Sunday, May 24, 2015

UPS မှ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများအားတိုးချဲ့



ယနေ့တွင် UPS® (NYSE:UPS) မှ မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ် သြဂုတ်လမှ စတင်ဝန်ဆောင်မှုပေးလာခဲ့သည့် လေကြောင်းနှင့် ရေကြောင်း ကုန်စည်ပို့ဆောင်မှုလုပ်ငန်းများကို ပြည့်စုံစေမည့် အမြန်ချောပို့ဝန်ဆောင်မှု (Express Delivery) နှင့် Contract Logistics ဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ဝန်ဆောင်မှုထပ်မံတိုးချဲ့လိုက်ပြီကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံသည် အဆင့်အတန်းမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းသို့ တက်လှမ်းရန် ဆောင်ရွက်နေရာ ဝန်ဆောင်မှု သုံးစွဲသူများသည် စုံလင်လှသည့် ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ (Logistics Solutions) ကို ယခုအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

UPS အာရှဖစိဖိတ်ဒေသ၊ တောင်အာရှဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Jim O’Gara က “UPS အနေနဲ့ လည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ၊ ကမ္ဘာ့စျေးကွက်နှင့်ချိတ်ဆက် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကို  စျေးကွက် ဖွင့်လှစ်ပေးလိုက်တဲ့ မြန်မာ့စီးပွားရေး အကူးအပြောင်း ကာလမှာ ပါဝင်လုပ်ကိုင် ရတော့မှာ ဖြစ်တဲ့အတွက် အလွန်ကို စိတ်လှုပ်ရှားမိပါတယ်။ စီးပွားရေးအဆက် မပြတ် ဖွံဖြိုးတိုးတက်ဖို့အတွက် ကုန်သွယ်ခြင်းက အဓိက ကျတဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီလိုတိုးချဲ့လိုက်တဲ့ ဝန်ဆောင်မှုတွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အပြိုင်အဆိုင်လုပ်ကိုင်နိုင်မည့် အကျိုးကျေးဇူးကို ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်စီမံခန့်ခွဲမှု (logistics) မှတဆင့် ဖန်တီးနိုင်အောင် အထောက်အပံ့ ပေး မယ့် ကျွန်တော်တို့ရဲ့ကတိကဝတ်ကို အားသစ်လောင်းရာလည်း ကြပါတယ်” ဟု ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော သုံးနှစ်တာကာလတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံ၏ တိုးမြှင့်လာသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းခင်းပေးခဲ့ပါသည်။ ယင်းသို့ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ကျော်ရရှိနိုင်ရန်အတွက် မျှော်လင့်ထားသည်။ ထွန်းသစ်စပြုလာကြသော ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းများ တွင် လုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ရထားသည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာများကို ပြည်တွင်းမှလုပ်ငန်းများနှင့် အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ကူညီဖြေရှင်းပေးမည့် ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင်စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ(Logistics Solutions) လိုအပ်ပါသည်။ UPS ၏ ကုန်ပစ္စည်းထောက်ပံ့ ပို့ဆောင် စီမံခန့်ခွဲရေး ဝန်ဆောင်မှုများ (Logistics Solutions) သည်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းသို့ တက်လှမ်းမည့် ပြည်တွင်းမှအသေးစား စီးပွားရေးလုပ်ငန်းများ အတွက်လည်း အထောက်အပံ့ပေး ကူညီနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အနေနှင့်လည်း မြန်မာနိုင်ငံပြည်တွင်း၊ပြည်ပပို့ဆောင်မှု တို့အတွက် UPS မှ Worldwide Express services ကိုအသုံးပြုကာ  အာရှ၊ ဥရောပ နှင့် အမေရိကန် တလွှားသို့ သုံးရက်အတွင်းအချိန်တိုတို  ကူးပြောင်းပို့ဆောင်ပေးနိုင်မည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သည်။ UPS ၏ ဝန်ဆောင်မှုလုပ်ငန်းမှ အကောက်ခွန်လုပ်ငန်းစဉ်များ ရှင်းလင်း ဆောင်ရွက်ပေး သည့် ဌာန (In-house Customs Clearance)နှင့် အာမခံဖြင့်အိမ်တိုင်ရာရောက် ပို့ဆောင်သည့်ဝန်ဆောင်မှု (Guaranteed Door-to-Door Delivery) ကို နိုင်ငံဒေသပေါင်း ၂၂၀ ကျော်တို့တွင်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ဆက်လက်၍ O’Gara ကလည်း “မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့လိုက်တာဟာ အာရှရဲ့ ဖွံ့ဖြိုးစ စျေးကွက်တွေမှာ UPS ရဲ့ ဝန်ဆောင်မှုကို ချဲ့ထွင်လိုက်ခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဒေသ က မောင်းနှင်နေတာဖြစ်သလို ဒေသတွင်း စီးပွားရေးအရှိန်အဟုန်မြင့်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ အချက်အချာကျတဲ့ နိုင်ငံများဖြစ်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့အပြင် အခြားအာဆီယံစျေးကွက်တွေနဲ့ နယ်နိမိတ်ခြင်းနီးစပ်နေခြင်းတို့နဲ့အတူ စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်ကူညီထောက်ပံ့ပေးသွားမှာပါ။” ဟုပြောကြားသွားပါသည်။

No comments: