Friday, August 14, 2015

Kaymu မှ ရေဘေးသင့်ပြည်သူများအတွက် အွန်လိုင်းမှတစ်ဆင့်လှူဒါန်းနိုင်ရန် အစီအစဉ်တစ်ရပ် ပြုလုပ်မည်




မြန်မာနိုု်င်ငံ၏ ဦးဆောင်အွန်လိုင်းစျေးကွက်တစ်ခုဖြစ်သော Kaymu.com.mm မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများ အတွက် အွန်လိုင်းမှတစ်ဆင့်လှူဒါန်းနိုင်ရန် အစီအစဉ်တစ်ရပ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ၄င်းအစီအစဉ်သည် ရန်ကုန်မြို့တွင်ရှိသော Kaymu အဖွဲ့မှ ရေဘေးတွင် ကြုံတွေ့ခဲ့ရသူများကို လွယ်ကူသက်သာ မြန်ဆန်သောနည်းလမ်းဖြင့် ကူညီပေးရန် ရည်ရွယ်ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။


လှူဒါန်းလိုသူများအနေဖြင့် http://kaymu.com.mm/savemyanmar သို့ ၀င်ရောက်ပြီး ငွေကျပ် ၁ သောင်း၊ ကျပ် ၂ သောင်း၊ ကျပ် ၅ သောင်း၊ ကျပ် ၁ သိန်း စသဖြင့် သတ်မှတ်ထားသော listing များထဲမှ Kaymu တွင် ပစ္စည်းဝယ်သကဲ့သို့ပင် ၀ယ်ယူလှူဒါန်းနိုင်ပါသည်။ ယင်းသို့ ၀ယ်ယူလှူဒါန်းမှုများကို အခမဲ့လာရောက်ကောက်ခံရန် စီစဉ်ထားပြီး လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း ပေးအပ် သွားမည် ဖြစ်ပါသည်။

လှူဒါန်းရရှိသော ငွေကြေးများအားလုံးကို ရေဘေးသင့်ပြည်သူများကိုသာပေးလှူသွားမည်ဖြစ်ပြီး Kaymu ဘက်မှ လာရောက်ကောက်ခံပေးမှု အတွက် မည်သည့်ငွေကြေးမျှကောက်ခံမည် မဟုတ်ပါ။
လှူဒါန်းမှုများအားလုံးကို မြန်မာနိုင်ငံရှိ ရေဘေးဒုက္ခကယ်ဆယ်ရေးအတွက် ရည်ညွှန်းပြုလုပ်သော Save the Children (အစိုးရမဟုတ်သော အဖွဲ့အစည်း)၊ Facebook fundraiser campaign တွင် ထည့်ဝင် လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ်ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/myanmarfloodrelief/


No comments: