Tuesday, August 4, 2015

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည့် Myanmar Connect 2015 ကို စက်တင်ဘာလ ၁၅ရက် နှင့် ၁၆ရက်နေ့ တို့တွင် ကျင်းပသွားမည်



Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲအား (၂၀၁၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ နှင့် ၁၆၊ နေပြည်တော်) ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည်ဖြစ်ကြောင်းကို Capacity Media (Euromoney Institutional Investor ၏ အဖွဲ့ဝင်)မှ ဂုဏ်ယူစွာဖြင့်ကြေညာလိုက်ပါသည်။ တတိယအကြိမ်မြောက် ကျင်းပသည့် Myanmar Connect ထိပ်သီးဆွေးနွေးပွဲသည် မြန်မာနိုင်ငံဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် အထင်ရှားဆုံး အခမ်းအနားဖြစ််ပါသည်။


ယခင်နှစ်များကဲ့သို့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MCIT) နှင့် စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဦးစီးဌာနတို့ တက်ရောက်ကြမည့် ဆုချီးမြှင့်ပွဲအခမ်းအနားကို လည်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆက်သွယ်ရေးကဏ္ဍအနာဂတ်နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲအချိန်အခါသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် မိုလ်ဘိုင်းဆက်သွယ်ရေးအော်ပရေတာအဖြစ် နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများမှ အဆိုပြုလွှာများကို တရားဝင်ဖိတ်ခေါ် ထားပြီးဖြစ်သည့် အရေးကြီးသည့်အခိုက်အတန့်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၌ မည်သည့် လုပ်ငန်းစီမံကိန်းများတွင်မဆို အစိုးရ၏ ပူးပေါင်းပါဝင်မှုတို့သည် ၎င်းလုပ်ငန်းများအောင်မြင်ဖို့ရာအတွက် အရေးပါလှသည်။ သို့ဖြစ်ပါ၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း နှင့် စာတိုက်နှင့် ကြေးနန်းဦးစီးဌာန တို့၏ မိန့်ခွန်းများသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်ရည်ရွယ်ပြီး တက်ရောက်ကြသူများအတွက် အထူးအကျိုးရှိစေမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းကြီးများ၏ ပြိုင်ဆိုင်မှုပထမနှစ်အတွင်း တွေ့မြင်ခဲ့ရသည့် တိုးတက်မှုများ၊ ယခင်ကျင်းပပြုလုပ်ခဲ့သော Myanmar Connect ထိပ်သီးဆွေးနွေးပွဲအခမ်းအနား နှစ်ကြိမ်တို့တွင် ဖော်ဆောင်ခဲ့သော လမ်းကြောင်းများနှင့်အညီ ၂၀၁၅ ဆွေးနွေးပွဲနယ်ပယ်ကို မြန်မာနိုင်ငံဆက်သွယ်ရေးဂေဟစနစ်၏ ကဏ္ဍများကို ခြုံငုံမိစေရန်နှင့် အမြတ်အစွန်းရနိုင်မည့် အခွင့်အလမ်းအားလုံးကို ရှာဖွေဖော်ထုတ်ရန် တိုးချဲ့လုပ်ဆောင်မည်ဖြစ်သည်။
 မဟာဗျူဟာ၊ အခြေခံအဆောက်အအုံ နှင့် ၀န်ဆောင်မှုများ အပေါ်ဦးတည်ချက်ထားသည့် Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲသည် ယမန်နှစ်က မိုဘိုင်းဖုန်းကိုင်ဆောင်သူ ၈၇ ဒသမ ၄ ရာခိုင်နှုန်းတိုးပွားလာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းဖုန်းထိုးဖောက်မှု ၁၉ ဒသမ ၉ ရာခိုင်နှုန်း* အထိရောက်ရှိလာခဲ့သည့် ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ အလျင်အမြန် အသွင်ပြောင်းမှုကို သုံးသပ်အကဲဖြတ်မည့် ဦးဆောင်ဆွေးနွေးသူများ တက်ရောက်ကြမည်ဖြစ်သည်။
ထို့ပြင် ငါးနှစ်တာအတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်း မိုဘိုင်းဖုန်းအသုံးပြု နိုင်မည့် 3G ကွန်ရက်တစ်ခု တည်ဆောက်ရန် နိုင်ငံတကာနှင့် ပြည်တွင်းမှလိုင်စင်ရရှိထားသူ နှစ်ဖက်စလုံးက ဆောင်ရွက်နေ ချိန်တွင် ကမ္ဘာ့အလျင်မြန်ဆုံး မိုဘိုင်းလုပ်ငန်းဝန်ဆောင်မှုတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းထားသည့် အရေးပါသောအခွင့်အလမ်းများကိုလည်း Myanmar Connect 2015 က ဆန်းစစ်သွားမည်ဖြစ်သည်။
Myanmar Connect 2015 သည် မိုဘိုင်းကွန်ရက်လိုင်စင်ရှိထားသည့် လုပ်ငန်း လေးခုစလုံးမှ အဓိကကျသူ များ အတူတကွတက်ရောက်ကြမည့် တစ်ခုတည်းသောဆွေးနွေးပွဲလည်း ဖြစ်သည်။ Takashi Nagashima (အမှုဆောင်အရာရှိချုပ်၊ MPT/KDDI/Sumitomo Corporation)၊ ဦးရှိန်းသူအောင် (အမှုဆောင်အရာရှိချုပ်၊ ရတနာပုံ တယ်လီပို့တ်)၊ အကြီးတန်းကိုယ်စားလှယ်တစ်ဦး (Ooredoo မြန်မာ)နှင့် Petter Furberg (အမှုဆောင်အရာရှိချုပ်၊ တယ်လီနောမြန်မာ)တို့က မြန်မာနိုင်ငံတွင် နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းများ၏ ပထမနှစ်ပြိုင်ဆိုင်မှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ပြီး အနာဂတ်ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ၄င်းတို့၏အတွေးအမြင်များကို မျှဝေသွားမည်ဖြစ်ပါသည်။
Myanmar Connect 2015 တွင် ဆွေးနွေးကြမည့် အခြားအကြောင်းအရာများ:
Edwin Vanderbruggen (Partner, VDB Loi) မှ မြန်မာနိုင်ငံတွင် နောက်ဆုံးထုတ်ပြန်ထားသည့် ဆက်သွယ်ရေးလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှ ဖြစ်ပေါ်လာသည့် ဖြစ်နိုင်ဖွယ်ရာများ၊ အခွင့်အလမ်းများနှင့် အကန့်အသတ်များ အပါအဝင် မြန်မာ့ဆက်သွယ်ရေးလိုင်စင် လျှောက်ထားရာတွင် မည်သို့လျှောက်လှမ်းရမည်ဆိုသည်နှင့် စပ်လျဉ်းပြီး လမ်းညွှန်ဆွေးနွေး သွားမည်ဖြစ်ပါသည်။
Jan Wassenius (ဒုတိယ ဥက္ကဌ၊ Ericsson မြန်မာ)၊ Shawn Xu (ဒုတိယ အမှုဆောင်မန်နေဂျင်းဒါရိုက်တာ၊ Myanmar Fibre Optic Communication Network Co Ltd)၊ Global Technology Company Limited မှ အကြီးတန်းကိုယ်စားလှယ်တစ်ဦးတို့ အပါအဝင် ယင်းလုပ်ငန်းနယ်ပယ်ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် ချိတ်ဆက်ပြီးလုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေခဲ့ရသည့် အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
ထို့ပြင် Lord John Edgecumbe Shazell (အမှူဆောင်အရာရှိချုပ်၊ Teleconsult International Pte Ltd)၊ ဒေါက်တာ မျိုးအုန်း (အမှူဆောင်အရာရှိချုပ်၊ Campana Group)၊ Alexandre Pébereau (အမှူဆောင်အရာရှိချုပ်၊ Orange Carriers LLC)၊ Ho Cong Lam, (ဒုတိယမန်နေဂျင်းဒါရိုက်တာ, VNPT International)တို့ကလည်း မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းချိတ်ဆက်မှုတိုးတက်ရေးကို ရည်ရွယ်သည့် အနာဂတ်စီမံကိန်းများနှင့်ပတ်သက်သည့် အမြင်များကို လေ့လာသုံးသပ်ဆွေးနွေး ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲအစီအစဉ်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ www.capacityconferences.com/Myanmar-Connect-Agenda
Myanmar Connect 2015 သို့ တက်ရောက်ရန် စိတ်ဝင်စားပါက အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ www.capacityconferences.com/Myanmar-Connect-Register.
Myanmar Connect 2015 အတွက် စာရင်းပေးသွင်းခြင်း သို့မဟုတ် စပွန်ဆာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ မေးမြန်းစုံစမ်းလိုပါက Alex Grose, Director of Event Sales, Capacity Media - alex.grose@capacitymedia.com +44 (0) 20 7779 7230 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

No comments: