mm မှ Country Manager ဖြစ်သူ Mr Nico Poma မှ ပြောသည်။               
“ကျွန်တော်တို ့E-commerce နှင့် Classified လို ဝက်ဘ်ဆိုက်တွေကို အသုံးပြုတဲ့အချိန် User တွေ အတွက် ရိုးရှင်းပြီးလွယ်ကူဖို ့လိုတယ်။ ကျွန်တော်တို ့ဒီနိူင်ငံမှာ အွန်လိုင်းစျေးကွက်က (၂၀၁၄) နောက်ပိုင်းမှာ ဘဲ လူတွေကသိလာတယ်  ၊ နားလည်လာတယ် ။ဒီနားလည်တဲ့လူကလည်း အနည်းငယ်ဘဲရှိသေးတယ် ၊ဒီနိူင်ငံမှာ ဒီစျေးပိုအောင်မြင်အောင်လုပ်ချင်တယ်ဆိုရင်  အသုံးပြုသူတွေဖြစ်တဲ့  Buyer (ဝယ်သူ) ရော ၊ Seller (ရောင်းသူ ) နှစ်ဘက်လုံးအတွက်အသုံးပြုမူ တွေက လွယ်ကူဖို ့အတွက် အရမ်းလိုအပ်ပါတယ်။ဒီလို လွယ်ကူတဲ့နည်းပညာတွေကိုအသုံးပြုပြီးနောက်ပိုင်း ရောင်းသူ၊ဝယ်သူ တွေအတွက် လုံခြုံမူပိုရှိတဲ့ပုံစံမျိုး ထည့်သွင်း နိူင်ရင် ပိုမိုအောင်မြင်တဲ့ အွန်လိုင်းစျေးကွက်စီးပွားရေးကကို ပိုမိုဖော်ဆောင်နိူင်မယ်လို ့ မျှော်လင့်ပါတယ်။လက်ရှိမြန်မာပြည်မှာ အွန်လိုင်းစီးပွားရေးကို Facbook Page တွေပြုလုပ်တဲ ့ပုံစံမျိုးကိုဘဲ လုပ်ကိုင်မူများတာကိုတွေ ့နေရတယ်။ဝက်ဘ်ဆိုက်တွေကလည်းနည်းနေသေးတယ်။ခုနောက်ပိုင်းတော့် အလုပ်အကိုင် ၊အိမ်ခြံမြေ ၊ကားစတဲ့ ပစ္စည်းတွေအတွက်လည်း သီးသန် ့ဝက်ဘ်ဆိုက်တွေ ပေါ်ထွက်လာတာကိုတွေ ့မြင်လာရပါတယ်။မြန်မာ ့အွန်လိုင်းစျေးကွက်မှာ ibanking , Online Payment တွေကို ကျယ်ကျယ်ပြန် ့ပြန် ့အသုံးပြုမယ်ဆို ပိုပြီးအောင်မြင်လာနိူင်ပါတယ် “ ဟု Mobile Application များအတွက် Public Relations လုပ်ကိုင်နေသူ Mr . Elijah Htang မှ ပြောသည်။
မြန်မာပြည်၏ကျယ်ပြန် ့လာသောအွန်လိုင်းစျေးကွက်အတွက် လူအသုံးပြုမူများလာသည် ့Social Application များကို ကျယ်ကျယ်ပြန် ့ပြန် ့ထည့်သွင်းအသုံးပြုမူကြောင့် အသုံးပြုမူပိုမိုလွယ်ကူကြောင်းကိုလည်းတွေ ့ ရှိလာရလေသည်။ယခုနောက်ပိုင်းတွင် အသုံးပြုမူများလာသည် ့Beetalk ကဲ့သို ့Application များတွင်လည်း အွန်လိုင်းစျေးကွက်နဲ့ ပါတ်သက်သည့်သတင်းအချက်အလက်များကိုဖတ်ရူနိူင်သကဲ့သို ့ အွန်လိုင်းစျေးကွက်များ ဘက်တွင်လည်း Social Application နဲ ့ ချိတ်ဆက်လုပ်ကိုင်မူများကိုပိုမိုလုပ်ကိုင်လာကြောင်းကို        တွေ ့ ရှိလာရသည်။

No comments: