Thursday, May 28, 2015

HTC ONE M9 မြန်မာနိုင်ငံတွင် ရောက်ရှိလာခြင်း မိတ်ဆက်



 မိုဘိုင်းတီထွင် ဆန်းသစ်မှုနည်းပညာနှင့် ဒီဇိုင်းလောကတွင် ဦးဆောင်နေသော htc Corporation က စတိုင်ကျ လှပသော HTC ONE M9 စမတ်ဖုန်းမိတ်ဆက်ပွဲကို မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန် Sule Shangri-La ဟိုတယ်တွင် ကျင်းပခဲ့ပါ သည်။
ကြည်လင် ပြတ်သားသော ဓာတ်ပုံများအတွက် Sapphire Glass ဖြင့်ဖုံးအုပ်ထားသော 20MP ကင်မရာ၊ သုံးစွဲသူများအတွက် ပြည့်စုံ ကောင်းမွန်သော Surrond Dolby™ Audio System ပါရှိသည့် စပီကာ မျက်နှာပြင်ရှေ့တွင် လှပစွာ တပ်ဆင်ထားပါသည်။
HTC ONE M9 မှ built-in ပါရှိသော သုံးစွဲများ စိတ်တိုင်းကျပြောင်းလဲခွင့်ရှိသည့် HTC THEME App ကိုလည်း ထက်မံဖြည့်သွင်းထားပါသည်။

HTC မှ ဒီဇိုင်းအတွက် အချိန်များစွာ အကုန်ခံထားပြီး သေးမျှင်သော အနားသပ်ကြောင့် ကျယ်ပြန့်သောမျက်နှာပြင် ပါရှိပြီး Volume နှင့် Power ခလုတ်များမှာ အသုံးပြုရလွယ်ကူရန် တစ်ဖတ်ထဲတွင် ထည့်သွင်းပေးထားပါသည်။ ကိုကျော်သူအောင် (Head of Business Development of htc Myanmar) မှ HTC ONE M9 သည် စမတ်ဖုန်းများထဲတွင် ထူးခြားသော ဒီဇိုင်းကို ပိုင်ဆိုင်ထားပါသည်ဟု ပြောကြားခဲ့သည်။
Wallpaper, icon နှင့် မြောက်များစွာသော အရာများကို သုံးစွဲသူ၏ စိတ်တိုင်းကျ ပြောင်းလဲအသုံးပြုနိုင်အောင် THEME app ကို HTC ONE M9 တွင်ထည့်သွင်းပေးထားပါသည်။ ဖုန်း၏ကိုယ်ထည်တစ်ခုလုံးကို သတ္တုဖြင့် ပြုလုပ်ထားကာ သုံးစွဲသူ ကိုင်ဆောင်ရလွယ် ကူစေရန် ဘေးပတ်ပတ်လည်တွင်သတ္တုဘောင်ကို ဖုန်းနှင့်တသားထဲကျအောင် တပ်ဆင်ထားပါသည်။
HTC မှ Simcard (၂) ခု ထည့်သွင်းအသုံးပြုနိုင်သော Desire 626G+ model တစ်မျိုးကိုလဲ ယနေ့ပွဲတွင် မိတ်ဆက်ပြသသွားခဲ့သည်။ ပါးလွှာကျစ်လစ်ပြီး တောက်ပသော အရောင်အသွေးများ ဖြင့်ထုတ်လုပ်ထားသောကြောင့် သုံးစွဲသူများ၏ လက်ထဲသို့ တန်ဖိုးများစွာ ပေးပို့နိုင်မှာဖြစ်ပါတယ်။ ကြည်လင်ပြတ်သားသော 5-inch HD မျက်နှာပြင်ပါဝင်ကာ 13MP ကင်မရာနှင့် HTC's Sense software ကြောင့်လည်းပိုမိုကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
5MP front-facing ကင်မရာနှင့်အတူ 13MP main ကင်မရာဖြင့် မေ့မရနိုင်သော အခိုက်အတန့် လေးများ အတွက် HTC Desire 626G+ မှ လှပသော ဓာတ်ပုံလေးများကို တောက်ပသော 5-inch မျက်နှာပြင်ပေါ်တွင် ကြည့်ရှူခံစားနိုင်ပါသည်။ ပါးလွှာ၍ အရောင်စုံသော ဒီဇိုင်းများနှင့်အတူ သုံးစွဲသူ၏ စတိုင် ကိုလည်း ပိုမိုစမတ်ကျအောင် ပြုလုပ်ပေးပါသည်။ အစွမ်းထက်လှသော octa-core processor ဖြင့် multimedia အတွက်လည်း သုံးရချောမွေ့လွယ်ကူအောင် နောက်ဆုံးပေါ် ဒီဇိုင်းဖြင့် Social Update များကို HTC's Blinkfeed ကို လက်ညိုးတစ်ချောင်းထဲဖြင့် အသုံးပြုနိုင်ပါသည်။







No comments: