Thursday, January 7, 2016

အိမ်ခြံမြေစျေးကွက်အတွင်း ကွန်ဒိုများကိုသာ ရုံးခန်းပြုလုပ်ရန် ဌားရမ်းမူမြင့်မားလာ



မြန်မာပြည်အတွင်း ရွေးကောက်ပွဲအလွန်အိမ်ခြံမြေစျေးကွက်များပြောင်းလဲမူများမြင့်တတ်လာနိူင်ကြောင်းကို အိမ်ခြံမြေကျွမ်းကျင်သူများမှ သုံးသပ်ထားသော်လည်း ပြောင်းလဲမူကြီးမားလာခြင်း မရှိကြောင်းတွေ ့  ရှိလာရလေသည်။ လက်ရှိအချိန်တွင် အိမ်ခြံမြေအရောင်းစျေးကွက်များထက်ပင််   အိမ်ခန်းအဌားဘက်သာ ပိုမိုစိတ်ဝင်စားမူမြင့်မားကာ အရောင်းအဝယ်မှာ အနည်းငယ်သာဖြစ်လျက်ရှိကြောင်းကို  တွေ ့ရှိလာရသည်။ မြန်မာပြည်အတွင်းအိမ်ခြံမြေစျေးကွက်အတွင်းအဌားစျေးကွက်သည်ပင် ဆက်လက်ဦးမော့လျက်ရှိကြောင်းကို တွေ ့ရှိရလေသည်။


“လက်ရှိကျွန်တော်တို့အွန်လိုင်းစျေးကွက်မှာဆို အရောင်းဘက်ထက်အဌားဘက်ကိုလူတွေ ပိုမိုစိတ်ဝင်စားနေတာကို တွေ ့မြင်ရမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိူင်ငံကိုရင်းနှီးမြုပ်နှံဖို့ လာတဲ့company အများစုဟာလည်း ခြံဝန်းတွေနှင့်အိမ်တွေထက် တိုက်ခန်း၊ကွန်ဒိုကို ပိုပြီးဌားရမ်း လာကြတာကိုတွေ ့မြင်ရမှာဖြစ်ပါတယ်။ တိုက်ခန်း ကွန်ဒိုတွေကို အဆင့်မြင့်မြင့်နှင့်  ့ပိုမိုမွန်းမံပြင်ဆင်လာတဲ့အခါ ဌားရမ်းဖို ့အတွက်အဆင်ပြေတဲ့အပြင် စျေးသက်သာပြီး ပိုပြီးရိုးရှင်တဲ့အတွက် တိုက်ခန်းနှင့်ကွန်ဒိုတွေကိုရုံးခန်းအဖြစ်ပိုမိုဌားရမ်းလာတယ်လို ့လဲမြင်မိပါတယ်။လက်ရှိ ကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာ ဌားရမ်းဖို ့အတွက် အိမ်ခြံမြေပေါင်း ( ၃၀၀၀) ကျော်ရှိပြီး (၅၀) ကျော်တွေဆိုရင် စက်ရုံတွေဆောက်လုပ်လို့ ရတဲ့မြေကွတ်လပ်တွေပါရှိပါတယ်။ကျန်တဲ့ဟာတွေကတော့် တိုက်ခန်းအဌား နဲ ့အရောင်းများပါတယ်။ ရုံးခန်းအတွက်ဆိုပြီး သီးသန်းဌားတဲ့အခန်းတွေကတော့် (၈၀) ကျော်လောက်ရှိပါတယ်။ လက်ရှိအချိန်မှာ လည်း ရုံးခန်းအတွက် ( ၈) သိန်းဝန်းကျင်အခန်းတွေ နှင့် (၁၅) သိန်းကျော် ကွန်ဒို အခန်းတွေက အဌားသွတ်နေတာကိုလည်း တွေ ့မြင်နေရပါတယ်။ လက်ရှိကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာ အိမ်ခြံမြေကမှာဆိုရင် အိမ်ခြံမြေပေါင်း (၄၈၆၇) ကိုလည်း ရှာဖွေနိူင်ပါတယ် “ဟု www.ads.com.mm မှ Head of Public Relations ဖြစ်သူ Mr Elijah Htang မှပြောသည်။


“စမ်းချောင်းဘက်နှင့်ကမာရွက်ဘက်တွေမှာ အိမ်အဌားတွေကပိုများတယ် အဝယ်တွေကျတော တောင်ဒဂုံဘက်နှင့် မြောက်ဥက္ကလာဘက်ပိုများတယ်။ဒီနှစ်ဆုံးပိုင်းမှာဆို အရောင်းထက်အဌားပိုင်းကို လူတွေကပိုစိတ်ဝင်စားတယ်။အိမ်ခြံမြေစျေးနူန်းကလည်းတည်ငြိမ်သယောင်ရှိပေမယ့် ဝယ်လက်တွေဘက်က ေ န ငြိမ်နေတာကိုတွေ ့ရပါတယ်။ရောင်းချင်တဲ့လူကဘဲများနေပြီး ၊ ချက်ချင်းရောင်းလို ့အဆင်မပြေတဲ့အိမ်တွေဆို စျေးသက်သက်သာသာနဲ့ အဌားချထားတာကို တွေ ့ရမှာဖြစ်ပါတယ်။အဌားစျေးကွက်မှာ စျေးတတ်လာတာမျိုးကိုတော  မတွေ ့ရပါဘူး။ပိုမှန်စျေးဘဲ (၁)သိန်းခွဲ ကနေ (၂)သိန်းခွဲအထိ် (၁၅) ပေ ၊ ပေ (၆၀) အခန်းတွေက လူကြိုက်အများဆုံးအခန်းတွေဖြစ်နေပါတယ်။
ရုံးခန်းတို ့လုပ်ဖို ့အတွက် နိူင်ငံခြားသားတွေက ကွန်ဒိုဘက်ကိုရွေးချယ်ကြပေမယ် ့အသေးစားနဲ ့အလတ အိမ်ခြံမြေစျေးကွက်အတွင်း တိုက်ခန််းများကိုသာ ရုံးခန်းပြုလုပ်ရန်ဌားရမ်းမူမြင့်မားလာ တွေ ့လာရတယ် “ ဟု အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူ မဝါဝါကျော်မှ ပြောသည်။

တန်ဖိုးနည်းအိမ်ယာများစွာ ပေါထွက်လာသော် လူနေထူထပ်သည့် စမ်းချောင်း၊မြေနီကုန်း၊လသာ၊လှည်းတန်ဘက်တွင်မူ အဌားစျေးနူန်းမှာ လျော့ကျမူမရှိဘဲ အဆောင်စျေးနူန်းများပင်(၃၅၀၀) မှ (၅၀၀၀၀) အထိပင် ရှိကြောင်းကို အဆောင်နေကျောင်းသူဖြစ်သူ မချစ်စနိုးမှ ပြောသည်။လက်ရှိမြန်မာပြည်၏အွန်လိုင်းစျေးကွက်သည်သာကမ အပြင်စျေးကွက်တွင်ပါ အိမ်ခြံမြေလုံးချင်းအရောင်းအဝယ်နှင့်အဌားများထက်ပင် တိုက်ခန်း၊ကွန်ဒိုများသည်သာ ပိုမိုအလုပ်သွက်လျက်ရှိကြောင်းကိုတွေ ့ရှိရလေသည်။

No comments: