Sunday, May 24, 2015

တပါတ်ရစ်ကားစျေးကွက်အတွင်းရောင်းလိုအားအမြင့်ဆုံးအဖြင့် Honda Fit ကားများဦးဆောင်နေ


 မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည် ့ Ads.com.mm ၏ ကားကြော်ငြာကဏ္ဍတွင်   Honda   အမျိုး အစားဖြစ်သည် ့ Fit များက ရောင်းလိုအားအမြင့်ဆုံးဖြစ်သည့် ကားအမျိုးအစားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းနောက်တွင် Toyota အမျိုးအစားဖြစ်သည့် Wish နှင့် Mark 2 အမျိုးအစား တို့မှ ရပ်တည်နေကြောင်း သိရသည်။

                                မြန်မာပြည်၏ အခွန်နှင့်ပါတ်သက်သည့်ဥပဒေများနှင့် နေရာဒေသဆိုင်ရာ ဥပဒေသစ်များကြောင့်   ကားအရောင်းအဝယ်ကဏ္ဍသည်   (၂၀၁၅) တွင် အကျဘက်၌ အနည်းငယ် ဦးတည်နေသည်။ အလဲအထည်ကားများနှင် ့လုပ်ငန်းသုံးယာဉ်များသာ အရောင်းအဝယ်ဖြစ်ကာ  ဇိမ်ခံကားများမှာ  အရောင်းများသာရှိပြီး  ၀ယ်လက်များနည်းနေကြောင်းကိုတွေ ့ရှိလာရသည်။ အွန်လိုင်းကြော်ငြာဝက်ဆိုက်ဘ်များဖြစ်သည့်  Ads.com.mm တွင်လည်း ကားရောင်းဝယ်မူကဏ္ဍတွင ် ကားများပိုမို ရောင်းအားများလာကြောင်းကို  Ads.com.mm ၏     ပြောရေးဆိုခွင့်ရှိသူ Mr Elijah Htang  မှ      “ (2015) ခုနှစ်နှစ်ဆန်းပိုင်းတွေ မှာ ကားစျေးတွေ ကတဖြည်းဖြည်းကျလာတယ် ဒါပေမယ် ့ဝယ်လက်တွေက နည်းနေတယ်။ လက်ရှိအချိန်မှာ လုပ်ငန်းသုံးယာဉ်တွေ ပိုပြီး ရောင်းအားကောင်းနေတယ်။ဇိမ်ခံကားတွေက အလဲအလည် အလုပ်တွေက ပိုပြီး အလုပ်ဖြစ်လာတာကိုတွေ ့ရပါတယ်။ ကျွန်တော့်တို ့ဝက်ဘ်ဆိုက်ရဲ့ ရောင်းလိုအား အမြင့်ဆုံး တပါတ်ရစ်ကားအမျိုးအစားတွေမှာ Toyota ဖြစ်ပြီးသူ ့နောက်မှာ Honda နှင့် Nissan တို ့ကသူ ့နောက်မှာ ရပ်တည်နေ တာကိုတွေ ့ရမှာပါ “ ဟုပြောသည်။

                                မြန်မာပြည်၏ ကားအရောင်းတန်းမှ ကိုကျော်မြင့်မှ “ ကျွန်တော်ဒီလောကထဲမှာ အလုပ်လုပ်လာတာ ဒီနှစ်က အပြောင်းအလဲ များတယ်။ခါတိုင်းနှစ်ဆို မြန်မာနှစ်ကူးနီးတာတို့ ပြီးတာတို ့ဆိုရင် ရောင်းအားတွေနှင့် ၀ယ်လက်တွေက အပြိုင်ဖြစ်နေတယ်။ရောင်းလိုအားက များနေပြီးဝယ်လိုအားက ပါးနေတယ်။တပါတ်ရစ်ကားထဲကဆို လုပ်ငန်းသုံးကားအရောင်း အဝယ်ဖြစ်တယ်။ဇိမ်ခံကားတွေနှင့် ရိုးရိုးအိမ်စီးကားတွေ ကအလဲအလည်နှင် ့အလိုက်လုပ်တာလေးတွေတော့် များတယ်။ ကားအသစ်ရောင်း ၀ယ်တဲ့ နေရာမှာ အဝယ်ကတော်တော်အေးနေပါသသည်။ “ ဟုပြောသည်။

                 မြန်မာပြည်၏လက်ရှိ   အွန်လိုင်းစျေးကွက်တွင် ကားအရောင်းအဝယ်ကဏ္ဍတွင် ရောင်းလိုအားမြင့်တတ်ပြီး    ၀ယ်လိုအားမြင့်တတ်သောစျေးကွက်တစ်ခုဖြစ်သော်လည်း လူထပ်သိပ်သည်းသည် ့  ရန်ကုန်ကားစျေးကွက်တွင် ကား ပါကင်များကို ကျယ်ကျယ်ဝန်းဝန်းဖြင် ့ကားပိတ်ဆို ့ မူများဖြစ်သည့်ပြသာနာ ကို ဖြေရှင်းနိူင်လျှင် ရောင်းအားများမြင့်တက် လာနိူင်ကြောင်းကို စီးပွား ကျွမ်းကျင်သူများမှ   သုံးသပ်ထားသည်။
Ads.com.mm သည် မြန်မာပြည်၏    နံပါတ်(၁) အခမဲ့ကဏ္ဍစုံကြော်ငြာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေ ၊ကား ၊အလုပ်အကိုင်မှ စသောအမျိုးအစားစုံလင်သော ပစ္စည်းမျာ း ၀န်ဆောင်မူများကို   ယင်းဝက်ဘ်ဆိုက်တွင်   အခမဲ့ ကြော့်ငြာတင်၍ရောင်းချနိူင်သည်။၀န်ဆောင်ခများ ၊ပွဲစားများမလိုအပ်သည် ့အတွက်     ရောင်းဝယ်မူမှ ရရှိလာသော   အကျိုးအမြတ်ကို အပြည့်အဝ ခံစားရရှိနိူင်ပါသည်။ Ads.com.mm သည် Rocket Internet ၏ venture တစ်ခုဖြစ်ပြီး House.com.mm ,Motors.com.mm , House.com.mm , Kaymu.com.mm & Shop.com.mm တို ့ဖြင့် မြန်မာပြည်တွင်း Partner အဖြစ် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။






No comments: