Sunday, May 10, 2015

အခမဲ့ကြော်ငြာ ၀က်ဘ်ဆိုက်များတွင် ဖက်ရှင်နှင် ့အလှအပဆိုင်ရာကဏ္ဍမှ ဦးဆောင်လျက်ရှိ

 

               
 အွန်လိုင်းစျေးကွက်တွင် မြောက်များစွာသော          အွန်လိုင်းစျေးဆိုင်များ ပေါ်ထွက်လာသည်နှင့်အမျှ      အွန်လိုင်းလုပ်ငန်းများ သည်    အပြင်စျေးကွက်ထက်ပင် ဆိုင်ပေါင်းမြောက်များစွာ  ပေါ်ပေါက်လာကြောင်း တွေ ့ရှိလာရလေသည်။ (၂၀၁၄) ခုနစ်တွင် အွန်လိုင်းစျေးဆိုင်ပေါင်း  (၂၀၀)  ကျော်သာ ရှိသော်လည်း လက်ရှိ အချိန်တွင်  ( ၈၀၀ ) ကျော်အထိ များပြားလာကြောင်း  တွေ ့ရှိရသည်။



မြန်မာပြည်၏    အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်များသည်   လူငယ် အွန်လိုင်းစျေးဆိုင်များအတွက်    ထပ်မံချဲ ့ထွင်နိူင်သည့် စျေးကွက်တစ်ခုဖြစ်သည်။

Ads.com.mm ၏ ဝက်ဘ်ဆိုက်၏  ပြောရေးဆိုခွင့်ရှိသူ  Mr Elijah Htang မှ  “ မြန်မာပြည်ရဲ ့အွန်လိုင်းစျေးကွက်တွေ ကတဖြည်းဖြည်းမြင့် တတ်လာတာတွေ ့ရတယ်။ကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာ ဆိုအိုင်ဒီနဲ့ပါတ်သက်တဲ ့ တပါတ်ရစ်ပစ္စည်းတွေကို ရောင်းဝယ်လာရာ ကနေ ခုချိန်ဆို အွန်လိုင်းပေါ်ကနေ ဖက်ရှင်ဆိုင်ကြီးတွေက သူတို့ပစ္စည်းကို ကျယ်ကျယ်ပြန့်ပြန် ့ကြော်ငြာလာတာကို တွေ့ ရှိလာရပါတယ်။ ကျွန်တော်တို ့ဝက်ဘ်ဆိုက်ရဲ့ ဖက်ရှင်နှင့် အလှအပကဏ္ဍ မှာ ပစ္စည်းပေါင်း ( ၅၃၅၃) ရှိပြီး အိုင်တီ နဲ ့ဆက်စပ်ပစ္စည်းများက ( ၅၁၉၇) ရှိပါတယ်” ဟု ပြောသည်။

မြန်မာပြည်၏အွန်လိုင်း Facebook Page ပေါင်း (၈၀၀) ကျော်ခန်းတွင် (၄၈၀) ကျော်မှာ ဖက်ရှင် အလှအပဆိုင်ရာ ဆိုင်များဖြစ်ပြီး (၁၂၀) ခန့်မှာ အိမ်ခြံမြေဆိုင်ရာ ဖြစ်ပြီး( ၉၀) ကျော်မှာ ကားအရောင်းအဝယ် page များဖြစ်ကြောင်း Ads.com.mm ၏ စစ်တမ်းများအရ သိရသည်။အွန်လိုင်းဖြင့် စျေးဝယ်ရသည်ကိုကြိုက်နှစ်သက်သည့်လူငယ်များမှာ (၅၃) ရာခိုင်နူန်း ခန် ့ရှိပြီးအပြင် စျေးဝယ်ထွက်ရသည်ကို  သဘောကျနှစ်ခြိုက်သူ (၄၇) ရာခိုင်နူန်းခန် ့ ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ၀က်ဘ်ဆိုက်မှာတော့ အဝတ်အထည်တစ်မျိုးတည်းကိုပဲ ၂ သောင်းကျော်လောက် ရှာဖွေဝယ်ယူနိုင်ပါတယ်။ ရောင်းချသူတွေရဲ့အဆိုအရ နောက်ပိုင်းမှာ အကျင်္ ီနဲ့ ဖက်ရှင်အလှအပဆိုင်ရာ ပစ္စည်းတွေကို ယခု ထက် ပိုမိုရောင်းချလိုတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ယခုအချိန်မှာ လျှှပ်စစ်ပစ္စည်း၊ မိုဘိုင်းဆက်စပ်ပစ္စည်းများက ၀ယ်လိုအား များနေ ဆဲဖြစ်တာကြောင့် ရောင်းအားဆက်လက်မြင့်တက်လျက်ရှိနေပါတယ်” Kaymu.com.mm မှ Public Relations Manager ကိုသက်နောင်ဝင်းက ဆိုသည်။

အွန်လိုင်းစျေးဝယ်ရသည်ကို     မြတ်နိူးသူတစ်ဦးဖြစ်သည့် နန်းလောင်လမ်း မှ “အွန်လိုင်းကစျေးဝယ်ရတာကို အဓိကကြိုက ရတဲ့အချက်က ကိုယ်ကြိုက်တဲ ့ဖက်ရှင်လေးတွေကို စိတ်ကြိုက်မွှေပြီးရှာလို့ရတယ်။ စိတ်ကြိုက်တွေ့ရင် အိမ်တိုင်ရာ ရောက်ပို့ပေးတယ်လေ Delivery Fee ပေးရတာလဲ အများကြီးမပေးရတော့ သဘောကျတယ်။ အချိန်ကုန်သက်သာတယ် လူမပင်ပန်းဘူးလေ ။အဲဒီအချက်လေးတွေကြောင့် သဘောကျတာပါ” ဟုပြောသည်။

No comments: