Sunday, May 24, 2015

Ford ကုမ္ပဏီက မန္တလေးမြို့တွင် ပထမဆုံးသော Sales and Service Centre ဖွင့်လှစ်ခြင်းဖြင့် မြန်မာပြည်တွင် လုပ်ငန်းများဆက်လက်ချဲ့ထွင်




Ford Motor Company သည် ပြည်တွင်းအကျိုးတူစီးပွားဖက်လုပ်ငန်းဖြစ်သော Capital Automotive နှင့်ပူးတွဲ၍ ကြီးထွားလာနေသော မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းမှ တိုးပွားများပြားလာသည့် FORD ၏ customer များအား ပိုမို ကောင်းမွန်သည့်ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် မန္တလေးမြို့တွင် sales and service centre အသစ်ကို မကြာသေးမီက ဖွင့်လှစ်ပေးခဲ့ပါသည်။

၁၀ လမ်းနှင့် ရ၈ လမ်းထောင့်တွင်ရှိပြီး စတုရန်းပေ ၁၂,၀၀၀ ကျယ်ဝန်းသော အဆောက်အအုံတွင် FORD အမှတ်တံဆိပ် မော်တော်ယာဉ်များဖြစ်သည့် အမြန်မောင်း Fiesta မှသည် အကြမ်းခံ Ranger ကုန်တင်ကားငယ်အထိတိုင်အောင် မော်တော်ယာဉ် ၁၂ စီးကို ပြသထားနိုင်သည့် Showroom ပါ၀င်ပါသည်။ ထို့ပြင်ဝယ်ယူထားသူများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည့် မော်တော်ယာဉ်လေးစီး service centre လည်း ပါ၀င်ပါသည်။

 Ford Motor Company ၏ Asia Pacific Emerging Markets ဆိုင်ရာ Managing Director ဖြစ်သော David Westerman က “လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံရဲ့မော်တော်ယာဉ်လုပ်ငန်းနယ်ပယ်မှာ ကျွန်တော်တို့လည်း အတူတကွပါ၀င်ရှင်သန်လာခဲ့ကြပါတယ်။ ဒီမန္တလေးအဆောက်အအုံကို ဖွင့်လှစ်တာက တစ်နိုင်ငံလုံးရဲ့ အချက်အခြာကျတဲ့ နေရာတွေမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေတည်ရှိအောင်ချဲ့ထွင်ဖို့၊ FORD ရဲ့ Customer တွေကို ပိုမိုကောင်းမွန်တဲ့ အမှတ် တံဆိပ်၊ ကျွမ်းကျင်တဲ့ Sales နဲ့ service အပြင် FORD ကားကိုပိုင်ဆိုင်ရတဲ့အတွက် သူမတူတဲ့ပိုင်ဆိုင်မှုအတွေ့အကြုံ တွေကို ရရှိနိုင်အောင်ပံ့ပိုးပေးဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ဆင့်လှမ်းလိုက်တာဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့က အရောင်း၊ ၀န်ဆောင်မှုနဲ့ အပိုပစ္စည်းတွေကို တစ်နေရာတည်းမှာရရှိနိုင်တဲ့ ကမ္ဘာ့အဆင့်မီ အဆောက်အအုံ တစ်ခုကို ရန်ကုန်မှာဖွင့်လှစ်နိုင်တဲ့ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်သူလုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မန္တလေး customer တွေအတွက်လည်း အလားတူအဆောက်အအုံမျိုးကိုဖွင့်လှစ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။”

မန္တလေးအဆောက်အအုံတွင် FORD အသိအမှတ်ပြု ၀န်ဆောင်မှုကိုပေးစွမ်းနိုင်မည့်၊ ကား၏ချို့ယွင်းချက်လို အပ်ချက်များကို ရှာဖွေပြင်ဆင်ပေးနိုင်မည့် ခေတ်မီစက်ကိရိယာများကို တပ်ဆင်ထားပါသည်။ ထို့ပြင် FORD မော်တော်ယာဉ်အပိုပစ္စည်း အစစ်အမှန်များကိုလည်း စုံလင်အောင်ဖြည့်ဆည်းပေးထားပါသည်။

ထို့ပြင် အရောင်းနှင့် နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုကို အဆင့်အမြင့်ဆုံးဖြည့်ဆည်း ပေးနိုင်ရန်အတွက် အရောင်းဝန်ထမ်း နှင့် ၀န်ဆောင်မှုဝန်ထမ်းအားလုံးသည်လည်း အဆင့်မြင့်ပြီး၊ လက်တွေ့ကျသော ကျွမ်းကျင်မှုစွမ်းရည်ပြည့်ဝစေသည့် သင်တန်းများ တက်ရောက်ထားပြီးဖြစ်ပါသည်။ ပြည်တွင်းဝန်ထမ်းများအား ကြီးကြပ်သင်ကြားပေးမည့် ကျွမ်းကျင်ပညာရှင်Ford Master Technician တစ်ဦးလည်း မန္တလေးတွင် အခြေစိုက်နေထိုင်မည်ဖြစ်ပါသည်။

 Capital Automotive Limited  ၏ managing director ဦးခင်ထွန်းက “မန္တလေးမြို့ကြီး ဆက်လက်ဖွံ့ ဖြိုးနေတာနဲ့အမျှ ကျွန်တော်တို့ FORD customer တွေရဲ့ လိုအပ်ချက်တွေကလည်း တိုးလာမှာပါပဲ။ သီးသန့်ပုဂ္ဂလိကဝယ်ယူသူတွေအတွက် FORD လူစီးကား၊ ထရပ်ကားနဲ့ SUV ကားအမျိုးအစား အားလုံးစုံအောင် Showroom မှာ ဖြည့်ဆည်းပေးထားပါတယ်။ သတ္တုတွင်းတူးလုပ်ငန်းခွင်လိုမျိုးက commercial customer တွေအတွက်ကတော့ အချိန်ကငွေပါပဲ။ အရည်အသွေး မြင့်မားပြီး ကျွမ်းကျင်တဲ့ဝန်ဆောင်မှုက သူတို့အတွက် အလွန်အရေးပါပါတယ်လို့ ကျွန်တော့်ကိုပြောဖူးပါတယ်။ ဒီ service centre အသစ်က သူတို့ကို စိတ်အေးချမ်းမှုတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။” ဟု ဆိုပါသည်။

မန္တလေး FORD Sales and Service Centre ကို တနင်္လာမှ စနေနေ့များတွင် နံနက် ၈း၃၀ နာရီမှ ညနေ ၅း၃၀ နာရီအထိ လည်းကောင်း၊ တနင်္ဂနွေနေ့တွင် နံနက် ၈း၃၀ နာရီမှ ညနေ ၄းဝဝ ထိလည်းကောင်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၂ - ၅၆၀၁၈ သို့ ဆက်သွယ်နိုင်ပါသည်။

No comments: