Wednesday, August 12, 2015

မြန်မာနိုင်ငံတွင် Kaymu မှ ပထမဆုံးအွန်လိုင်းလက္ကားရောင်းဝယ်ရေးစျေးကွက် စတင်ဖွင့်လှစ်





Kaymu.com.mm မှ မြန်မာနိုင်ငံရှိ အွန်လိုင်းရှော့ပင်းပြုလုပ်နေသူ၊ ယခုမှအွန်လိုင်းရှော့ စတင်မည့်သူနှင့် စွန့်ဦးလုပ်ငန်းရှင်များ အတွက် စျေးကွက်အတွင်းလျင်မြန်စွာထိုးဖောက်ဝင်ရောက်နိုင်ရန်၊ ငွေလည်ပတ်မှုပိုမိုလျင်မြန်လာစေရန်နှင့် အခြားအကျိုး ကျေးဇူးများစွာအတွက် ပထမဆုံးအွန်လိုင်းလက္ကားရောင်းဝယ်ရေးစျေးကွက် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

အွန်လိုင်းမှတဆင့်လက္ကားရောင်းဝယ်ခြင်းလုပ်ငန်းဖွင့်လှစ်လိုက်ခြင်းနှင့်ပတ်သက်ပြီး Kaymu.com.mm မှ Country Manager ဖြစ်သူ Max Langer မှ “အွန််လိုင်းလက္ကားရောင်းဝယ်ခြင်းလုပ်ငန်းဟာ ကြီးမားကျယ်ပြန်တဲ့စျေးကွက်တစ်ခုတည်းပေါ်မှာ ကုန်ပစ္စည်း မြောက်များစွာကို လက္ကား ရောင်းချထားနိုင်အောင် စီစဉ်ပေးထားတယ်။ ယခုဆိုရင် Kaymu Myanmar မှာ လက္ကား ကုန်ပစ္စည်းပေါင်း ၁ ထောင်ကျော်ကို တွေ့မြင်ဝယ်ယူနိုင်ပါပြီ။ အွန်လိုင်းလက္ကားရောင်းဝယ်ခြင်းလုပ်ငန်းဟာ ကုန်ပစ္စည်းကို သွားရောက် ယူဆောင်ရတဲ့ အချိန်ကုန်ကျမှုကို သက်သာစေသည့်အပြင် ကုန်ပစ္စည်းစျေးနှုန်းတွေကိုလည်း တစ်နေရာတည်းမှာ နှိုင်းယှဉ်နိုင်မှာပါ။ ကျယ်ပြန်တဲ့ စျေးကွက်အတွင်းက စျေးအသက်သာဆုံးနဲ့ အမျိုးမျိုးသော ကုန်ပစ္စည်းတွေကို ကျေးလက် ဒေသတွေက အစတွေ့ရှိ ၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ Kaymu application လည်း ထွက်ရှိထားတဲ့အတွက် သင့်မှာစမတ်ဖုန်း တစ်လုံးရှိရုံနဲ့ ရောင်းချခြင်း ၀ယ်ယူခြင်းအားလုံးကို ပြုလုပ်နိုင်မှာပါ” ဟု ပြောကြားခဲ့သည်။

ကုန်ပစ္စည်းများကို ပြင်ပရှိလက္ကားပေါက်စျေးများထက် ပိုမိုသက်သာစေဖို့ရန် ရည်ရွယ်ထားပြီး ၀ယ်ယူသူများအတွက် ရောင်းချသူများစွာထံမှ ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် အမျိုးမျိုးသောကမ်းလှမ်းမှုတွေ မြင်နိုင်အောင် ပြသပေးထားရာ မိမိ နှစ်သက်ရာကို ရွေးချယ် ၀ယ်ယူနိုင်မှာပဲဖြစ်သည်။ Kaymu အွန်လိုင်းလက္ကားစျေးကွက်တွင် ရောင်းချသူလိုပါက ရောင်းချသူ အနေဖြင့် ကုန်ပစ္စည်း in-stock ရှိရမည်ဖြစ်ပြီး pre-order ဖြစ်လို့မရကြောင်း၊ အနည်းဆုံး ကုန်ပစ္စည်း package ဟာ ၁၀ ခုရှိရမည်ဖြစ်ကာ မိမိရောင်းချမည့် ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး package ၅၀၊ ၁၀၀ စသည်ဖြင့်ရောင်းချနိုင်ကြောင်း သိရသည်။

လက္ကားရောင်းဝယ်ရေးမှာရောင်းချပါက ကုန်ပစ္စည်းပို့ဆောင်မှုကို ကိုယ်တိုင်ပစ္စည်းပို့ဆောင်လျှင်သော်လည်းကောင်း၊ Kaymu ရှိ Logistic ကုမ္ပဏီများကို အသုံးပြု ပို့ဆောင်လျှင်သော်လည်းကောင်း ပို့ဆောင်နိုင်ပါသည်။ အွန်လိုင်းလက္ကားရောင်းဝယ်ရေး၏ အားသာချက်အနေဖြင့် လက်လီထက် ပစ္စည်းများများရောင်းချရခြင်း၊ တစ်ခုချင်းစီရောင်းချခြင်းသည် အမြတ်၊ ငွေလည်ပတ်မှု၊ ကြန့်ကြာနိုင်ပြီး အရေအတွက်များများ ရောင်းချခြင်းဖြင့် ငွေလည်ပတ်မှုကို ပိုမိုမြန်ဆန်စေကာ ပစ္စည်းအသစ်အဆန်းများကိုလည်း ပိုမိုတင်သွင်းရောင်းချနိုင်မည်ဖြစ်သည်။
ယခုဆို ကုန်ပစ္စည်းပို့ဆောင်မှုကျသင့်ငွေကို ၀က်ဘ်ဆိုက်မှာပစ္စည်းဝယ်ယူလိုက်တာနှင့်တပြိုင်နက် မိမိနေထိုင်ရာဒေသပေါ် မူတည်ပြီး အလိုအလျောက် တွက်ချက်ပေးတဲ့ စနစ်ကို အသုံးပြုထားပေးသည်။ သို့ရာတွင်လည်း များစွာသော ကုန်ပစ္စည်းများ အတွက်ကိုဖြင့် Kaymu မှ ရောင်းချသူများက အခဲ့မဲ့ပို့ဆောင်ပေးသွားရန် ကမ်းလှမ်းထားပါသည်။

“Kaymu websit ကို လစဉ် လာရောက်လည်ပတ်သူ ၂ သိန်းကျော် ရှိပါတယ်။ ဒီအချက်က သာမန် အပြင်မှာ ဆိုင်တစ်ဆိုင် ဖွင့်တာထက်စာရင် အများကြီး အားသာချက် ရှိပါတယ်။ Offline ရောင်းချသူများ အနေဖြင့် အွန်လိုင်းမှာ အကောင်းဆုံးသော စျေးနှုန်းများနဲ့ ကုန်ပစ္စည်းများကို ရောင်းချနိုင်မှာ ဖြစ်သလို လက္ကားစျေးဝယ်နေရာ အသစ်ကိုလည်း ဖွင့်လှစ်လိုက်ပါပြီ။ Kaymu ကတော့ ဒေသတွင်း စွန့်ဦးတီထွင်များအနေနဲ့ လက်လီ၊ လက္ကား ရောင်းချမှုများနဲ့ သူတို့စီးပွားရေးကို ဖွံ့ဖြိုးဖို့ ကူညီပေးနေပါတယ်” ဟု Max Langer က ဆိုသည်။

No comments: